top of page
Search

Thanks you Mr Acting President Duwa Lashi La (ကျေးဇူးပါ သမ္မတကြီး)

Writer: Myat Tun Oo
Myat Tun Oo
May 11, 2022
1 min read

စာရေးသူက ယာယီသမ္မတကို ယခင်ကမသိပါ။ နိုင်ငံခြားနဲ့ စကားပြောရင် အင်တာဗျူးရင် ဒေါက်တာဆာဆာ၊ မဇင်မာအောင်၊ ဆရာဇော်ဝေစိုးနဲ့ ဆရာဝင်းမြတ်အေးတို့လောက်သာ ကြားဖူးခဲ့ပါတယ်။ ယခုတာ့ ယာယီသမ္မတရဲ့ ပြင်သစ်အသံလွှင့်ဌာနနဲ့ အင်တာဗျူးကို ကြည့်လိုက်ရပါတယ်။

သူ့ရဲ့ အင်္ဂလိပ်စကားပြောတာက အလွန်ကောင်းပါတယ်။ မအလနဲ့တော့ မနှိုင်းပါ။ မအလက ဘာမှမပြောတတ်လို့ပါ။ သူ့အဖွဲ့ထဲက နိုင်ငံခြားက ဘွဲ့များစွာရတယ်ဆိုတဲ့ သက်သက်ခိုင်တို့ထက်တောင်အဆ ၁၀၀ သာပါတယ်။ ဇော်မဲလုံး E နဲ့တော့ မယှဉ်ပါ။

သူပြောသွားတာက နိုင်ငံခြားရေးမူဝါဒမှာ ကြားနေပြီး တရုတ်အနေနဲ့ မအလကို အားမပေးဖို့ ရုရှားကလက်နက်ထောက်တာရပ်ဖို့တွေက အင်မတန်ကောင်းပါတယ်။ ယာယီသမ္မတရဲ့ မူဝါဒဟာ အချို့တွေလို အနောက်သိပ်မမျှော်ဘဲ လက်တွေ့ကြတာ တွေ့ရပါတယ်။ သူက သူ့တပ်တွေဘာလုပ်နေကြောင်းလဲရှင်းပြသွားပါတယ်။ အင်တာဗျူးသူက ခင်ဗျားတို့နိုင်မလားဆိုတာကိုလဲ အချက်အလက်နဲ့ ပြောခဲ့ပါတယ်။

ဒီအင်တာဗျူးနဲ့မဆိုင်ဘဲ စာရေးသူပြောလိုတာက EAO ဒေသတွေမှာ ဗုံးခိုကျင်းတွေ စနစ်တကျတူးထားပါ။ မိမိကို လာဗုံးကြဲရင် မအလရဲ့ ဘယ်နေရာတွေကို ထိုးစစ်ဆင်မလဲ ဗျူဟာရှိပါစေ။ မအလဟာ ညစ်တွန်းတွန်းနိုင်ပါတယ်။ ဒါက မအလရဲ့ နောက်ဆုံးထွက်သက် ဖြစ်နိုင်လို့ပါ။

စာရေးသူကတော့ သူ့ရဲ့အင်တာဗျူးကိုနားထောင်ပြီး သူ့ရဲ့အရည်အချင်းကို ခန့်မှန်းလိုက်နိုင်လို့တော်လှန်ရေးက အောင်မြင်ဖို့ ပိုသေချာသွားပြီဆိုတာ ယုံကြည်နေပါတယ်။

Credit: France 24 (ဒီဗီဒီယိုက ၂ မိနစ်စာလောက်သာပါ)။ အင်တာဗျူးအရှည်ကို သူတို့တင်မယ်ထင်ပါတယ်။

 
 
 

Recent Posts

See All
PRF ကိစ္စ

PRF ကိစ္စလေးပြောချင်တယ်။ အားလုံးသိတဲ့အတိုင်း PRF ကိုမလှူအောင် အဖွဲ့ခွဲထောင်တာ၊ အဖွဲ့ခွဲ အလှူခံတာ၊ NUG သိက္ခာကျအောင်လုပ်တာ စတာတွေနဲ့ မျိုးစုံလုပ်ခဲ့တာ အားလုံးသိမှာပါ။ PRF ဟာ စရဖအတွက် ထိုးဖောက်ရအခက်ဆုံး

 
 
 

2 Comments


CiCi Wan
CiCi Wan
May 14, 2022

Yes, he did. He talked in English fluently.

Like

Maung Chit Khaing
Maung Chit Khaing
May 11, 2022

နိုင်ငံခြားက fake ဘွဲ့များစွာရတဲ့ သက်သက်ခိုင်


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page