ကျောက်မဲ၏သတ္တိရှိသောလုပ်ရပ်
- Myat Tun Oo
- Jul 10, 2020
- 1 min read

မြန်မာပြည်မှာက နေရာတိုင်းမှာ တိုက်ပွဲဖြစ်တယ်။ တပ်နဲ့ လက်နက်ကိုင်တွေ တိုက်တယ်။ ရခိုင်မှာဖြစ်တယ်။ ကချင်မှာဖြစ်တယ်။ သူပုန်နဲ့တပ် တိုက်ကြတယ်။ ပြီးရင်သူပုန်ရဲ့ လက်ဝေခံအဖွဲ့တွေက သူပုန်ပိတ်မိရင် စစ်ပွဲရပ်လို့အော်ပြီး အစိုးရကဘာလုပ်နေလဲ ဘာညာအော်တယ်။ မီဒီယာက မြှောက်ပေးတယ်။ ဒီဖော်မြူလာနဲ့သွားနေတယ်။ ရခိုင်မှာဆို ANP က ကြိုက်တဲ့သူကိုအင်တာဗျူး တပ်ကဘာလုပ်လုပ် သူကအစိုးရကိုသာ ကြံဖန်အပြစ်တင်တယ်။ သူ့အဖေဓာတ်ခဲကိုမပြောဘူး။ မပြောရဲဘူး။
ယခုရှမ်းပြည်မှာ RCSSနဲ့တပ် တိုက်ပွဲဖြစ်တယ်။ အရပ်သားသေတယ်။ RCSS က ဓာတ်ခဲလို အရပ်သားအဝတ်နဲ့ တိုက်လေ့မရှိဘူး။ သူ့ယူနီဖောင်းနဲ့တိုက်တာ။ သူကဓာတ်ခဲထက်အဆင့်မြင့်တယ်။ ကျင့်ဝတ်ရှိတယ်။ သူက ထိုင်းကအကျင့်ကိုယူပြီး ဓာတ်ခဲဗျူဟာက ဘင်္ဂါလီဗျူဟာ။
ယခုတပ်က အရပ်သားကိုပစ်မိတယ်။ မှားပစ်တာလား ဘာလားမသိသေးဘူး။ ဒီမှာ ကျောက်မဲသားတွေကရှင်းတယ်။ သတ္တိရှိတယ်။ မဆိုင်တဲ့အစိုးရကို စွဲမသွင်းဘူး။ မအော်ဘူး။ တပ်ကိုဒဲ့ဆန္ဒပြတယ်။သွေးမကြောင်ဘူး။ တပ်ကြည့်ရပုံက ကျောက်မဲသားတွေကို လျှော့တွက်ခဲ့ပုံရတယ်။ ယခုတော့ ဟန်မဆောင်နိုင်ဘဲ တပ်သတင်းမှန်က အစိုးရမဟုတ်ဘဲ ဆန္ဒပြခေါင်းဆောင်တွေကို အရေးယူမယ်လို့ သူကရဲမဟုတ် အစိုးရမဟုတ်ဘဲ ထကြေညာရတယ်။ မအလရဲ့ မင်းသားမျက်နှာဖုံးကို ကျောက်မဲက ခွါချလိုက်တာ။
ရှမ်းပြည်မှာနေထိုင်သူ တိုင်းရင်းသားအပေါင်းအနေနဲ့ မိမိကို နှိပ်ကွပ်သောအဖွဲ့က ထောက်ခံသောပါတီနဲ့ သူ၏မဟာမိတ်ပါတီများကို မဲမထည့်ဘဲ ရှမ်းပြည်လွှတ်တော်မှာ ဖွတ်မတက်အောင်လုပ်ကြပါလို့တိုက်တွန်းလိုက်ပါတယ်။ သင့်မဲ မကွဲပါစေနဲ့။
ကျောက်မဲက သူရဲကောင်းများကိုလဲ လေးစားကြောင်း ပြောပါရစေ။ ကျောက်မဲမှသည် ရှမ်းတပြည်လုံး ဖွတ်မတက်အောင် လုပ်ဆောင်ကြပါ။
Photo credit: Tachilek News, Myanmar Now




















Comments