NUG အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်
- Myat Tun Oo
- Jun 10, 2023
- 1 min read

ယခင်က DASSK ကို တတိယအင်အားစု Egress ကတဆင့် ဖျောင်းဖြခဲ့ပါတယ်။ ယခုက ယောမင်းကြီးဇရပ်ကအစ အများစုဟာ အဘလူဆိုတာ သိသွားလို့ သုံးမရတော့ပါ။ NLD ထဲက ဒေါ်စုစုလွင်ကိုသုံးဖို့ ကြိုးစားခဲ့ပေမယ့်သူမက စာရေးသူတို့ ရေးအပြီးမှာ ရှောင်ထွက်သွားခဲ့ပါတယ်။ နောက်ပိုင်း စန္ဒာမင်းကို သုံးဖို့လုပ်ပေမယ့် သူမဟာDASSK က အစကထဲက မကြိုက်သူမိုလို့ တိုးမပေါက်ခဲ့ပါ။ DASSK ဟာ တရုတ်နဲ့တွေ့ဖို့ကိုတောင် NLD ပါတီကသမ္မတကြီးနဲ့ မန်းဝကခတို့နဲ့မှသာ တွေ့မယ်လို့ပြောခဲ့လို့ သူမဟာ NUG ကို ယခုလုပ်တာရပ်ပါ PDF ကို ရပ်ပါပြောဖို့အကြောင်းမရှိဘူးဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် ဘဘဦးတင်ဦးကို ထုတ်သုံးဖို့ ကြိုးစားလာတာပါ။ ဒီဘုန်းကြီးကို ကန်တော့နိုင်ပေမယ့် သူမက သူမရဲ့ ခံယူချက်အတိုင်း ဆက်သွားမှာပါ။ ဘုန်းကြီးအများစုရဲ့ တွေးခေါ်မှုနဲ့ နောက်ခံဟာ တပ်ကလူတွေနဲ့ ဆင်ပါတယ်။ ဒီသဘာဝတရားနဲ့ စရဖဆက်သွယ်ပုံကို စာရေးသူ ရေးခဲ့ပြီးပါပြီ။မယုံသူများ ဘုန်းဘုန်းကို မပြစ်မှားဖို့ ပြောသူများလဲ ရှိခဲ့ပါတယ််။ ဆေကိန်ကိန်ကို NLD အစိုးရလက်ထက်မှာလဲ မအလလူမိုလို့ ပါချုပ်မပေးဖို့ ပြောခဲ့ဖူးပါသေးတယ်။ NUG/PDF ကို ဖြိုဖို့က NLD အမာခံတွေကို DASSK ကတဆင့် အမိန့်ပေးဖို့နဲ့ အောက်ခြေက NUG လက်အောက်ခံ ပအဖထံက အာဏာကို ကိုကိုကြီးတပည့်တွေကတဆင့် ဖိုရမ်လုပ် ဗမာဒေသမှာ အာဏာလိုချင်သူတွေနဲ့ NUCC ထောင်ပြီး NUG ကို အင်အားနည်းအောင်လုပ်ဖို့ပါ။ ပြည်သူကမြင်အောင်ကြည့်ပြီး အထူးသဖြင့် နိုင်ငံတကာရောက် ပြည်သူများက NUG ကိုထောက်ပံ့ NUG လက်အောက်ခံPDF ကိုသာ ထောက်ပံ့ဖို့ပါ။ NUG အင်အားရှိမှ တိုင်းပြည်အင်အားရှိပြီး တော်လှန်ရေး ပြတ်မှာပါလို့ ပြောပါရစေ။မဟုတ်ရင်တော့ ကြာမှာပါ။ နောက်ဆုံးပြည်သူကသာ ဆုံးဖြတ်ရမှာပါလို့ ပြောပါရစေ။
Comments