top of page
Search

PDF မှ စရဖအား ပါးရိုက်ခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 30, 2021
  • 1 min read

စနေနေ့က မအလဖက်ဆစ်တပ်က ရန်ကုန်မှာ PDF တွေမိတယ် လက်နက်တွေနဲ့ ယခင် NLD အမတ်ကိုဖြိုးဇေယျာသော်က ဦးဆောင်တယ်ဆိုပြီး ဂျင်းထည့်ကြေညာတယ်။ စာရေးသူ ရေးခဲ့သလိုပါဘဲ အများစုက NLD ပါတီဝင်၊ CDM နဲ့ ဆန္ဒပြသူတွေပါ။ စရဖအပေါ် မအလက ဖိအားတအားများပါတယ်။ သူက ဖြစ်စဉ်တစ်ခုပြီးရင် ချက်ခြင်းတင်ပြ ဖမ်းနိုင်မှကြိုက်ပါတယ်။ သူ့အောက်က ငဖား ဂျော်ကလီ ရဲဝင်းဦးကလဲ အဖမ်းပြရတာပေါ့။

ဒါပေမယ် တနင်္လာနေ့မှာဘဲ ဒီလောက် PDF တွေမိတဲ့ရန်ကုန်မှာ ဗုံးတွေထပေါက်ပြီး ဖက်ဆစ်တပ်တွေ ဗြောင်းဆန်ခဲ့ပါတယ်။ ဒါက PDF က စရဖကို ပါးရိုက်လိုက်တာပါ။

မန္တလေးမှာလဲ ဖက်ဆစ်ကင်းလှည့်ယဉ်တန်းကို တိုက်ခိုက်တာ၊ ဗုံးခွဲတာ၊ ဗုံးခွဲနေရာလာချိန်မှာ ဗုံးထပ်ကွဲတာတွေဟာ စနစ်ကျလာပြီး အတွေ့အကြုံမြင့်လာတာကို ပြပါတယ်။ ဒါကလဲ မန္တလေးမှာPDF မိတယ်လို့ ဂျင်းထည့်ကြေညာတဲ့ကြားက ဖြစ်နေတာပါ။ ဘယ်အဖွဲ့ကမှန်းမသိဘဲ စစ်ဗိုလ်ရဲ့အဖေကို သတ်သွားတာက စစ်တပ်ထဲမှာ ပြဿနာအကြီးကြီး တက်စေပါတယ်။ မိဘတွေအားလုံးကို ခေါ်ထားမလား ယောက္ခမတွေပါ ခေါ်ထားမလားပေါ့။ ဘယ်သူက ကျွေးမလဲဆိုတာလဲရှိပါတယ်။ နောက် ဖွတ်ပါတီရုံးကို သာမန်အဖွဲ့က ဗုံးခွဲရင် မအလရဲ့ ပျူစောထီးက NLD ပါတီရုံးကိုဗုံးပြန်ခွဲတာက ရေတိုမှာ ဟုတ်သလိုရှိပေမယ့် ရေရှည်မှာက NLD ရုံးက ပိတ်ထားရတာဖြစ်ပြီး ဗုံးမကွဲလဲ အလုပ်လုပ်မရပါ။ ဖွတ်ရုံးတွေက မအလအတွက် စည်းရုံးရမှာမိုလို့ ရေရှည်မှာ ဖွတ်သာနာမှာပါ။

မနေ့က တစ်နေ့ထဲမှာဘဲ ပေါက်မှာ ဆွဲမိုင်းမိလို့ မအလဖက်ဆစ် ၇ ယောက်သေခဲ့ပါတယ်။ ရှမ်း-ကယား နယ်စပ်၊ ချင်းပြည်၊ စစ်ကိုင်းနဲ့ ရှမ်းမြောက်မှာလဲ တိုက်ပွဲကျတာအများကြီးပါ။ ဒီလိုသေတာတွေက အပြင်ကလူတွေပြောတာထက် တပ်ထဲမှာ စိတ်ဓာတ်ရေးအရ သက်ရောက်မှုကြီးပါတယ်။ဝိုင်းမော်လိုနေရာမှာဆို ရဲမေတွေပါ စိတ္တဇဖြစ်နေပါပြီ။ သူတို့ကို သေနတ်ကိုင် ကင်းစောင့်ခိုင်းအမြှောက်နဲ့ ရမ်းပစ်နေတာက စိတ္တဇအခြေအနေကို ပြနေပါတယ်။ မြောက်ဦးမှာ ဖြစ်နေသလိုပါ။

လက်ရှိမှာ မအလက နေပြည်တော်ကိုသာ အဖြူရောင်နယ်မြေ သတ်မှတ်ထားနိုင်တာပါ။ တပ်ထဲကလူတွေအားလုံးသိပါတယ်။ အဆိုပါနယ်ထဲမှာတော့ သူ့သားသမီးတွေ၊ ဝန်ကြီးသားသမီးတွေသွားလာနေပါသေးတယ်။ နေပြည်တော်အပြင် ရန်ကုန်ကတော့ အနီးကပ်လုံခြုံရေးမပါရင် မသွားရဲတော့ပါ။

စာရေးသူကို D Day ဘယ်တော့လဲမေးရင် မသိပါ။ ဒါက ပြည်သူတွေက ဆုံးဖြတ်မှာပါ။ ယခုအချိန်မှာတော့ ဇတ်သဘင် နှစ်ပါးသွားမစခင် နှဲသံ ဗုံသံလေးတွေတော့ စနေပါပြီ။

News Source: Khit Thit Media, DVB TV News, Myanmar Now

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Aug 31, 2021

ဦးမြတ်!!! လက်သီး ဆုပ်မလား

လက်ဝါး ဖြန့်မလား၊ ကြိုက်တာရွေးစမ်း ကို့ယ့်လူ ၊ မင်းလည်း ယောက်္္ကျား ငါလည်း ယောက်ကျား။

ဟိုတုန်းက ရဲရင့်စေသော သီချင်းတပုဒ်။

ခုတော့ ပြန်ကို သတိရမိပါသည်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~

မနေ့က ကရင်သတင်းအရ >>KNLA တပ်မဟာ ၆ လက်အောက်ခံ စခန်း ၂ စခန်း { (ကြာအင်းဆိပ်ကြီး/ခုတ်ခွါတောင် စခန်း) နှင့် (ကော့ကရိတ်မြို့နယ်/ကျိတ်စခန်း) }ကို ပြန်လည်ပေးအပ်ရန် စကစမှ တောင်းဆိုကြောင်းဖော်ပြထားပါသည်။

စကစ၏ အရည်အချင်းက ရေပေါ်ဆီအဖြစ် ပေါလောကြီး ပေါ်လာရပါသည်။

အပွင့် အခက် အလက်တွေ များပြားလွန်းလှပါသော တပ်က KNLAအောက်ခံစခန်းကို ပြန်တောင်းခံရသည့်အဖြစ်က

ရထားသော ရာထူးကြီးကြီးတွေ ဘယ်ပုံဘယ်နည်းဖြင့်ရလာကြပါသနည်း???ဟူ၍ သံသယ ဖြစ်ဖွယ်ပါ။

**လွမ်းတော်မူလို့

စာကို စီတယ် ၊ ဘယ်ဆီသို့ ၊ ဘယ်ညာသို့

မှန်းကာ ဆမယ် ၊ တမ်းကာ တ မယ်**

နာမည်ကြီး ရှုံးပွဲတစ်ခု၏ ပြန့်လွင့်လာသော ပုံရိပ်တွင် ကျဆုံးသူတို့၏ အင်္ကျီတပ်မတံဆိပ်သည် ~~ နှင့် ^^ တပ်မ နှစ်ခု ပါဝင်နေကြောင်း သိလိုက်ရပါသည်။ ဤသည်ကို ထောက်ရှုခြင်းအားဖြင့်

တောင် မင်းကို

မြောက် မင်း မကယ်နိုင်တဲ့ အဖြစ်။

အမိန့်ထုတ်ပြန်သော ဗကကို တပ်သားက သေနတ်ဖြင့်ပစ်သတ်ပြီး တပ်သားကိုယ်တိုင် မိမိကိုယ်မိမိ အဆုံးစီရင်ခြင်းသတင်းသည် အပေါ်ယံအားဖြင့် သာမန်သတင်းဟု ယူဆရသော်လည်း

~တပ်သား၏ အတွင်းအဇ္စျတ္တတွင် စိတ်ဒါဏ်ရာ အကြီးအကျယ် ခံစားနေရပြီဖြစ်ကြောင်း သိသာလှပါသည်။

~မိမိကိုယ်မိမိ သတ်သေလောက်စေခြင်းအဓိကတရားခံမှာ စိတ်ကျရောဂါ(Depression)အရင့်စား ကြောင့်ဖြစ်သည်ဟု လေ့လာသိရှိရပါသည်။

ဘုရားဟော ပါဠိတော်တွင်လည်း ပါရှိဟောပြထားပါသည်။

~သောက ( စိုးရိမ်ပူပန်ခြင်း)

~ပရိဒေဝ (သောကပူ ပူလွန်းလှ၍ မျက်ရည်များ ပူသည်ထိ…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page