top of page
Search

NUG ကိုအားမရသူ၊ ဖောင်းထုသူများနှင့်စကားပြောခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 30, 2024
  • 2 min read

NUG ကိုအားမရသူ၊ ဖောင်းထုသူများနှင့်စကားပြောခြင်း

ယခု NUG ကို အားမရဖူး ပြောသူများနဲ့ လိုင်းပေါ်မှာ စကားပြောထားတာလေးကို အကျဉ်းချုပ် တင်ပြလိုပါတယ်။။ ပထမအမျိုးသမီးက NUG ကိုအားမရဘူးဆရာလို့ကျနော်ကိုပြောပါတယ်။ ဘာကိုအားမရတာလဲဆိုတော့ တော်လှန်ရေးကိုအချိန်တိုအတွင်းပြီးအောင် မတိုက်နိုင်လို့ဆိုပါတယ်။ ဒါဆိုဆရာမကဘယ်သူ့ကိုအားကျလဲဆိုတော့ သူကဗိုလ်နဂါးတို့ မောင်ဆောင်းခတို့ ကို အားကျတယ်လို့ပြောပါတယ်။ ဒါဆိုရင်ဆရာမအားကျတဲ့ နဂါးတို့ မောင်ဆောင်းခတို့ကကော ဘာလို့တော်လှန်ရေးကို ဆရာမပြောသလို အမြန်ပြီးအောင်မတိုက်နိုင်တာလည်းဆရာမလို့ မေးလိုက်ပါတယ်။ သူမက ဒါဟာ NUG ကြောင့်လို့ပြောပါတယ်။ ဆရာမ သူတို့က NUG အောက်မှာမရှိဘူး ဒါကြောင့်သူတို့က NUG က မတိုက်နိုင်ခဲ့ရင်သူတို့ကလည်း သူတို့ဦးဆောင်မှုအနေနဲ့တိုက်နိုင်ရမှာပေါ့လို့ပြန်ပြောပြခဲ့ပါတယ်။ ဆရာမက Elon Musk ကို အားမရရင် သူထုတ်တဲ့ Tesla ထက်ကောင်းတာကို ဆရာမထောက်ခံတဲ့ ကြိုက်တဲ့ BYD က ထုတ်နိုင်ရပါမယ်လို့ ပြောခဲ့ပါတယ်။ BYD မအောင်မြင်တာက Tesla က Elon Musk ကြောင့် အပြစ်တင်လို့မရပါ။ နိုင်ငံရေးပါတီအနေနဲ့ ဥပမာပေးပြောရရင် သင်က ဒီမိုကရတ်ဆိုရင် ဟားရစ်ကိုအားမရဘူးပြောတာ သဘာဝကျပါတယ်။

နောက်တယောက်ကတော့တစ်မျိုးပါ။။ သူက NUG ကို အားမရဘူး NUG ကရထားတဲ့ပိုက်ဆံတွေအများကြီးပဲဘာလုပ်နေလဲဆိုပြီးမေးပါတယ်။ ဒါဆိုရင်ဆရာမက ဘယ်လောက်လှူလဲလို့ ပြန်ပေးလိုက်ပါတယ်။ သူက မလှူနိုင်ဘူး ကလစ်ဘဲလုပ်တယ်လို့ပြောပါတယ်။ ဒါဆိုဆရာမက ဘာမှမလှူဘဲနဲ့ NUG ကိုဘာလုပ်ဖို့မျှော်လင့်လဲလို့ပြန်မေးခဲ့ပါတယ်။ သူက NUG ရဲ့ပိုက်ဆံတွေက ပြည်သူတွေကလှူထားတာမို့လို့ သူကတာဝန်ရှိတဲ့သူအနေနဲ့ သိလိုတယ်ဆိုပြီးပြောပါတယ်။ ဒါဆို ဆရာမ ကလစ်က ပိုက်ဆံဘယ်လောက်က NUG အောက်ကအဖွဲ့၊ ပိုက်ဆံဘယ်လောက်က တော်လှန်ရေးအမည်ခံ NUG မဟုတ်တဲ့ ဖယ်ဒရယ်ယူနစ်(KNDF) ၊ ဘယ်ဟာက BPLA ကိုရောက်သွားလဲ ဆရာမ သိလားဆိုတော့ ဒါတော့ သူမသိဘူးလို့ ပြောသွားပါတယ်။ ဆရာမ ကလစ်တာက ဆရာမ မသိသင့်ဘူးလား? ဆရာမက ကိုယ်မလှူတာကြတော့ သိချင်တယ်၊ ကို ကလစ်ခဲ့တာကျ မသိချင်ဘူးဆိုတော့ မဆန်းဘူးလားလို့။

နောက်တယောက်ကကျတော့ ကျနော် NUG ကိုအားမရဘူးဆရာလို့ ပြောပါတယ်။ ဒါဆိုရင်တော့ဘယ်သူ့ကိုလှူသလဲလို့ပြန်မေးလိုက်ပါတယ်။ သူကကျွန်တော်ကကရင်နီကို လှူတယ်လို့ပြောပါတယ်။ ဘယ်ကရင်နီအဖွဲ့လဲလို့စာရေးသူက ထပ်မေးပါတယ်။ သူက KNDF ပြောပါတယ်။ ဒါဆိုရင်ဆရာအလှူတာကကောင်းပါတယ်။ ဒါပေမယ့် ဆရာလှူတာက NUG အောက်က မဟုတ်ဘဲ  KNDF က ကရင်နီအုပ်ချုပ်မှု ဖယ်ဒရယ်စနစ်အောက်မှာရှိတယ်ဆိုတာသိပါသလားလို့ ပြန်မေးလိုက်ပါတယ်။ သူကအနည်းငယ် တွေဝေသွားပါတယ်။ စာရေးသူက ခင်ဗျားက NUG အောက်က PDF ကို မလှူဘဲနဲ့ NUG ကိုအားမရဘူးဖို့ဆိုတော့ NUGက ဘာလုပ်ပေးရမှာလဲလို့ ပြန်မေးလိုက်ပါတယ်။

နောက် NUGကို အားမရသူကတော့ နဂါးကိုလှူသူပါ။ သူကလည်းသူကနဂါးကိုထောက်ခံကြောင်း နဂါးသာလှူကြောင်းဝန်ခံပါတယ်။ ဒါဆိုရင်ဆရာလှူထားတဲ့နဂါးက ဘာတွေလုပ်ပြီးပြီလဲလို့ စာရေးသူကပြန်မေးလိုက်ပါတယ်။ သူကဘာမှလက်ဆုတ်ကိုင်ပြန်မပြောနိုင်မှာပါ။

အခြားတစ်ယောက်ကတော့ NUG ကို အားမရဘူးလို့ ပြောပြပါတယ်။ ဘယ်သူ့ကိုလှူလဲဆိုတော့ သူကမောင်ဆောင်းခရဲ့ BPLA ကို ထောက်ခံသူပါ။ သူက မောင်ဆောင်းခကိုတော့ ငွေလှူတယ်လို့ပြောပါတယ်။ စာရေးသူက မောင်ဆောင်းခဟာ NUG အောက်မှာ မရှိဘူးဆိုတာကိုခင်ဗျားသိလားလို့မေးပါတယ်။ သူကမောင်ဆောင်းခက တော်လှန်ရေးအတွက်တိုက်နေတာလို့ ပြန်ပြောပါတယ်။ ဟုတ်ပြီ ဒါဆိုလို့ရှိရင် ခင်ဗျားကမောင်ဆောင်းခကိုလှူပြီး NUGကို အားမရဘူးဆိုတော့ ခင်ဗျားကို ဘာလုပ်ပေးရမှာလဲလို့စာရေးသူကပြန်မေးလိုက်ပါတယ်။ ခင်ဗျားက မန်ယူကို အားပေးပြီး ဘာဆီလိုနားကို အားမရဘူး ထအော်တာနဲ့ တူနေပါတယ်လို့ ချပြခဲ့ပါတယ်။ဒါဆို ခင်ဗျားလှူတဲ့ မောင်ဆောင်းခက ဘယ်မြို့တွေ တိုက်ပြီးပြီလဲဆိုတော့ သူက လားရှိုးတိုက်ပြီးပြီလို့ ပြောပါတယ်။ ဒါဆိုရင် ဘာလို့ လားရှိုးမှာ မနေလဲဆိုတော့ ကိုးကန့်က မနေခိုင်းလို့လို့ ပြောပါတယ်။ ဒါဆိုရင် သူကတိုက်ပြီး ကိုးကန့်ကို လက်ဆောင်ပေးခဲ့တာလားဆိုတော့ ဘာမှ မဖြေနိုင်ပါ။

နောက်လူကတော့ စာရေးသူကြိုက်တဲ့ အဆိုတော်တစ်ယောက်ပါ။ သူကလည်း NUG ကို အားမရပါဘူး။ ဒါပေမယ့်သူကကရင်နီဒေသမှာ အဓိကအထောက်အကူပေးပါတယ်။ အထောက်အကူပြုတာကိုဝမ်းသာပါတယ်။ သူကအမေစုကြည်ညိုပြီး လူမျိုးရေးမခွဲခြားဘဲအထောက်အကူပေးတဲ့အတွက်လည်း ကြိုဆိုပါတယ်။ ဒါပေမယ့်သူ့ကိုထောက်ပြလိုတာက ဒီအဖွဲ့က မအလကိုတိုက်နေတာမှန်ပေမယ့် သူက NUGအောက်မှာ တိုက်ရိုက်မရှိဘဲ ကရင်နီဖယ်ဒရယ်အုပ်ချုပ်မှုအောက်မှာပါ။ NUGကိုတိုက်ရိုက်အဓိကမထောက်ပံ့ဘဲ အခြားလက်နက်ကိုင်အဖွဲ့ကိုထောက်ပံ့ပြီး NUG ကိုအားမရဖူးပြောတာကတော့ အဆင်မပြေပါ။ သူလုပ်ပုံက Samsung ဝယ်ထားပြီး Apple ကို အားမရဘူးပြောနေသလိုပါ။

နောက်ဆုံးလူက NUG စာရင်းစစ်ချုပ်အစီရင်ခံစာကြည့်လို့ရမလားတဲ့? ခင်ဗျားက စရဖလားလို့ ပြန်မေးလိုက်ပါတယ်။ ဒါဆိုရင် နဂါးစာရင်းစစ်က ဘယ်သူလဲ မောင်ဆောင်းခ BPLA စာရင်းစစ်ကရော ဘယ်သူလဲ သူတို့စာရင်းရော ချမပြဘူးလား ဒါနဲ့ AA ရော တော်လှန်ရေးမှာ စာရင်းရှင်းတာ ခင်ဗျားမြင်ဖူးလားလို့ ပြန်မေးချိန်မှာ ပါးစပ်ပိတ်သွားခဲ့ပါတယ်။

အကျဉ်းချုပ်ရရင် NUG အောက်က တိုက်ရိုက်ထိန်းချုပ်မှုရှိတဲ့ ပြည်မက PDF ကို များများလှူပေးပါا။ NUG ကလည်း ပြည်မက စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးမှာရှိတဲ့ မိမိလက်အောက်က PDF အဖွဲ့တွေကို လက်နက်အပြည့်အစုံထောက်ပံ့ပေးပါ။ ထိုကဲ့သို့ထောက်ပံ့နိုင်အောင်လည်း ပြည်သူကကူညီပါ။ မဟုတ်ရင်တော့ အဆိုပါလက်နက်ကိုင်တွေဟာ ကွန်မြူနစ်ဝါဒီ PLA၊ နိုင်ငံခြားက ဘယ်ကမှန်းမသိ ပိုက်ဆံရနေတဲ့ တရုတ်နဲ့ ဘယ်လိုနွယ်မှန်းမသဲကွဲတဲ့ တရုတ်တပည့်နဲ့ ရင်းနှီးပြီး NUG ဩဇာမခံတဲ့ BPLA ထံ ရောက်သွားပါလိမ့်မယ်။

သင်တို့က NUGကိုအားမရရင် သင်တို့အားရတဲ့အဖွဲ့တွေကကော ဘာလုပ်နိုင်နေပါပြီလဲ။ အချို့က မီဒီယာနဲ့နီးစပ်လို့သာ သူတို့မကောင်းကြောင်းက လိုင်းပေါ်မတက်လာတာပါ။ နောက်ဆုံးကပြည်သူသာ အဓိကပါ။ ပြည်သူကသာဆုံးဖြတ်ရမှာပါ။ စာရေးသူတို့တိုင်းပြည် ပြည်မထဲမှာ ဆီးရီးယားလိုအဖွဲ့များစွာကွဲတာကို မလိုလားပါ။  စာရေးသူတို့ကသူတို့စိုးရိမ်သလို မဖြစ်စေဘဲညီညွတ်ကြောင်းပြရမှာပါ။ ဒါမှမဟုတ်ဘဲအဖွဲ့များစွာကွဲနေရင်တော့ အဖွဲ့မျိုးစုံကွဲတာကို အားပေးနေရင်တော့ ပွဲက ကြာရှည်နေမှာပါ။ မြန်ချင်လား ကြာချင်လား ပြည်သူကသာ ဆုံးဖြတ်ရမှာပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page