top of page
Search

YMBA အတွင်းအာဏာသိမ်းပွဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 7, 2019
  • 1 min read

YMBA အတွင်းအာဏာသိမ်းပွဲ

အားလုံးသိတဲ့အတိုင်း တပ်ထွက်တွေဟာ ဘုရားတွေမှာ ဂေါပကလုပ်လေ့ရှိပါတယ်။ ဂေါပကအပေါ် လူတွေရဲ့အမြင်က မတူကြပါ။ လူကောင်း ဂေါပကလဲရှိနိုင်ပါတယ်။

ဒီနေရာမှာ YMBA အသင်းရဲ့ လုပ်ရပ်ကို လေ့လာကြည့်ရအောင်။ ဦးစိန်လှအောင် YMBA အသင်းကို၁၉၀၆ တွင်ထူထောင်ခဲ့ပါတယ်။ သူက ရခိုင်သမိုင်းမှာ အစဉ်အလာရှိခဲ့သူပါ။ ဒီအသင်းဟာ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲဝင်ကာလမှာ လူကြိုက်များခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လူငယ်တွေသိပ်မသိခဲ့ပါ။ ဒီအဖွဲ့ဟာ ဖွတ်တွေ၊ တပ်ထွက်တွေနဲ့ ခရိုနီတွေရဲ့ ထိုးဖောက်တာခံခဲ့ရပါတယ်။ ဒီအသင်းရဲ့ပြဿနာတွေဟာ ၂၀၁၆ မှာ လူသိရှင်ကြား ဖြစ်လာခဲ့ပါတယ်။

ထိုအချိန်က “YMBA အသင်း ဥက္ကဋ္ဌ ဦးကျော်သိန်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးစိန်သန်း နှင့် အတွင်းရေးမှူးအပါအဝင် လူတစ်စု တို့မှ အသင်းပိုင် ငွေကြေးများအား အမျိုး မျိုးထုတ်ယူ သုံးစွဲပြီး၊ ပြန်လည်တင်ပြသော စာရင်းမရှိကြောင်း၊ စည်းရုံးရေးဆင်းမည် ဟုဆိုကာ ၎င်းတို့၏ မိသားစုများနှင့် အတူအသင်းပိုင်ကား အသင်း ပိုင်ငွေများအား သုံးစွဲကာ ဘုရားဖူးထွက်ခြင်း၊ ဗုဒ္ဓဝင် စာမေးပွဲများ တွင်လည်း ဆရာတော်ကြီးများမှ ပေးထားသည့် အမှတ် စာရင်း များအား ပြန်လည် ပြုပြင်ကာ လာဘ်ပေးလာဘ်ယူ ပြုလုပ် နေကြောင်း” YMBA အသင်း၏ ဗဟို အမှုဆောင် ဦးမြတ်စိုး (လှိုင်) က စွပ်စွဲခဲ့ပါတယ်။ ဒါကြောင့် အဲ့ဒီအချိန်မှာ အစိုးရက စုံစမ်းစစ်ဆေးရေးလုပ်ချိန်မှာ ယာယီအဖွဲ့က လူအနည်းငယ်နဲ့ အဖြစ်ညီလာခံခေါ်ပြီး ဦးတင်ဝင်းကို ဥက္ကဌတင်ခဲ့ပါတယ်။ ၂၀၁၈ ဇွန်လမှာ ယခင်နည်းအတိုင်းဦးတင်ဝင်းကို ထပ်တင်ခဲ့ပါတယ်။ သူဟာပုံမှန်ဆို ၂၀၂၀ အထိဖြစ်ပေမယ့် လက်ရှိဥက္ကဌ ဦးရဲထွန်းတက်လာခဲ့ပါတယ်။ ဦးရဲထွန်းဘယ်သူဆိုတာကတော့ စာဖတ်သူများသာ စုံစမ်းကြည့်ပါ။ အဆိုပါအဖွဲ့နဲ့ ဥက္ကဌရဲ့ တရားဝင်မှုဟာ မေးခွန်းထုတ်စရာဖြစ်ခဲ့ပြီး သူတို့ကို စိန်ခေါ်သူတွေကို တုန့်ပြန်ရအောင်သာသနာရေးဝန်ကြီး သူရဦးအောင်ကိုကို မအလကိုပေးတဲ့ဘွဲ့ကို ဇူလိုင် ၂၀၁၉ မှာပေးပြီး သူတို့ရဲ့တရားဝင်မှုကို တည်ဆောက်ခဲ့ပါတယ်။ ယခုမအလကိုပေးလိုက်တာကတော့ အခိုင်ဆုံးလုပ်ရပ်ပါ။

ဒါကြောင့်မြန်မာပြည်မှာ မဘသကိုလူခဲ့သူဟာ ဝရမ်းပြေးဖြစ်နေခဲ့တာပါ။ ယခုမအလဟာ ကမ္ဘာပေါ်မှာပြဿနာပေါင်းစုံနဲ့ စွပ်စွဲခံနေရပါတယ်။ ကမ္ဘာကို မမှုရင်ရပါတယ်။ ပြည်တွင်းမှာသူလက်ရှိတရားစွဲထားတာက ဘုန်းကြီးသုံးပါးအထက်ပါ။ အခြားပြည်သူက စွပ်စွဲတာတွေက ထားလိုက်ပါတော့။အသင်းတည်ထောင်သူ ဦးစိန်လှအောင်ရဲ့ နယ်မြေမှာဆိုရင်တော့ ပြောစရာမရှိပါ။ ဒါပေမယ့် လက်ရှိYMBA အသင်းအကြောင်း လေ့လာပြီးချိန်မှာတော့ အရာရာကို နားလည်လိုက်ပါပြီ။

Video source: KZ media, Myanmar Time, Myanmar National Portal

 
 
 

Recent Posts

See All
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

2 Comments


Myat Tun Oo
Myat Tun Oo
Oct 08, 2019

သူတို့က ဘာလာလာခိုးမဲ့သူတွေ

Like

Shwe Eain
Shwe Eain
Oct 08, 2019

နေရာတိုင်သူတို့ချည်ပဲဆရာ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page