top of page
Search

PDF များသတိရှိရန်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 19, 2021
  • 1 min read

စစ်စည်းကမ်းမှာ အရပ်သားပစ်မှတ်တွေ မပစ်ရ။ လူနာတင်ယဉ်မသုံးရ၊ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံ၊ကျောင်းမှာ တပ်မစွဲရ ပါပါတယ်။ ဒါပေမယ့် မအလတပ်ဟာ စစ်စည်းကမ်းလိုက်နာသူမဟုတ်ပါ။ စစ်ကိုင်းမှာ PDF တွေကို ရှုံးနေလို့ စစ်ယဉ်တန်းကို ဟန်ပြသွားပြီး မအလတပ်သားအများစုကို ဘုရားဖူးဟန်ဆောင်သွားတာ လူနာတင်ယဉ်နဲ့သွားတာတွေ ပိုလုပ်လာပါမယ်။ ညွှန်ကြားထားပြီးသားပါ။ နာမည်ကြီး ဘုန်းကြီးတွေအနားမှာလဲ စရဖရယ် ယခင်စစ်မှုထမ်းဟောင်းတွေနဲ့ ဘုန်းကြီးတွေကို ချုပ်ထားပါတယ်။

PDF တွေအနေနဲ့ ဘုရားဖူးယဉ်ကို မှားပစ်မိရင်လဲ မကောင်းသလို မပစ်မိလို့ မအလတွေ ကားထဲပါနေရင်လဲ စခန်းအသိမ်းခံရနိုင်ပါတယ်။ Gen Lee များကလဲ ဘုရားမဖူးရရင် သေမလို ဖြစ်နေပါတယ်။ ဒါ့ကြောင့် မိမိနယ်မြေဖြတ်မယ့်ကားတွေကို မှတ်ပုံတင်နဲ့ အကြောင်းကြား သတင်းပို့ခိုင်းပါ။ တစ်နေရာမှာ ကားတွေကို ရှောင်တခင်စစ်ပါ။ မိမိလူကို အသင့်အနေအထားပြင်ပြီး မိမိတို့စစ်မည့်နေရာမှာ မုန့်ဟင်းခါး အဆင်သင့်ပြင်ထားပါ။ သတင်းမပို့ရင်တော့မိမိတာဝန်သာဖြစ်ကြောင်း ကြေညာထားပါ။ ရခိုင်မှာလို လုပ်ပြလိုက်ရင် ဘုရားလောင်း ဘုရားဖူး Gen Lee များလဲငြိမ်သွားပါမယ်။ မအလတွေဟာ လူစိတ်မရှိပါ။ စဉ်းစားနိုင်အောင်ပါ။ နောက်မှ ကားတွေကို ဘယ်လိုစစ်ရလဲwebsite ကနေ တင်ပေးပါ့မယ်။

 
 
 

Recent Posts

See All
ထရမ့် ထရမ့်

အော်ထရမ့် ထရမ့် နေပြည်တော်ကို ယခင်အစိုးရတွေလက်ထက် စီးပွါးရေးပိတ်ဆို့တာ နှစ် ၃၀ ကျော်၊ ဘာမှမဖြစ် ဘာမှ မမှု။ ထရမ့်က မာဒူရိုဝင်ဖမ်း မအလ လုံခြုံရေးပြန်သုံးသပ်၊ အစည်းအဝေးတွေလုပ်၊ ယခု အီရန်ကို စနေဝင်တိုက်၊

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Oct 20, 2021

ဦးမြတ်!လွန်ခဲ့သည့်ရက်ပိုင်းက အမြန်လမ်းအထွက် ဇီးရိုးမိုင်မှာ ကားတွေ စုပုံကြပ် တန်းစီနေပုံကို မြင်တွေ့ခဲ့ရပါသည်။ ဘယ်အရာ ဘယ်အကြောင်းကြောင့် ဤကာလမှာ အရေးကောင်းနေကြရပါသနည်း။ ကားငှါး၍ စီးသည်ဖြစ်စေ၊ ကိုယ်ပိုင်ကားနှင့်ဖြစ်စေ ခရီးဝေး ထွက်နိုင်စွမ်းရှိကတည်းက ဓနဥစ္စာ မချို့ယွင်းသူများဟု သတ်မှတ်၍ရပါသည်။ယခုကာလ ငါးထောင် တစ်သောင်းဟူသော ပမာဏသည် အခြေခံမိသားစုအတွက် ခဲယဉ်းသည့် ကာလဖြစ်ပါသည်။


Like

Myint Soe Oo
Myint Soe Oo
Oct 20, 2021

ခရီးထွက်သူ မြို့ပြကြီးနေ လူအများစုသည် ဘုရားလည်း ဖူး၊ လိပ်ဥ တူး ဆိုသူများများကြပါသည်။ ထိုအစုထဲတွင်

ပု* ဒိ* အာ* ဟူသော ဂုဏ်အရပ်ရပ်ကို

မြန်မာပြန်အနက် သိသူမည်မျှပါပါသနည်း။ *အရဟံ*ဂုဏ်တောအနက် ထဲထဲဝင်ဝင် ဆင်ခြင် သိနိုင်


စွမ်းသူ ဦးရေမည်မျှ ရှိပါမည်နည်း။

ဘယ်ဘုရားကို ဘယ်နှစ်ခေါက်ဖူးရင် လောကီစီးပွါး အကျိုးများသည်ဟူသော

တဏှာအစေးမကင်းစင်သည့် (ဘုရားရှင် ပယ်မြစ်သည့်)ဘုရားဖူးခြင်း ခရီးစဉ်သာဖြစ်ပါသည်။

ယခုတိုင်းပြည် မငြိမ်းချမ်ရခြင်း အဓိကလက်သည်တရားခံသည် ဘုရားရှင်အဆုံးအမများ(သာသနာ) ရင်ထဲမှာ မြဲမြံစွာ မကိန်းတည်သောကြောင့်ဖြစ်ပါသည်။ရွှေတိဂုံ မဟာမုနိဘုရားကြီး ကျိုက်ထီးရိုးစသည့် သဏ္ဍာန်တော်ဘုရားများပေါများသည့် တိုင်းပြည် မငြိမ်းချမ်းရသည်ကို ထောက်ရှုမြင်စေလိုပါသည်။

~ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ ဗုဒ္ဓ ပူဇေမိ။

~တရားနှင့် အလျော်ညီဖြစ်သော အကျင့်မြတ်ဖြင့် ပူဇော်ခြင်းကိုသာ ဘုရားရှင် အလိုကျတော်မူပါသည်။

*"တရားသော နည်းအကျင့်ဖြင့် ပူဇော်မှုသည် ပူဇော့်တကာ ပူဇော်မှုတွင် အြမတ်ဆုံးပူဇော်ခြင်းဟူ၍ပင် နှုတ်ဝစီမှ မိန့်မြွက်ပြီးဖြစ်ပါသည်။

ဘုရားဖူးမှာလား?ဈေးရောင်းမှာလား?

ကြာပီဖြစ်၍ ကလောင်ရှင်အမည်မေ့နေသော **ဓမ္မရံသီ**တွင်ပါဝင်သော ဆောင်းပါးတစ်ပုဒ်။

အညာထွက်ကုန် အစုံစုံကို ဝယ်၊ ဘုရားဖူးအပြန် မြို့ပြကြီးမှာ ပြန်ရောင်း။ တခါထွက် တခါမြတ်။ သုံးလေးခေါက်ထွက်တော့ အိပ်ဖောင်း၊၊

သည်လိုပုံ သည်လိုအချိုးြဖင့် သာသနာအစစ် ကွယ်နစ်နေသည်မှာကြာခဲ့ပါပြီ။

ကောင်းမှု ပြုသောနေ့သည် ကောင်းသောနက္ခတ်နှင့်ကြုံ၍ ကောင်းသောနေ့ဟု ဟောထားငြား လပြည့်နေ့မှာ လုပ်မှ ပြည့်ပြည့်ဝဝဟူသော အယူအစွဲရှိသူဦးရေကလည်း တစ်ပုံတစ်ပင်။ စစ်ရှောင်တွေကို တတ်စွမ်းသမျှ လှူခြင်းသည် ဘုရားရှင်ချီးမွမ်းသည့်အလှူဖြစ်ပါသည်။

~လိုအပ်နေသူတွေ

~လိုအပ်သည့် ပစ္စည်းကို

~လိုအပ်သည့် အချိန်ခါ လှူဒါန်းခြင်းသည် **ကာလဒါန**မြတ်၏။

ဘုရားကျင့်စေချင်သည့်အတိုင်းကျင့်ပါက အမြတ်ဆုံးသော ပူဇော်မှုဖြစ်ပါသည်။


••••••••••••••••••••••••••••••••••••••••••••


ယခုကာလသည် ပီဒီအက်ဖ်သာ အားကိုးရာ အမှန်ဖြစ်ပါသည်။ ပြင်ပကမ္ဘာက လေ သာစိုက်ပါသည်။ တက်လာသော အညာမြေ ပီဒီအက်ဖ် ပုံရိပ်တစ်ခု။ နံငယ်ပုဆိုးခပ်တိုတိုဝတ် တူမီးသေနတ်ထမ်း…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page