top of page
Search

NUG သတိထားရမည့် မီဒီယာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 22, 2023
  • 1 min read

ဒီမိုစနစ်မှာ မီဒီယာတွေရှိပါတယ်။ ဘယ်နိုင်ငံမှာမ ဘက်မလိုက်တဲ့ မီဒီယာမရှိပါ။ အမေရိကန်မှာ CNN ဆို ယခင်က ဘက်မလိုက်သလိုရှိခဲ့ပေမယ့် ထရမ့်ကို မကြိုက်ဘဲ ထရမ့်ဆန့်ကျင်ဘက်ကို ဘက်လိုက်ခဲ့ပါတယ်။ Fox News က လက်ယာပါတီဘက်လိုက်ပြီး MSNBC က ဒီမိုကရက်ပါတီဘက်လိုက်ပါတယ်။ အင်္ဂလန်မှာက ဘီဘီစီက ဘက်မလိုက်ရဆိုပေမယ့် တစ်ခါတလေမှာ လက်ဝဲယိမ်းလို့ ပြဿနာတက်ပါတယ်။ အီလွန်မတ်စ်က Twitter ယခု X ကို မယူခင်က Twitter က အလုပ်သမားတွေက လက်ဝဲယိမ်းလို့ ဖြုတ်ခဲ့ရပါတယ်။ သူ့ကိုဝိုင်းတိုက်ကြပါတယ်။ သူက သူလုပ်စရာ လုပ်သွားခဲ့ပါတယ်။ ထိုအချိန်က Twitter က သမ္မတရွေးကောက်ပွဲမှာ ဘိုင်ဒင်အနိုင်ရဖို့ သူ့သားသတင်းကို ဖုံးကွယ်ပေးထားတာကို Elon က ဖော်ထုတ်ခဲ့ပါတယ်။

ဒီနေရာမှာ မီဒီယာအချို့ရဲ့ ဘက်လိုက်မှုကို လေ့လာရအောင်။ ပထမက ဗိုလ်သံမဏီကိစ္စပါ။ ဗိုလ်သံမဏိဟာ အနောက်ဥရောပမှာ နေဖူးသူပါ။ သူက လူ့အခွင့်အရေးစံနှုန်းတွေကို ပွဲစားလူလိမ်တွေထက်နားလည်သူပါ။ အမေစုထောက်ခံသူပါ။ ဘုန်းကြီးကနေ လက်နက်ကိုင်တော်လှန်ပြီး အစဉ်အလာရှိသူပါ။ သူ့လက်အောက်ကလူ ပြစ်မှုကျူးလွန်ရာမှာလဲ သူက NUG စစ်ဆေးတာ ခံယူမယ်ဆိုပြီး ပြောခဲ့ အစစ်ခံခဲ့ပါတယ်။ ဒါပေမယ့် မီဒီယာအများစုက ဝိုင်းတိုက်ခဲ့ကြပါတယ်။ NLD က ဦးအောင်ကြည်ညွန့်အမျိုးကိုတောင် ဆွဲထည့်လိုက်ပါသေးတယ်။ အဲ့ဒီအချိန်က ဝိုင်းသမခဲ့တဲ့ မီဒီယာတွေ ယခုအချိန်သေနေကြပါပြီ။

အဆိုပါမီဒီယာတွေ နဂါးက လူသတ်လိုက်တာကို ဘာများ အကြီးအကျယ်သတင်းထုတ်ခဲ့ပါသလဲ? ဘယ်မဖျာသေနေကြပါသလဲ? ဒီနေရာမှာ NUG ကလူများအနေနဲ့ မီဒီယာများထဲမှ မိမိဖာသာ ဘီဘီစီမြန်မာပိုင်းကနေ အထုတ်ခံထားရသူများနဲ့ အင်တာဗျူးရာမှာ ဆင်ခြင်သင့်ပါတယ်။ အထူးသဖြင့် တသီးပုဂ္ဂလမီဒီယာဆိုသူတွေနဲ့ အင်တာဗျူးကို ရှောင်ပါ။ ထိုသူများက PLA နဲ့ အဆက်အသွယ်ရှိပြီး တတိယအင်အားစုထဲကပါ။ သူတို့ နဂါးကိုမေးတဲ့မေးခွန်းက အင်မတန်လွယ်ပြီး NUG ကို ဆီလိုအပေါက်ရှာမေးတယ်ဆိုတာ NUG အတွင်းဝန်နဲ့ အင်တာဗျူးကထဲက သိဖို့ကောင်းပါတယ်။ NUG အနေနဲ့ အင်တာဗျူးပေးလိုရင် မိမိအောက်ကမဟုတ်တဲ့ မီဒီယာဆိုရင်တောင် ဘီဘီစီလောက်ရွေးရင်ရပါပြီ။ ဒါပေမယ့် တတိယအင်အားစုနဲ့ တရုတ်ထောက်ပံ့မီဒီယာများကိုတော့ ရှောင်ပါ။

ယခုဆို နဂါးက လူလိမ်ဆိုတာ ပေါ်လာနေပါပြီ။ သူ့ကို ယုံသူများကလဲ ရှိမှာပါ။ ပထမအလိမ်ခံရတာက မသိလို့ဆိုရင် ဒုတိယ တတိယ အလိမ်ခံရရင်တော့ မိမိညံ့တာပါ။ နဂါးရဲ့အတွေးအခေါ်က စစ်တပ်နဲ့ တတိယအင်အားစုနဲ့ဆင်ပြီး သူက လွတ်တော်အမတ်တွေက သူ့လောက်မတော် သူ့လောက်မတတ်ကြောင်း မအလပြောသလို ပြောနေတာပါ။

ဒီနေရာမှာ စာရေးသူတို့က ပြည်သူရွေးကောက်ခံထံက မအလက အာဏာလက်နက်အားကိုးနဲ့ အာဏာသိမ်းတာကို တိုက်နေတာပါ။ မူအရတိုက်နေတာပါ။ တရုတ်ဩဇာခံ လက်နက်ကိုင်အဖွဲ့ကို အာဏာပေးဖို့မဟုတ်သလို ပါတီတစ်ဖွဲ့ကို အာဏာပေးဖို့မဟုတ်ပါ။ လူမျိုးစုတစ်ခုကို အာဏာပေးဖို့မဟုတ်ပါ။ ပြည်သူက ရွေးကောက်တင်မြှောက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အာဏာပေးဖို့ပါ။ လက်နက်ကိုင် နယ်မြေတွေက ဇရပ်မဟုတ်ပါ။ စာရေးသူက ကချင်မှာနေသူကို လက်နက်တတ်ပေးပြီး ကချင်ကိုသွားခိုင်းရင် KIA က လက်ခံမယ်လို့ သင်ထင်ပါသလား? ထို့အတူ စာရေးသူက ရခိုင်တောင်ပိုင်းနေသူကို လက်နက်တတ်ပေးပြီး သူ့နယ်သူပြန်တာဆိုပြီး သံတွဲကိုပြန်ခိုင်းရင် AA က လက်ခံမှာပါလား? ယခု PLA အဖွဲ့နေထိုင်နေတဲ့ MNDAA နဲ့ TNLA နယ်ထဲက တိုင်းရင်းသားတွေကို လက်နက်တတ်ပေးပြီး သူတို့နယ်ထဲ သူတို့ပြန်တာဆိုရင် MNDAA နဲ့ TNLA က ထိုအဖွဲ့တွေကို လက်ခံမယ်လို့ သင်ထင်ပါသလား? ထို့အတူ စာရေးသူက ရန်ကုန်နယ်ခံတွေကို လက်နက်တတ်ပေးပြီး ရန်ကုန်ကို ပြန်ခိုင်းရင် မအလက လက်ခံမယ်လို့ သင်ထင်ပါသလား? အဖြေကရှင်းပါတယ်။ နဂါးကို ပြည်သူကခန့်ထားတာမဟုတ်ပါ။ သူ့ရွာမှာ သူ့ဖာသာနေတာ ပြဿနာမရှိသေးပေမယ့် သူများနေရာမှာ လာရှုတ်ရင် အရေးယူရမှာပါ။

ပြည်သူက စဉ်းစားရမှာက ဆီးရီးယားလိုဖြစ်ချင်လား? လစ်ဗျားလိုဖြစ်ချင်လား? ဒါမှမဟုတ် တော်လှန်ရေးအမြန်ပြီးအောင် NUG ကို အရှိန်အဟုန်နဲ့ ဝန်းရံမှာလားဆိုတာပါ။ နောက်ဆုံးကတော့ ပြည်သူသာ အဓိကပါ။ NUG လဲ နဂါးတ မီဒီယာများ ဘီဘီစီ အလုပ်ထုတ်ခံထားရသူများနဲ့ အင်တာဗျူးရှောင်နိုင်ပါစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page