top of page
Search

NUG သွင်းသောဂိုးများ

Writer: Myat Tun Oo
Myat Tun Oo
Jun 7, 2022
1 min read


NUG က မအလကို စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး ဘက်ပေါင်းစုံကနေ ဂိုးသွင်းနေတာတွေ့ရပါတယ်။ အားလုံးမှတ်မိမှာပါ NUG က ယာယီသမ္မတက PDF တပ်တွေစစ်တဲ့ဓာတ်ပုံထွက်အပြီးမှာ မအလက ဘားလမ်းဗုံးနဲ့ တုန့်ပြန်ခဲ့ပါတယ်။ ယခုလဲ NUG ဝန်ကြီးချုပ်က PDF တပ်တွေကို စစ်ဆေးနေတဲ့ပုံနဲ့ ထွက်ပြလိုက်ပြန်ပါပြီ။ မအလဒါမျိုးလုံးဝ စစ်မြေပြင်မှာ စစ်ကိုင်းမှာ ကချင်မှာ ကရင်မှာ မလုပ်ပြရဲပါ။ ဆရာဇော်ဝေစိုး ယူကေမှာပြောသွားတဲ့ဗီဒီယိုကနေ ယူကေကလဲ သူတို့ကို တရားဝင်ခေါ်တွေ့တယ်ဆိုတာ သိလိုက်ရပါတယ်။ တချိန်ထဲမှာ မအလကို ပြင်သစ်ကတရားမဝင်အစိုးရလို့ခေါ်လိုက်တာက မအလကို ပါးရိုက်လိုက်သလိုပါ။ မအလဟာ ကြေညာချက်ထုတ်တာကလွဲလို့ ဘာမှပြန်မလုပ်ရဲတာကို တွေ့နေရပါတယ်။ အမေရိကန်၊ ပြင်သစ်၊ အင်္ဂလိပ်မပြောနဲ့ မလေးရှားကိုတောင် မကန်တော့ရုံတမယ်ပါ။ ပြည်သူတွေနိုင်နေလားဆိုရင် ဖေဖော်ဝါရီ ၁ ရက် ၂၀၂၁ က ကိုယ်ပိုင်တပ်မရှိခဲ့တဲ့ ပြည်သူ့အစိုးရမှာ တပ်ရှိလာနေပါပြီ။ အခြားသတင်းသမားတွေမပြောနဲ့ တရုတ်ပိုင် ဟောင်ကောင်အခြေစိုက် South China Morning Post မှာတောင် PDF တွေက အားကောင်းပြီး မအလကို ထိထိမိမိတိုက်နိုင်နေကြောင်း ရေးထားပါတယ်။ စာရေးသူအာဘော်မဟုတ်ပါ။ စာရေးသူတို့နိုင်နေတာက သေချာပါတယ်။ အလဲထိုးရမယ်ဆိုလို့ အလဲထိုးနေရတာပါ။ ပြည်သူက NUG ကို ဆက်လှူပါ။ တပ်တော်ကြီးက ရှေ့သို့ချီပြီး ဒါမှ မအလကို အလဲထိုးနိုင်မှာပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page