top of page
Search

We stand with you Daw Aung San Suu Kyi

Writer: Myat Tun Oo
Myat Tun Oo
Dec 11, 2019
1 min read

We stand with you Daw Aung San Suu Kyi

ပထမဆုံးခံစားမှုက လူထုကရန်ကုန်နဲ့ မန္တလေးမှာ လမ်းပေါ်ထွက်ထောက်ခံတာကို တွေ့လိုက်ရတာဝမ်းသာမှုပါ။ ယခင်က ရာဂဏန်းလို့ပြောတဲ့ သတင်းဌာနများဟာ ယခု သောင်းချီလောက်တော့ဖြစ်လာပါပြီ။ သူက တကယ်ထွက်တဲ့ လူဦးရေကို ၁၀၀ နဲ့ စားထားပုံပါ။

ဒါပေမယ့် ဖွတ်ရဲထွဋ်ရဲ့အရေးနဲ့ တပ်ထဲကလူအချို့ ဖွတ်ပါတီဝင်အချို့ရဲ့ ရေးသားမှုတွေက ဒေါသဖြစ်စေခဲ့ပါတယ်။ သူတို့ရဲ့ အဘဂျပုကတော့ ICJ ကို ကြည့်ခဲ့ပါတယ်။ ဒီနေ့လဲ ကြည့်မယ်လို့ ပြောပါတယ်။

ဂမ္ဘီယာရဲ့ လျှောက်လဲချက်မှာ ကရင်ပြည်နယ်က အဘသုံးယောက်နဲ့ ပုံကိုသုံးပြီး သိက္ခာချတာကကရင်ပြည်နယ်က ပုံတင်တဲ့တာဝန်ရှိသူကို ဖမ်းစေချင်မိသလို သူတို့ရဲ့ စွဲဆိုချက်ဟာ အမှန်အနည်းငယ်ကို ပုံကြီးချဲ့ထားတာမှန်းသိသာပါတယ်။ ဥပမာ ဒီအင်ပုံကိုသုံးတာမျိုးက စတာပါ။

ဒါကိုဘယ်လိုတုန့်ပြန်မလဲ။ စာရေးသူတို့ရဲ့ လက်ရှိအနေအထားက ခိုးမှုကျူးလွန်ခဲ့ဖူးတဲ့ ဘိန်းစားသားဂျပုကို ပိုင်ဆိုင်ထားရတဲ့ မိခင်လိုဖြစ်နေပါတယ်။ မိမိသားက ခိုးနေကြသူခိုးဖြစ်နေလို့ ဒီအမှုမှာတကယ်မခိုးခဲ့ရင်တောင် ချေပရတာ ခက်နိုင်ပါတယ်။

စာရေးသူရေးတဲ့နေရာမှာ အထူးပြောလိုတာက ICJ အမှုဘာဖြစ်ဖြစ် DASSK ကို ထောက်ခံတယ်ဆိုတာပါ။ ဒီနေ့ ဘယ်လိုချေပမယ်ဆိုတာ နားထောင်နေပါမယ်။ ဖြစ်နိုင်ချေက မြန်မာပြည်က ရာဇဝတ်မှုတွေကို အရေးယူနေပါတယ်။ နိုင်ငံရဲ့ မူဝါဒမှာ ဒါမျိုးမရှိပါ။ အထောက်အထားရှိရင်ပေးပါဆိုတာဖြစ်နိုင်ပါတယ်။ သူတို့က ကုလအချက်အလက်ရှာဖွေရေးအဖွဲ့ကို ကိုးကားဖော်ပြပေမယ့် ဒါက အင်တာဗျူးတွေအပေါ်သာ အခြေခံထားပြီး နေရာအတိအကျ ပေးထားတာမျိုး မဟုတ်ပါ။ ဒါက စာရေးသူမြင်တဲ့ ရွှေ့လို့ရတဲ့ ဥပဒေအကွက်ပါ။ မှားရင်လဲ မှားပါမယ်။ ဒီနေ့ညနေ ၃ နာရီနောက်ပိုင်းဆိုရင်တော့ သိမှာပါ။

ထပ်ပြောပါ့မယ် ICJ က မဲပေးဆုံးဖြတ်တာမိုလို့ စိတ်ထဲဘာမှမထားပါဘူး။ နိုင်နိုင် ရှုံးရှုံးပါ။ DASSK ကို ဘာဖြစ်ဖြစ်ထောက်ခံပါတယ်။ ICJ ပြောတာကို အမေရိကန်ရော အင်္ဂလိပ်ရော လိုက်မလုပ်ပါ။ ICJ က ၁၃မဲ ၁ မဲ နဲ့ အင်္ဂလိပ်က မတရားသိမ်းခဲ့တဲ့ အမေရိကန်တပ်စခန်းရှိတဲ့ Diego Garcia ကျွန်းကို မော်ရိရှပ်ကို ပြန်ပေးခိုင်းပေမယ့် သူတို့က ပြန်မပေးခဲ့ပါ။ ဘာမှမဖြစ်ပါ။ မြန်မာက မလိုက်နာလဲ လုံခြုံရေးကောင်စီရောက်ရင် ပွဲပြတ်ပါမယ်။ ဗီတိုလုပ်ဖို့ ဆရာရှိဖို့တော့လိုပါမယ်။

DASSK လဲ ဒါကိုပြင်ပြီးမှသွားတာဖြစ်ပုံရပါတယ်။ ICJ မှာ ဘာတွေဖြစ်ဖြစ် မြန်မာပြည်သူတွေက We Stand with you Daw Aung San Suu Kyi ပါ။

Photo credit : Peacock

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page