top of page
Search

NUG အတွက်လိုအပ်လာသည့် လက်တွေ့အခွန်ငွေ

Writer: Myat Tun Oo
Myat Tun Oo
Feb 21, 2022
1 min read

တော်လှန်ရေးလုပ်ရာမှာ ငွေလိုပါတယ်။ ဒါမှစစ်လက်နက်ပစ္စည်းတွေ ဝယ်နိုင်မှာပါ။ ယခု NUG ရဲ့ဝင်ငွေပုံစံက အခွန်၊ ငွေတိုက်စာချုပ်၊ ထီ၊ လစဉ်တော်လှန်ရေး မိသားစုပါ။ ဟိုပွဲ ဒီပွဲတွေလုပ်ပြီး ငွေရှာရတာလဲရှိပါတယ်။ အများစုက ပြည်ပက မြန်မာများကို အားကိုးလုပ်ရတာပါ။ ဒါဆိုပြည်တွင်းက မထောက်ပံ့ဘူးလားဆိုတော့ တော်လှန်ရေးရဲ့ ပင်မစစ်ကိုင်းမှာတော့ ရွာတွေက အနစ်နာခံပြီး ထောက်ပံ့နေပါတယ်။ အဆိုပါရွာတွေက နယ်စပ်ကလို ကူရတာခက်လို့ ပြည်တွင်းမှာ သူတို့ဖာသာ စစ်ပြေးပြီးဖြေရှင်းနေရတာပါ။ ပြည်တွင်းက အခြေခံလူတန်းစားတွေက စစ်ကိုင်းမှာ တာဝန်ကျေတာထက်ပိုနေပါတယ်။

ဒါပေမယ့် တော်လှန်ရေးဟာ မိမိစိတ်သဘောအရ အခွန်ဆောင်စနစ်နဲ့ ဆက်လုပ်ဖို့ရာ ခက်မှာပါ။ပြည်တွင်းလုပ်ငန်းရှင်အများစုဟာ NUG ကို အခွန်မဆောင်တာ အားလုံးသိမှာပါ။ သူတို့ကို ပညာပေးနေရုံနဲ့မရတော့ဘဲ ဒဏ်ပေးတဲ့စနစ်ကျင့်သုံးဖို့ပါ လိုလာမှာပါ။ ဒီအချိန်မှာ အစိုးရအနေနဲ့ လုပ်ငန်းငယ်တွေကိုလုပ်ရင် အခွန်ပိနိုင်ပြီး ခရိုနီလုပ်ငန်းကြီးတွေကိုတော့ ပြတ်ပြတ်သားသား ကိုင်ရမှာပါ။

စာရေးသူတို့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ပြန်လေ့လာကြည့်ရင် သူတို့ရဲ့တော်လှန်ရေးလုပ်ငန်းအတွက် ငွေဝင်တဲ့လမ်းကြောင်းလေးတွေရှိတာ တွေ့ရမှာပါ။ အချို့ကိစ္စတွေက ဝင်ငွေကောင်းနိုင်ပေမယ့် NUG က အစိုးရမိုလို့ လိုက်လုပ်လို့မရပါ။ ဒါကြောင့် ပြည်တွင်းအခွန်နည်းသာ ရှိပါတယ်။ဒါဆိုအခွန်ဘယ်လိုကောက်မလဲ? ကမ္ဘောဇလို၊ တေဇလို၊ အောင်သောင်းသားပိုင်လို ဘဏ်တွေကအခွန်ဆောင်ရမှာပါ။ မဆောင်ရင် NUG က သတိပေး မဆောင်သေးရင် NUG ရဲ့ တရားရေးဝန်ကြီးဌာနကို တင်ပြပြီး အခွန်မဆောင်တဲ့ဘဏ်ကို ပြည်သူပိုင်အဖြစ်သိမ်းရမှာပါ။ ဒါဆိုဘယ်လိုသိမ်းမှာလဲ? ပထမဆုံး တရားဥပဒေနဲ့အညီ ကမ္ဘောဇက အခွန်မဆောင်ကြောင်း NUG ရဲ့အခွန်ဌာနက တင်ပြပြီး တရားရေးက တရားဝင်စာထုတ်ရပါမယ်။ ပြီးရင် ကမ္ဘောဇဘဏ်ပိုင်တဲ့ အခွန်နဲ့ညီမျှတဲ့ ငွေ၊အဆောက်အအုံ၊ ယာဉ်နဲ့ အခြားပိုင်ဆိုင်မှုတွေကို တရားဥပဒေနဲ့အညီ သိမ်းဆည်းဖျက်ဆီးရပါမယ်။ဒါဆိုရင် အခွန်ကောက်တာဟာလဲ ဥပဒေနဲ့အညီဖြစ်ပြီး အခွန်မဆောင်လို့ ဖျက်ဆီးတာဟာလဲနိုင်ငံတကာ ဥပဒေနဲ့အညီ ဖြစ်သွားပါမယ်။ သူက အခွန်မဆောင်သေးရင် ဥပဒေအတိုင်း ဆက်ပြီးသိမ်းဆည်းဖျက်ဆီးသွားရပါမယ်။ မြဝတီဘဏ်ကိုတော့ အကြမ်းဖက်ဥပဒေအရ သိမ်းဆည်းဖျက်ဆီးလို့ရတယ်ဆိုတာကို တရားဝင်စာထုတ်ပေးထားရပါမယ်။ မိုင်တဲလိုပေါ့။ အခွန်မဆောင်ရင် အမေရိကန်နဲ့ အနောက်နိုင်ငံတွေမှာ အဖမ်းခံရ၊ ပစ္စည်းအသိမ်းခံရပါတယ်။ နှစ်ရှည်ထောင်ဒဏ်တွေလဲ အချခံရပါတယ်။ အခွန်ရှောင်တဲ့ပြစ်မှုက အကြမ်းဖက်မှုနည်းပါး ဒီမိုနိုင်ငံတွေမှာ အပြစ်ကြီးပါတယ်။

နောက်အမြန်ယာဉ်တွေ၊ မန္တလေး-တရုတ်၊ ရန်ကုန်-ထိုင်းကုန်သွယ်ကားတွေ၊ ရန်ကုန်-မန္တလေး၊ စစ်ကိုင်း-မကွေး ကုန်သွယ်ကားတွေကိုလဲ အခွန်ကောက်ရပါမယ်။ ဖြတ်သွားတဲ့ ယာဉ်တွေရော၊ ကုန်သယ်ယာဉ်တွေရောပါ။ ဒါဆိုရင် ဝင်ငွေစီးဆင်းမှုပုံမှန်ဖြစ်လာပါမယ်။ နှုန်းကိုတော့ အခွန်ရုံးကသတ်မှတ်ပေးရပါမယ်။ နောက်အိမ်ခြံမြေ ရောင်းဝယ်တာကိုလဲ ရခိုင်မှာလို အခွန်ကောက်ရပါမယ်။ အခွန်မဆောင်ရင် NUG က အသိအမှတ်ပြုမှာမဟုတ်ကြောင်း အတိအလင်းကြေငြာထားရပါမယ်။ ဒါမျိုးကိုနိုင်ငံခြားကလာရင်းနှီးမြုပ်နှံတဲ့ ကုမ္ပဏီတွေကို သတင်းစကားပါးနိုင်ရင် သူတို့လဲ မအလနဲ့ အလုပ်လုပ်ဖို့ နှစ်ခါပြန် စဉ်းစားလာမှာပါ။

အချို့ကိစ္စတွေက ဆေးခါးကြီးတိုက်မှရပါတယ်။ ကရင်ဘက်မှာ Denko ကို လုပ်တာမှန်နေပါပြီ။ ဒါပေမယ့်ဖြစ်နိုင်ရင် ဘာမှမလုပ်ခင် အခွန်ဆောင်ဖို့ ပညာပေးကြည့်ပါ။ အခွန်မဆောင်ရင်တော့ ဥပဒေနဲ့အညီဆောင်ရွက်ပါလို့ ပြောပါရစေ။ တော်လှန်ရေးမှာ ပြတ်သားမှရမှာပါ။ သူတို့က နိုင်ငံခြားကို ယောမင်းကြီးဇရပ်ပျက်ကလို သူတို့ကို ခြိမ်းခြောက်တယ်လို့ သွားတိုင်ရင် NUG အနေနဲ့ မိမိတို့က အခွန်ဆောင်ဖို့ ပညာပေးခဲ့ကြောင်း သူတို့ကမဆောင်လို့ ဥပဒေနဲ့အညီ အနောက်နိုင်ငံတွေမှာလို အခွန်တိန်းရှောင်မှုနဲ့ အဆိုပါအခွန်ရှောင်သူများရဲ့ပစ္စည်းကို သိမ်းဆည်းဖျက်ဆီးရတာဖြစ်ကြောင်း ပြန်လည်ဖြေရှင်းနိုင်လိုက်ရုံပါ။ အားလုံးဟာ ဥပဒေအတိုင်းသွားပြီး ပြတ်ပြတ်သားသားကိုင်ဖို့သာလိုပါတယ်။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page