top of page
Search

We stand with you ဆိုရာဝယ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 28, 2019
  • 1 min read

ree

We stand with you ဆိုရာဝယ်

ပြည်သူတွေက DASSK ICJ ကို သွားရှင်းမယ်ဆိုတော့ အားလုံးက ဝိုင်းထောက်ခံကြပါတယ်။ထောက်ခံပွဲတွေလဲလုပ်ကြတယ်။ ဒါကအင်မတန်ကောင်းပါတယ်။ ပြည်သူက ကြည်ဖြူတဲ့ အစိုးရကိုထောက်ခံတာ။ နားလည်ပေးလို့ရပါတယ်။ ဒီထက်ပိုလာတာကတော့ ကရင်ပြည်နယ်က ပိုစတာပါ။သူက ယူနီဖောင်းဝတ် ဝန်ကြီးသုံးပါးပုံပါ ထည့်လာပြီးတော့ ဂျင်းထည့်ဖို့ ကြိုးစားလာပါတယ်။ ဒါက ဒီပိုစတာကိစ္စလောက်မှာတောင် ဝန်ကြီးချုပ်တွေက ထွေအုပ်ကို စိတ်မချရတာကို ပြတာပါ။မတော်တဆဖြစ်တာလို့ပြောရင် အဲ့ဒီပိုစတာမှာ ICJ အား ကြိုဆိုပါ၏လို့ ပြောင်းလိုက်ရင် ထွေအုပ်ကပေးတတ်ခိုင်းမှာ မဟုတ်ပါ။ ထွေအုပ်တွေက ပါးပါတယ်။ မအပါဘူး။

ဒီနေရာမှာ ပြည်သူက We stand with you ဆိုရာမှာ DASSK ရဲ့ ခေါင်းဆောင်မှုနဲ့ အစိုးရကိုထောက်ခံတာပါ။ ဒါပေမယ့် ပြည်သူတွေက အစိုးရအမိန့်ကို မနာခံဘဲ လုပ်နေတဲ့ လုပ်ခဲ့တဲ့ အဖွဲ့အစည်းနဲ့ သူတို့ရဲ့လုပ်ရပ်တွေကို ထောက်ခံနေတာ မဟုတ်ဘူးဆိုတာပါ။ ဒါကို DASSK ကလဲ သူ့ကို ထောက်ခံရာမှာဘာသာရေး၊ လူမျိုးရေး မပါစေဖို့ မှာလိုက်တာဟာ အဘတို့အကွက်ကို ကြိုသိနေသလိုပါ။ ဒီနေရာမှာအစိုးရလုပ်သမျှဖောင်းထုလေ့ရှိတဲ့ သာလွန်ဖွတ်ထက်တို့ကလဲ ပြည်သူကို အချောင် ဩဇာဝင်ပေးတာတွေ့ရပါတယ်။ သူ့ရည်ရွယ်ချက်က ပြည်သူက အစိုးရကို ထောက်ခံမှာကို မကြိုက်တာပါ။

ပြည်သူတွေဟာ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတို့တိုင်းပြည်မှာ ထွန်းကားအောင်အနုနည်းနဲ့ ကြိုးစားနေတဲ့ မေတ္တာထားကာ ကြိုးစားနေတဲ့ DASSK ဦးဆောင်တဲ့ အစိုးရအဖွဲ့ကိုသာထောက်ခံတာပါ။

ပြည်သူတွေဟာ တရားမမျှတတဲ့၊ လွတ်လပ်မှုမပေးတဲ့ ညီမျှခြင်းမပေးတဲ့ ခြေဥကိုတော့ ထောက်ခံမှာမဟုတ်ပါ။ ထို့အတူ အစိုးရလုပ်သမျှ ဘေးထိုင်ဘုပြောနေတဲ့ အတိုက်အခံတွေ၊ လွှတ်တော်မှာ ကန့်လန့်တိုက်တဲ့ ယူနီဖောင်းဝတ်တွေ၊ မိမိသိ မိမိတတ်လုပ်နေတဲ့ သတင်းသမားတွေနဲ့ ခရိုနီတွေကိုတော့ ပြည်သူတွေက ထောက်ခံမှာ မဟုတ်ပါ။

ပြည်သူတွေက We Stand with Daw Aung San Suu Kyi ပါ။

We stand with အဘ မဟုတ်ပါလို့ အဘတို့ကို ပြောပါရစေ။

Photo credit : Peacock

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

1 Comment


Mammy Gam
Mammy Gam
Nov 30, 2019

We stand with DASSK

not. အဘ.

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page