top of page
Search

Stay at home နဲ့ Lockdown ဘာကွာလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 4, 2020
  • 1 min read

ယခုခေတ်စားတာကတော့ ရန်ကုန်မှာ Lockdown ဆိုပြီး ဖွကြတာပါ။ ဒီနေ့ဘဲ ကွီးဖြိုးက DVB နဲ့တွေ့ရာမှာ Lockdown မဟုတ်ဘဲ သင်္ကြန်ကာလ ဧပြီလ ၁၀ ရက်ကနေ ဧပြီလ ၁၉ ရက်အထိ အိမ်ထဲမှာနေဖို့တိုက်တွန်းတာဖြစ်ကြောင်း ရှင်းပြသွားခဲ့ပါတယ်။ ဒါဆိုရင် Lockdown နဲ့ stay at home က ဘာကွာလဲ? လေ့လာရအောင်။

အင်္ဂလိပ်လိုပြောရင် မသဲကွဲနိုင်လို့ မြန်မာလိုပြောပါ့မယ်။ Lockdown က အားလုံးကိုပိတ်ချလိုက်တာဖြစ်ပြီး stay at home က အိမ်မှာ ဖြစ်နိုင်ရင် နေပေးပါလို့ ပြောတာပါ။ ဘာကွာလဲ။ Lockdown မှာ စျေးတွေ၊ မလိုအပ်တဲ့စက်ရုံတွေပိတ်တာ၊ လူတွေကို အိမ်ကနေ အလုပ်လုပ်ခိုင်းတာ သယ်ယူပို့ဆောင်ရေးတွေပိတ်တာ တစ်မြို့နဲ့တစ်မြို့ ဆက်သွယ်ရေးလမ်းကြောင်းတွေပိတ်တာ အဲ့ဒါတွေပါပါတယ်။ တပ်သဘောနဲ့ပြောရင် ဖြတ်လေးဖြတ်ပေါ့။ မျက်စိထဲမြင်အောင် ဥပမာပေးတာပါ။

ယခု ရန်ကုန်အစိုးရထုတ်တဲ့အမိန့်က India လိုလဲမဖြစ်အောင် လူတွေကိုလဲ ရောဂါကူးတာနည်းအောင်လုပ်တဲ့ “stay at home” အိမ်မှာနေပါစို့ ဆိုတဲ့ လှုပ်ရှားမှုပါ။ ဧပြီလဟာ သင်္ကြန်ကာလပါ။ လူအများကရေထွက်ပက်တာတွေ ဘုရားသွား ကျောင်းတက်တာတွေ လုပ်နိုင်ပါတယ်။ ဒါဟာ ပုံမှန်ကောင်းတဲ့အလုပ်ပါ။ ဒါပေမယ့် လူစုလူဝေးကနေ ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် အိမ်မှာနေခိုင်းတာပါ။ ဒီအချိန်မှာ ပြောရတာက ရောဂါပြန့်မှု တွက်ချက်မှုအရ ဒီအချိန်မှာလုပ်ရင် ထိရောက်နိုင်တာရယ် လူတွေက သင်္ကြန်ဆိုပြီး အစုလိုက်အပြုံလိုက် လမ်းပေါ်ထွက်လာနိုင်လို့ပါ။

“Stay at home” “အိမ်မှာနေစို့” လှုပ်ရှားမှုမှာ ဘာတွေပါမလဲ?

စျေးဝယ်ဖို့နဲ့ သေရေးရှင်ရေး ကျန်းမာရေးကလွဲရင် လမ်းမထွက်ပါနဲ့

အလုပ်ရုံ စက်ရုံတွေကတော့ လိုအပ်သူများက သူတို့ရဲ့ လိုက်နာရမယ့် စည်းကမ်းတွေနဲ့ ဆက်ဖွင့်ပါမယ်။ ဒါကစီးပွါးရေးလုပ်ငန်းတွေအတွက် ထိခိုက်မှုနည်းအောင်ပါ။

ရန်ကုန်အဝင်အထွက်ကို ပိတ်တာမရှိပါ။

ကုန်စည်စီးဆင်းမှုကို ပိတ်တာမရှိပါ။

စာဖတ်သူများအနေနဲ့ အိမ်ကနေ တိုက်လို့ရတဲ့စစ်ပွဲက COVID စစ်ပွဲဘဲရှိပါတယ်။ အိမ်မှာနေပြီးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် COVID 19 ကို ဝိုင်းတိုက်ကြပါစို့။ ဖောင်ကြီးမှာလဲ ရောဂါဖြစ်သူတွေကိုလိုအပ်ရင် ဝေဘာဂီကမဆန့်ရင်ကုဖို့ ကုတင် ၁၀၀၀ ကနေ ၂၀၀၀ အထိဆန့်မယ့် ဆေးရုံကိုလဲ ပြင်ပြီးသွားပါပြီ။ ပြည်သူမပါရင် ဘယ်စစ်ပွဲမှ မအောင်မြင်နိုင်ပါ။ ပြည်သူများကလဲ ပူးပေါင်းပါဝင်ကြပါ။ပြည်သူသာအမိ ပြည်သူသာ အဖပါ။ ဒီကပ်ရောဂါဆိုးကို အစိုးရနဲ့ပူးပေါင်းပြီး တိုက်ဖျက်ကြပါလို့တိုက်တွန်းလိုက်ပါတယ်။

Video credit: DVB, YGH government order

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page