top of page
Search

PDF နှင့် မအလတပ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 12, 2021
  • 1 min read

မအလတပ်ဟာ D Day အတွက်အတော့်ကို ပြင်ဆင်ထားခဲ့ပါတယ်။ ဘယ်လိုပြင်ဆင်လဲဆိုတော့စာရေးသူတို့ပြောတဲ့အပေါ်မှာ မူတည်ပြီး ဖြတ်လေးဖြတ်ပေါ့။ ကရင်နဲ့ ကချင်စစ်မျက်နှာတွေမှာတပ်တွေပို့ပြီး သူကလက်ဦးမှုရအောင် ဝင်တိုက်မယ်ပေါ့။ လေတပ်ကိုလဲ အသင့်ဗုံးကြဲဖို့ ဘာညာပြင်ထားခဲ့ပါတယ်။ NUG က ထကြေညာချိန်မှာ လေတပ်စခန်းရှိတဲ့ မြို့တွေပေါ်မှာ လေယဉ်တွေဝဲပြီးအင်အားပြခဲ့ပါတယ်။ ဒါက သူပြင်ခဲ့တာပါ။ သူ့တပ်တွေပြင်ထားပေမယ့် ဘာမှသိပ်မတိုက်လိုက်ရချိန်မှာ မြို့ကြီးတွေထဲမှာပါ မထင်မှတ်ချိန် အတိုက်ခံလာရပါတယ်။ ဒါတောင် ဆန္ဒပြပွဲနဲ့မျှားခေါ်ပြီး PDF က မတိုက်သေးလို့ပါ။ ဆန္ဒပြပွဲနဲ့သာ မျှားခေါ်ပြီး အပစ်ခံရရင် နောက်ပိုင်းဆန္ဒပြပွဲတောင် ယခင်ကလို ဖမ်းရဲတော့မှာ မဟုတ်ပါ။ စမ်းချောင်းမှာ ဗိုလ်မှူးအသတ်ခံရချိန်ကရန်ကုန်တိုင်းစစ်ဌာနချုပ်ထဲမှာ မယုံကြပါ။ ရန်ကုန်ဆိုတာ KIA နယ် KNU နယ်မဟုတ်လို့ အဘရဲ့အထက်ဖားအောက်ဖိတွေ အပိုင်စားတဲ့နယ်ပါ။ တပ်အသိုင်းအဝိုင်းမှာ ဒီလူက ဒဂုံကလူစမ်းချောင်းမဟုတ်ဘူး ဂျင်းဘာညာဆိုပြီး ပြောကြပါသေးတယ်။ နောက်ပိုင်းပုံတွေနဲ့ တက်လာအပြီးမှာမ ငြိမ်သွားခဲ့တာပါ။ ပစ်သူကို မမိသေးပါ။ ရထားပစ်သလို ပြီးမှသာ ထိုးကျွေးမှာပါ။ ရန်ကုန်မှာ ပစ်သွားတာက စနစ်ကျပြီး ဗိုလ်မှူးကို အချက်ပေါင်းများစွာထိသွားတာပါ။ အဆိုပါဗိုလ်မှူးသေနတ်ထုတ်ချိန်မရလိုက်ပါ။ PDF များဟာ ပညာတတ်များဖြစ်လို့ နည်းပညာနဲ့ ဗျူဟာကျွမ်းပါတယ်။ မအလတပ်က စျေးမရောင်းရတွေ လမ်းကိုတစ်လမ်းသွားပြောင်းတာတွေနဲ့ တုန့်ပြန်ခဲ့ပေမယ့် ရေရှည်မှာ မအလသာ နာမည်ပျက်မှာပါ။

ဒီလို မမျှော်လင့်တဲ့နေရာမှာ အတိုက်ခံရအပြီး နေဝင်းမြေးသတောင်းစားက မအလအိပ်ရေးမပျက်ကြောင်း ရူးပေါပေါထပြောခဲ့ပါတယ်။ ထိုအချိန်မှာ ပြည်သူတွေက မိုက်တဲတာဝါတိုင်တွေကိုဖြိုချလိုက်ပါတယ်။ ပြည်နယ်ပေါင်းစုံမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုပြပြီး နယ်စုံမှာဖြိုလိုက်ပါတယ်။ ထိုအချိန်မှာ မအလဟာ အသံကျယ်လောင်စွာထွက်လာပါတယ်။ သူ့တပ်ကိုလာတိုက်ဖို့ ယောင်္ကျားပီသဖို့ကို မဲရှုံးတာကို ယောင်္ကျားပီသစွာ မဖြေရှင်းနိုင်သူက ပြောတဲ့စကားပါ။တပ်တွေကို ဆက်သွယ်ရေးတာဝါတိုင် အထူးသဖြင့်တပ်ပိုင်တွေကို လုံခြုံရေးတိုးမြှင့်ဖို့ အမိန့်စာထုတ်လာခဲ့ပါတယ်။ ပြဿနာက မိမိတပ်နဲ့ရဲတောင် မိမိအသက်မသေအောင် သွားနေရချိန်မှာသက်မဲ့တိုင်တွေကို လုံခြုံရေးပေးဖို့ဆိုတာ မလွယ်ပါ။ ဒါ့ကြောင့်အဆိုပါကိစ္စဟာ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုပါ။ ဒီဗျူဟာက မအလက လုံးဝမတွက်ထားခဲ့ဘဲ မအလကို ပြည်သူတွေကအရှိုက်ထိုးလိုက်တာပါ။ နောက်ဒါက NUG နဲ့လဲ တိုက်ရိုက်မဆိုင်ဘဲ ပြည်သူကဦးဆောင်ပြီး ကိုင်သွားတာပါ။ မိုင်တဲမှာ ဗီယက်နမ်ကလဲ ရှယ်ယာပိုင်လို့ ဗီယက်နမ်တပ်က မအလထံ ဖုန်းဆက်ပြီးဖိအားပေးနေပါတယ်။ ဒါမျိုးတရုတ်ပိုက်လိုင်းသာဖြစ်ရင် မအလမလွယ်ပါ။ ဒါကိုတရုတ်ကလဲစောင့်ကြည့်နေပါတယ်။ ယခုမြန်မာပြည်သူတွေလုပ်နေတာက တူမီးသေနတ်လောက်နဲ့ မအလတပ်ကလူများစွာသေအောင် လုပ်နေနိုင်နေတာပါ။ လက်နက်ကောင်းကောင်းသာရရင်နေပြည်တော်တက်သိမ်းနိုင်မယ်ဆိုတာ တရုတ်ထောက်လှမ်းရေးက ယခင်ကမသိခဲ့ရင်တောင်ယခုသိပါပြီ။ တရုတ်က လက်နက်နဲ့ ဆွေးနွေးပွဲ ဘယ်ဟာရွေးမလဲဆိုတာ မအလကို လူချင်းတွေ့ချိန်က ပြောပြီးပါပြီ။ ဒီမိုတွေအတွက်က Global Times ကနေ ရေးပြီးပြောပါတယ်။ ဒါပေမယ့်တိုက်ပွဲတွေ မအလကြောင့် ဆက်ဖြစ်ခဲ့ရင် မြန်မာပြည်ထဲမှာ တရားမဝင် ရင်းနှီးမြုပ်နှံသူများ နာမှာပါ။

မအလက တရားဝင်ကို သူ့တပ်က ၂၀၀ နီးပါးသေတယ်လို့ ဝန်ခံပြီးသားပါ။ အုပ်ကြီးနဲ့အခြားဆို၁၀၀၀ နီးပါးလို့ ဝန်ခံထားပါတယ်။ မအလတပ်ကသေစာရင်းမှာက ကချင်၊ ကရင်၊ ရှမ်းမြောက်သေတာကို ထည့်မတွက်ထားပါ။ မဲစာရင်းစစ်သူက မိမိသေစာရင်းတောင် အမှန်မတင်ပြရဲပါ။

ယခုမှသာ မြန်မာပြည်ဟာ တောင်အာဖရိကက မန်ဒဲလားဖမ်းခါစအချိန်ကို ရောက်ပါသေးတယ်။PDF နဲ့ ပြည်သူတွေကြောင့် မအလတပ်ဟာ ကျီးလန့်စာစားဖြစ်နေပါပြီ။ သူက ရွာတွေကို မီးရှို့ရင်ကြောက်ပြီး ဒူးထောက်မည့်အစား သားသေရင် အဖေက PDF ထဲဝင် လင်သေရင် မယားက PDF ထဲဝင်ပြီး အဖွားသေရင် မြေးက PDF ထဲဝင် ပြန်တိုက်ကြတဲ့အထိ ဗမာရွာတွေကအစ ဖြစ်နေခဲ့ပါပြီ။ ဒါ့ကြောင့် အရေးတော်ပုံအောင်ဖို့က မဝေးတော့ပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ထရမ့် ထရမ့်

အော်ထရမ့် ထရမ့် နေပြည်တော်ကို ယခင်အစိုးရတွေလက်ထက် စီးပွါးရေးပိတ်ဆို့တာ နှစ် ၃၀ ကျော်၊ ဘာမှမဖြစ် ဘာမှ မမှု။ ထရမ့်က မာဒူရိုဝင်ဖမ်း မအလ လုံခြုံရေးပြန်သုံးသပ်၊ အစည်းအဝေးတွေလုပ်၊ ယခု အီရန်ကို စနေဝင်တိုက်၊

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Sep 13, 2021

ဦးမြတ်!!! အတိတ် တဘောင် နိမိတ် ဆောင် ဆိုသောစကား ကိုးကားပါရစေ။

အဲဒီအသိုင်းအဝိုင်းက သိပ်ပြီး ယုံကြည်လွန်းလို့ပါ။ ရန်ကုန် မန္တလေးနဲ့ မြို့ပြကြီးတွေမှာ လွန်ခဲ့သော ဆယ်စုနှစ်ဝန်းကျင်က လူတန်းစား မဟူ သုံးခဲ့ကြလို့ပါ။

~တိုင်ပတ်တယ်

~ရွာလည်တယ်

~နားကားသွားမယ်

±±>>>ခုလည်း တာဝါတိုင်တွေကြောင့် **တိုင်ပတ်နေပါပြီ။ အပိုအလုပ် ပိုရှုပ်နေပါသည်။တချိုးနေရာတွေမှာ အဟောင်းကြီးတွေကို အခကြေးငွေနဲ့ အစောင့်ထားကြောင်းလည်းသိရပါသည်။

±±>>>တိုင်ပျက်ဆီးပြီ ဆိုတာနဲ့ တိုင်နဲ့အနီးကပ်ဆွံးရွာသို့ ဝင်မွှေ၍ (လက်သည်မပေါ်က)အခြားနီးစပ်ရာရွာကို ဆက်မွှေပါသည်။ ခုမှ တကယ် **ရွာလည်တာပါ။

±±>>>ပြီးခဲ့သောရက်ပိုင်းက မြောင်မြို့နယ်ထဲရှိ ပျက်ဆီးသွားသောတာဝါတိုင်သွားရောက်စစ်ဆေးသော ကား အပြန်လမ်းမှာ အဝုန်းခံရလို့ ကားပေါ်မှာ မုန့်ဟင်းခါးပွဲ ကွဲမှောက်ကုန်တာ မြင်မကောင်းကြောင်း စာမျက်နှာသတင်းများမှသိရပါသည်။ ဂန့်ဂေါမြို့နယ်(မြင်သား၊ နှင်းခါး)နှိမ်နင်းသူတွေလည်း အပြန်မှာ ဂန့်ဂေါ + ယော နှစ်ဖွဲ့ပေါင်း၍ ဝုန်းလိုက်ရာ

၄၈ပွဲ အရောင်းထွက်သွားပါသည်။

အရင်ခေတ်စကားနဲ့ ပြောပြရလျှင်တော့**နားကားကုန်တာပေါ့။ **

ေတာင်လျောင်းကျေးရွာ(တောင်တွင်းကြီးမြို့နယ်) တိုင် အဖျက်ခံရတာ မဆိုင်သူ တောင်လျောင်းရွာသား ညီကိုနှစ်ဦး ပီဒီအက်ဖ် ခေါင်းစဥ်အောက်မှာ ပစ်သတ်ခံရပါသည်။

တခါ ရွာမွန်ကို ပို့တဲ့ ထရန်စမော်ဖာ ဖောက်ခွဲမှုနဲ့ပတ်သက်ပြီး ထရန်စဖော်နာနဲ့နီးတဲ့ ဒန့်သလွန်ပင်ကျေးရွာက လူငယ်များ(အမျိုးသမီးငယ်အချို့အပါဝင်)အဖမ်းခံရပါသည်။ ရပ်ကျေး NLD တစ်ဦးကိုလည်း တံဆိပ်ကပ်၍ ဖမ်းဆီးသွားကြောင်းသိရပါသည်။

ခုဟာက အနီ-အစိမ်း ပွဲ ဟု အောက်ခြေစစ်သားတွေကို ပုံစံရိုက်သွင်းခြင်း၏ ဆိုးကျိုးပါ။ {{ နီမှန်း စိမ်းမှန်း မသိသေးတဲ့ ၁၄/၁၅ အရွယ်တွေ ၊ လူမှန်းသိတတ်စ ၇ ၈ ၉ အရွယ်တွေသည်ပင် သပိတ်အဖွဲတွေနဲ့ လက်သုံးချောင်းထောင်နေတတ်ကြပါပြီ }}

ဦးမြတ်!!! မရေးမဖြစ်လို့ ရေးပါရစေ။

သီလမရှိတဲ Kလား သတ်ရင် အပြစ်သိတ်မရှိဘူး ဆိုသော စကား။ မီးလောင်ရာ လေပင့်စေခဲ့ပါပြီ။ ဆရာမကောင်းလျှင် တသံသရာလုံး မှောက်ပါတော့သည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page