top of page
Search

NUG ကို အားမရဘူးပြောသူ DASSK ဖောင်းထုသူသို့

Writer: Myat Tun Oo
Myat Tun Oo
Jun 29, 2021
1 min read

ငါက NUG D Day ပြောတာ အားမရဘူး။ NUG ဟိုဟာလုပ်ပါလား ဒီဟာလုပ်ပါလား? ခင်ဗျားဘာလုပ်နေလဲ? ကျွန်တော်က အဖမ်းခံရမှာစိုးလို့ ပထမဆုံးလေယဉ်နဲ့ ဥရောပကိုထွက်ပြေးလာတာ။ ကျွန်တော့်အမှုက NUG က ဆရာဇော့်လို နိုင်ငံတော်ပုန်ကန်မှုမဟုတ်ဖူး။သတင်းရေးတာလောက်ဘဲ။ ဒါပေမယ့် ကျွန်တော်ကြောက်တယ်။ ကျွန်တော်ကသာ ကြောက်လို့ထွက်ပြေးတာ ကျွန်တော်က NUG ကို ဘာလို့ကြောက်တာလဲ ဝေဖန်တတ်တယ်။ ဒါဆိုယခုမှ NUG ကို ဝေဖန်တာလား? ကျွန်တော်က ယခင်က DASSK အစိုးရ ဘာလုပ်လုပ် ယခင်ကဝေဖန်ခဲ့တယ်။ ယခုက NUG ကိုပြောင်းပြီး ဝေဖန်တာ။ ကျွန်တော် NUG က ဝန်ကြီးကိုလဲဂျောင်ပိတ်မေးဖူးတယ်။ သူကတော့ အဖြေတတ်လို့ လွတ်သွားတယ်။ ကျွန်တော်ကလူမျိုးရေး တိုက်ပေးတာလဲလုပ်တယ်။ ။ ပဲခူးမှာလဲ ဂျင်းသတင်း ကျွန်တော်တင်ပြီး ဆန္ဒပြသူတွေကို ဒုက္ခပေးဖူးတယ်။ တကယ်က ဥရောပကို မထွက်ပြေးလဲ အဘက ဘာမှမလုပ်ဖူး။DASSK ဝေဖန်ရင် မဖမ်းဘူး။ ဒါပေမယ့် တာဝန်အရ ဥရောပကနေ ဝေဖန်ဖို့လိုတယ်။

ကျွန်တော့်သတင်းကို လူတွေက ကြိုက်တယ်။ စစ်တပ်က ထိပ်သီးသတင်းတွေ ကျွန်တော့်ထံရောက်တယ်။ ယခင်က ဂိုရှယ်ရသလိုပေါ့။ နီလာစိန့်အသံဖိုင် ကျွန်တော့်ထံရောက်ပေမယ့်ဘယ်အရာရှိကတော်မှ အဖမ်းမခံရဘူး။ နောက် ဒုချုပ် ဘုန်းကြီးတွေ ဘွဲ့တံဆိပ်ကပ်ဖို့ ရန်ကုန်ဆင်းလာတယ် ကျွန်တော့်ထံသတင်းရောက်လာပြီး အာဏာသိမ်းမလို ဒရာမာဖြစ်သွားတယ်။ ကျွန်တော့် Channel နာမည်ကြီးသွားတယ်။

ကျွန်တော် ဆရာဇော်ဝေစိုးလို DASSK နဲ့ပေါင်းပြီး တိုင်းပြည်ကောင်းအောင် မလုပ်ပေးဖူးဘူး။ ဆရာဇော့်လို ပညာမတတ်ဘူး မချမ်းသာဘူး ဒါပေမယ့် ကျွန်တော်တတ်တာက DASSK ဖောင်းထုဖို့ မိမိအမျိုးကောင်းစားဖို့ဘဲ။ ကျွန်တော်တတ်တာ ဂျင်းထည့်တာ ကန့်လန့်လုပ်တာနဲ့ NUG နဲ့ တိုင်းရင်းသားကို ရန်တိုက်ပေးတာကျွမ်းတယ်။ NUG ကြောင့် တိုင်းရင်းသားတွေစစ်ဘေးရှောင်ရသလို ရေးပြီးရန်တိုက်တတ်ပေမယ့် ရခိုင်မှာ အရပ်သားတွေ စစ်ဘေးရှောင်ရရင် AA နဲ့ အဘတပ်ကို ကျွန်တော်မဝေဖန်ရဲဘူး။ ကျွန်တော်က အန်တီကြူ့ကို ယုံတယ်။ ဒါ့ကြောင့် NLD နဲ့ DASSK ကြောင့်လို့သာ ကျွန်တော်ဝေဖန်ခဲ့တယ်။ ဒါနဲ့ ရိုဟင်ဂျာကိုတိုက်ဖို့စစ်တပ်ကိုသွားခေါ်တာ ဘယ်သူတွေများလဲ? ဘယ်ပါတီ ဘယ်အဖွဲ့လဲ? NUG က ဝန်ကြီးကိုဗျူးသလို မိမိပါတီကို သွားဗျူးကြည့်ပါလား? ဒါနဲ့ နီလာစိန်အသံဖိုင်အပြီး ပန်ဆယ်လိုကိုတိုက်ခိုက်တယ်။ ပန်ဆယ်လိုအကောင့်ကို ရန်တိုက်လို့မရလို့ ပြည်တွင်းတပ်ထဲနဲ့ စရဖက အကောင့်ကျအောင် ဝိုင်းထုတယ်။ NUG ဝေဖန်သူ နီလာစိန့်အသံဖိုင် ပေါက်သူကိုတော့ အဘသားများက ဘာမှမလုပ်ပါ။ အငြိုးမထားတတ်ဘူး။ သူလေးက အန်တီကြူ့Fan။ ယခု ဆရာဇော့်ကို တိုက်ခိုက်တယ်။ တကယ့်လူက လွတ်နေသလိုဘဲ။ သတိထားကြပါ။ နောက်ဆုံးကတော့ ပြည်သူကသာ ဘယ်သူက ခေါင်းဆောင် ဘယ်သူက ဟောင်ကောင်ဆိုတာ ဆုံးဖြတ်သွားမှာပါ။ ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jun 30, 2021

ဦးမြတ်!!! ဓမ္မတရား ဝိပဿနာ အားထုတ်နည်းနှင့် ရှင်းမှရမှာမို့ အားထုတ်နည်းဖြင့် ရှင်းပြပါရစေ။ ဝိပဿနာတရား အားထုတ်သည်ဆိုသည်မှာ မိမိခန္ဓာကို မိမိဉာဏ်ဖြင့် ဝေဖန်သုံးသပ် ဆုံးဖြတ်ခြင်းသာ ဖြစ်ပါသည်။ ခန္ဓအရှိက အနိစ္စလက္ခဏာ ၊ ဒုက္ခလက္ခဏာ ၊ အနတ္တလက္ခဏာ (ဖြစ်ပြီးပျက်တတ်သည့် ဖြစ်-ပျက် လက္ခဏာ) သာရှိပါသည်။

~အမေက မွေး ၊ ကံက ပေးသော ကံမျက်လုံးဖြင့် ရှုမြင်သုံးသပ်၍ မရပါ။

~ပါရမီက မွေး ၊ ဆရာသမားကတပ်ပေးသည့် ဉာဏ်မျက်လုံးနှင့်သာ ရှုမြင်မှရပါသည်။

ပကတိကံမျက်လုံးနဲ့ကြည့်ရင် ချောတယ် လှတယ် အရုပ်ဆိုးအကျည်းတန်တယ်ပဲ မြင်ပြီး၊ တော်တော်နဲ့ မသေပါဘူး၊ ခိုင်တယ်မြဲတယ်ဟုသာ မြင်ကြပါသည်။

**ဉာဏ်မျက်လုံးနဲ့ကြည့်မှသာ ပေါ်ပြီးပျောက်သည့်သဘော ၊ မခိုင်ခံ့သည့်သဘော ၊ အဖန်ဖန် အပျက်ဖြင့် နှိပ်စက်ခြင်းသဘောကို မြင်တွေ့ရပါသည်။ (အမောဟဆိုသည့် ဉာဏ်ပါသော တိဟိတ် ပုဂ္ဂိုလ်များသာ မြင်နိုင်စွမ်းပါသည်)

ဉာဏ်မရှိသူများကတော့ ခန္ဓာကိုကြည့်ရင် အပျက်မတွေ့တော့ မြဲတယ် ထင်ကြပါသည်။

**ကိုယ်မှ ဉာဏ် မမီတာကို*း။ ဉာဏ်မမီတာကို ကာဖို့ ကွယ်ဖို့ ဒါန သီလဖက်လှည့်ကြပါသည်။

(ခန္ဓာအကြောင်း သိအောင် ဝေဖန်သုံးသပ်မယ်ဆိုလျှင် ခန္ဓာအစဥ်ကို လိုက်မြင်နိုင်စွမ်းသော ဉာဏ် လိုပါသည်)ဉာဏ်မရှိက (ဘုရားဟောမို့သာ ၊ လက်ခံရတာ) (လူဘုံအလယ် အနိစ္စ ဒုက္ခ အနတ္တ မရှိပါဘူးရယ်လို့) ပြောမထွက်ရဲပါဘူး။

ပြောရင် **သာသနာဖျက် စာရင်းထဲ ဝင်သွားမှာပေါ့**


************************************


ဆရာကြီးသခင်ကိုယ်တော်မှိုင်းကဗျာတွေကို သုံးသပ်ဝေဖန်မယ်ဆိုလျှင် မိမိသန္တန်မှာ **မျိုးချစ်စိတ် အခံဓါတ်**မည်မျှ ရှိပြီလဲဟူသော ပေတံဖြင့်တိုင်းပြီး စံ မှီ မမှီ ဆုံးဖြတ်ပြီး ဝေဖန်မှ အကျိုးရှိပါမည်။ အခံမရှိပဲ ဝေဖန်ပါက စာချစ်သူ ကဗျာ နှစ်သက်သူ အမျိုးကို မြတ်နိုးသူတို့က(ထိုဝေဖန်ပုတ်ခပ်သူကို)**ကြောက်ပေါကြီး**ဟု ရှုံ့ချကြပါမည်။

ဘကြီးမှိုင်းရဲ့ ဂုဏ်ကို ကြောက်ကြောက်ရွံရွံနဲ့ ဝေဖန်ရင်း…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page