top of page
Search

PPP ပါတီမှ ပြည်သူသို့ စော်ကားခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 3, 2020
  • 1 min read

မြန်မာ့နိုင်ငံရေးမှာ အဘတအချို့က အနီရယ်၊ အစိမ်းရယ်၊ တတိယအင်အားစုရယ်ဆိုပြီး ပြောလေ့ရှိပါတယ်။ မြန်မာပြည်မှာက ပါတီ မူဝါဒအဆင့် မရှိသေးဘဲ သူခိုးရယ် လူကောင်းရယ် ဓမ္မရယ် အဓမ္မရယ်သာ ရှိပါသေးတယ်။ ဒါကို လွှတ်တော်မှာ ခြေဥပြင်ချိန်မဲပေးရာမှာလဲ ပြည်သူအများ တွေ့ခဲ့ကြမှာပါ။တိုင်းရင်းသားတောင်မှာ NLD နဲ့အတူ မဲပေးတာရယ် သူ့ကိုဆန့်ကျင်မဲပေးသူရယ်သာ ရှိခဲ့ပါတယ်။

NLD အစိုးရတက်ခါစမှာ ရန်ကုန်အစိုးရကို ဝေဖန်ရာမှာ ဖွတ်ကျော်ဇေယျက ထိပ်ဆုံးကပါဝင်ပြီးဒေါက်ခိုင်ကတော့ ရန်ကုန်ကို ဝေဖန်လိုက် DASSK ကို ဝေဖန်လိုက်နဲ့ အလုပ်များခဲ့ပါတယ်။ သူတို့ဝေဖန်တာကို ထောက်ခံရာမှာ အနီကြောင်အချို့ ပါပေမယ့်လဲ တကယ်က အဘတ အကောင့်တုများနဲ့ဖွတ်အကောင့်များပါ။ အချို့ကလဲ သူမကို ဘာကြောင့် ဝန်ကြီးမပေးလဲဆိုပြီး ရူးကြောင်ကြောင်ပြောသူများလဲ ရှိကြပါတယ်။ သူမက စီးပွါးရေးလုပ်တတ်တယ် ဘွဲ့တွေအများကြီးရတယ်ပေါ့။

စာရေးသူအနေနဲ့ သူမကို personal attack မလုပ်ပါ။ သူမယောင်္ကျားနဲ့ ဘုရားဂေါပက ကိစ္စမှာတောင်သူမယောင်္ကျားကို လိင်ပိုင်းဆိုင်ရာတွေနဲ့ မတိုက်ခိုက်ဖို့ ပြောဆိုတားမြစ်ခဲ့ပါသေးတယ်။ ဒီနေရာမှာသူမရဲ့ စီးပွါးရေးဗျူဟာက အဘနွယ်ပြီး အဘတ ချမ်းသာလာတဲ့ ဗျူဟာပါ။ နိုင်ငံခြားက Apple ကုမ္ပဏီတွေ၊ Samsung တွေ၊ Daewoo ကုမ္ပဏီတွေ၊ Tesla တွေလို ချရေးပြစရာ သမိုင်းမရှိပါဘူး။

ဒါပေမယ့် သူမသမိုင်းကို သူမ ပါတီ PPP နဲ့ လူထုတွေ့ဆုံပွဲမှာ ချပြသွားခဲ့ပါတယ်။ ရေးချင်တာ ကြာပေမယ့် COVID 19 ကြောင့် မရေးဖြစ်ခဲ့ပါ။ ပထမအနေနဲ့ သူမက ပြည်တွင်းစစ်ကြောင့် တပ်မတော်ရဲ့အခန်းက အရေးပါကြောင်း ကာကွယ်ပြောသွားတာပါ။ ဒါမျိုးလေးတွေကိုတော့ အဘက ချစ်ပါတယ်။မွေးစားရကျိုး နပ်တယ်လို့ ပြောရပါမယ်။ သူပုန်ကလဲ တပ်က နိုင်ငံရေးမှာ ဦးဆောင်အခန်းကပါနေလို့ဖယ်ဒရယ်မရလို့ တိုက်နေတာပါ။

သူမကဆက်ပြီးတော့ ပြည်သူတွေဟာ ကာကွယ်ရေးဝန်ကြီးဌာနကို ဦးဆောင်ဖို့ အရည်အချင်းရှိပြီလားဆိုပြီး ဒဲ့စော်ကားသွားတာပါ။ ကမ္ဘာ့နိုင်ငံတွေကို ပြန်ကြည့်ပါ။ အမေရိကန်မှသည် အင်္ဂလန် ဥရောပနိုင်ငံအားလုံး ကာကွယ်ရေးဝန်ကြီးများဟာ အရပ်သားဖြစ်ပြီး စစ်သားလူထွင်တောင်မဟုတ်ပါ။ သူတို့ဟာ ဘာမှတပ်အကြောင်းသိစရာမလိုပါ။ ဝန်ကြီးဆိုတာက နိုင်ငံရေးရာထူးပါ။ အိုဘားမားဟာ စစ်မှုတောင် မထမ်းဘူးဘဲ သမ္မတနဲ့ တပ်ချုပ်လုပ်ပြီး ဘင်လာဒင်ကို သတ်ပြသွားတာပါ။ ဥပမာ အီရတ်ကိုတိုက်မယ်ဆိုရင် သမ္မတက ပြည်သူကိုစည်းရုံးပြီး သူ့တပ်က တိုက်တာလုပ်ပါတယ်။ သူ့ရဲ့ နိုင်ငံရေးမူဝါဒကို တပ်က အကောင်အထည်ဖော်ရပါတယ်။ ပြင်သစ်မှာလဲ လက်ရှိသမ္မတက တပ်ဘတ်ဂျက်လျှော့မယ်ဆိုရင် သူ့မူဝါဒကို ဝန်ကြီးက အကောင်အထည်ဖော်ပါတယ်။ သူ့စစ်တပ်က ညွှန်ချုပ်အဆင့်စစ်ဦးစီးအရာရှိချုပ်က မကြိုက်ရင် နုတ်ထွက်ရပါတယ်။ သမ္မတနဲ့ ဝန်ကြီးကို အာခံလို့မရပါ။ ဒီလိုမျိုးအခြေခံကျတဲ့ နိုင်ငံရေးတောင်မသိဘဲ ပြည်သူကိုစော်ကားသူအများစုနဲ့ ဖွဲ့စည်းထားတာက PPP ပါလို့သာ ပြောပါရစေ။

နိုင်ငံရေးပါတီတွေအနေနဲ့ လက်ရှိအစိုးရကို ဝေဖန်တာ၊ အပုတ်ချတာ၊ တိုက်ခိုက်တာက ဖြစ်တတ်တဲ့သဘာဝပါ။ မကြိုက်ပေမယ့် လက်ခံပေးလို့ရပါတယ်။ ဒါပေမယ့် အရပ်သားတွေကို ကာကွယ်ရေးဝန်ကြီးလုပ်ဖို့ အရည်အချင်းရှိရဲ့လားဆိုတာကတော့ ပြည်သူကို PPP ပါတီက ဒဲ့စော်ကားလိုက်တာပါ။

ပြည်သူများအနေနဲ့လဲ ယခုလို ဒေါင်းယောင်ဆောင်သော ဖွတ်ပါတီကို ရှောင်နိုင်ကြပါစေ။ မြန်မာပြည်မှာ ပါတီတိုင်းကိုကြည့်ပါ။ တတိယအင်အားစုမရှိဘဲ ဓမ္မဘက်လိုက်တဲ့ပါတီနဲ့ အဓမ္မဘက်လိုက်တဲ့ပါတီသာ ရှိပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်မှာက ဓမ္မနဲ့ အဓမ္မက အားပြိုင်နေဆဲဖြစ်ပြီး အဓမ္မက၂၀၂၀ မှာ သမ္မတရူး ရူးနေဆဲမိုလို့ပါ။

Video Credit : 5NNEW

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page