top of page
Search

V ကိစ္စနှင့် မင်္ဂလာဆောင်ဖိတ်စာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 22, 2019
  • 1 min read

ree

အားလုံးသိတဲ့အတိုင်း V အမှုမှာ လိုအပ်ချက်တွေဟာ နေရာတိုင်းမှာ ရှိနေတာပါ။ သမ္မတလဲသိပါတယ်။ ဒါကြောင့် တရားရုံးက တရားရှင်လွှတ်ချိန်မှာ ရဲကသတင်းစာရှင်းလင်းပွဲ ထလုပ်ပုံပါ။ ဒါပေမယ့် ဇတ်လမ်းက ရှင်းလေ ရှုတ်လေ ပိုဖြစ်လာနေပါတယ်။ တမင်ရှုတ်အောင် လုပ်နေပုံပါ။ ဒီအချိန်မှာဘဲV နာမည်နဲ့ မိဘနာမည်တွေကို ထည့်ပြောတာက တမင်ဆူအောင်လုပ်လိုက်ပုံပါ။

ဒါကို တုံ့ပြန်တာကလဲ မြန်တာတွေ့ရသလို စနစ်တကျနဲ့ သမ္မတကို ဦးတည်နေတာတွေ့ရပါတယ်။ ICJ မှာ သွားရှင်းတဲ့ DASSK ကိုပြည်သူတွေက ထောက်ခံချိန်မှာ အဓိက မပါဝင်ခဲ့သူအများစုဟာ ယခု V ကိစ္စမှာ တက်ကြွစွာ ပါဝင်လာပြီး သမ္မတကို ဆော်လာတာတွေ့ရပါတယ်။ အချို့သတင်းဌာနတွေဆိုရင်DASSK ကို ထောက်ခံတဲ့ ပြည်သူတွေကို ဟစ်တလာကို ထောက်ခံသူလို့ရေးတာ နောက်မထောက်ခံဖို့အယ်ဒီတာ့အာဘော်ကနေ ရေးတာတွေပါပါတယ်။ သူတို့ဟာ V ကိစ္စမှာ မိနစ်ပိုင်းအတွင်း လိုင်းပေါ်ကနေ တုံ့ပြန်တာ တွေ့ရပါတယ်။

စာရေးသူယုံကြည်တာက သမ္မတဟာ မအပါ။ သူသိပါတယ်။ သူ့ဂွင်ထဲမဝင်သေးလို့ စောင့်နေပုံပါ။အချို့ကိစ္စတွေမှာ တရားဥပဒေအတိုင်းလုပ်တာ ကြာတတ်ပါတယ်။ ဒါနဲ့ မရှေးမနှောင်းမှာဘဲ ဘူးလက်သမီး မင်္ဂလာဆောင်ဖိတ်စာ တက်လာပါတယ်။ သူ့သမီးတစ်ယောက်က ယခင်သမ္မတရုံးမှာ လုပ်တာပါ။ နောက်ပိုင်းမှာ အတိုင်ပင်ခံရုံးကို ပြောင်းသွားတာပါ။ သူ့အဖေမကောင်းတိုင်း သမီးမကောင်းလို့တော့ မပြောလိုပါ။ ဒါပေမယ့် သူ့အလုပ်ကတော့ သူ့အဖေအရှိန်ကြောင့် ဘစိန်လက်ထက် ရခဲ့တာကျိန်းသေပါတယ်။ နောက်လဲ သမ္မတရုံးမှာ ရှိပါသေးတယ်။ ယခုသမ္မတလက်ထက် အသစ်ခေါ်တာကိုသာ တန်းတူခေါ်ခန့်ထားတာပါ။ ဒါကြောင့် သမ္မတရုံးဟာ တပ်က ကွီးဖြိုးကိစ္စမျိုးစာပို့ရင် သမ္မတထံ အမြန်ရောက်ပြီး သမ္မတက အောက်ကိုညွှန်ကြားရင် အောက်ကိုမရောက်ခင် ပေါက်တတ်တာပါ။

ဒီနေရာမှာ သာမန်လူတစ်ယောက်အနေနဲ့ ဘူးလက်တို့အုပ်စုကိုတိုင်စာပို့ရင် သမ္မတရုံး အတိုင်ပင်ခံရုံးကဘယ်လိုဆောင်ရွက်မလဲ နောက်ရဲက တကယ်ဖမ်းမလားဆိုတဲ့ မေးခွန်းတွေ ရှိလာပါတယ်။

ငယ်ငယ်က ကြည့်တဲ့ရုပ်ရှင်ထဲမှာ အဖေရဲက သားလူဆိုးကိုဖမ်းတာ သားရဲကအဖေလူဆိုးကိုဖမ်းတာတွေ ကြည့်ဖူးပေမယ့် ခမီးခမက် ဝရမ်းပြေးကို ဖမ်းရဲပါ့မလား မေးခွန်းထုတ်စရာပါ။ နောက် ရန်သူရဲ့သမ္မတရုံး၊ အတိုင်ပင်ခံရုံးနဲ့ ရဲတပ်ဖွဲ့လို နေရာတွေမှာ အခိုင်အမာ တပ်စွဲထားမှုကိုလဲ ယခုရက်ပိုင်းဖြစ်စဉ်တွေက သိသာစေခဲ့ပါတယ်။

အတိုင်ပင်ခံနဲ့ ရဲထိပ်ပိုင်းတွေတွေ့အပြီးမှာ ဒီလိုဖြစ်လာလို့ တမင်လုပ်သလားတောင် ထင်စရာဖြစ်လာပါတယ်။

အချို့ကိစ္စတွေက စာရေးသူတို့တိုင်းပြည်အနေနဲ့က ခင်ညွန့် ထောက်လှမ်းရေးတပ်ကို ဘရွှေကိုင်သလိုဗလိုင်းကြီး ဖြုတ်မှရမယ့်ပုံပါ။ ဒါဟာ ဒီမိုစနစ်မှာ ခက်နိုင်ပေမယ့် လုပ်ရမယ့်ပုံပါ။

လွှတ်တော်အနေနဲ့ စဉ်းစားရမှာက နိုင်ငံဝန်ထမ်းဥပဒေမှာ ဗိုလ်မှူးကြီးအဆင့် ဝန်ထမ်းတွေကိုဝန်ကြီးချုပ်တွေ၊ သမ္မတတွေက မကြိုက်ရုံနဲ့ ဖြုတ်လို့ရတဲ့ ဥပဒေမျိုး ပြဌာန်းဖို့ ပြည်ထဲရေးကိုကော်မတီတစ်ရပ်ဖွဲ့ပြီး အမြဲခေါ်ယူမေးမြန်းဖို့လဲ စဉ်းစားသင့်ပါတယ်လို့ ပြောပါရစေ။ ယခုဟာက သူတို့ဝန်ကြီးဖြုတ်မှ ပြုတ်လို့ပါ။

ပြည်သူများအနေနဲ့လဲ မဆူဆူအောင်လုပ်နေတာတွေကို နားလည်ပေးပြီး ဒီမိုအစိုးရက လိုအပ်ရင်အတူရပ်ပေးကြပါ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

1 Comment


Mr.Myo Min Hlaing
Mr.Myo Min Hlaing
Dec 26, 2019

အစိုးရကိုမလိုလားတဲ့အုပ်စုနဲ့ကစားပွဲကတဖြည်းဖြည်းနဲ့ ပွဲကြပ်လာနေပါပြီ ဒီမိုတွေ မပေါက်ကွဲရန် သတိရှိရပါမည်။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page