top of page
Search

NUG သတိထားရမည့် အရေးကြီးထောင်ချောက်ကျောက်ဖြူ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 29, 2023
  • 1 min read

အဘထောက်ခံသူရော ဒီမိုပါ တရုတ်ကို မုန်းပါတယ်။ အဘကလဲ သူမနိုင်တာ တရုတ်ကြောင့်လို့ထင်ပါတယ်။ ယခုရက်ပိုင်း တရုတ်နဲ့ မအလကျောက်ဖြူကို စာချုပ်ချုပ်ပါတယ်။ ဒီနေရာမှာ စာရေးသူထံကို စာဖတ်ပရိသတ်ဆိုသူက ယခုလိုမေးပါတယ်။


“ဆရာရေကျန်တတွေခနထားကြအုံးစို့, ဆရာ NUG ကြီးကရွေးကောက်ခံလွှတ်တော်အမတ်တွေCRPH ဆိုဖွဲ့ပြီးNUG ဆိုပြီးတရားဝင်အစိုးရလို့ကြေညာပါတယ်၊ အခုစစ်အာဏာရှင်တွေ အသိအမှတ်ပြုပြီး၊ တရုတ်ကြီးကကျောက်ဖြူရေနက်ဆိပ်ကမ်းစာချုပ်ချုပ်သွားပါတယ်၊ အဲဒါဆိတ်ဆိတ်နေမှာလား၊ ဘာအသံထွက်ပေးမှာလားမေးပေးပါ၊ ကျွန်တော်သဘောကတော့ရှက်သင့်ပါတယ်)”


ဒါက သူရေးထားတဲ့ မေးခွန်းအတိုင်း စာလုံးပေါင်းအတိုင်းရေးထားတာပါ။


သူက တတိယအင်အားစု (သို့) စရဖ (သို့) ဘောမဖြစ်ဖို့များပါတယ်။ သူမေးထားတာမျိုးက သတင်းသမားတွေကလဲ NUG ကို မေးနိုင်သလို၊ တတိယအင်အားစုနဲ့ ဘောမများကလဲ NUG ကို ဒုက္ခရောက်အောင်မေးနိုင်ပါတယ်။ NUG အဖြေမှားရင် တရုတ်နဲ့ပိုဝေးသွားပြီးတီကောင်နဲ့ တတိယအင်အားစုက ကောက်စားသွားနိုင်သလို မအလကလဲ တရုတ်ကို NUG က တရုတ်ဆန့်ကျင်တယ်ဆိုပြီး သူနဲ့ပိုနီးစပ်အောင် လုပ်သွားမှာပါ။ ထို့အတူ NUG က စီမံကိန်းကို ထောက်ခံသလို သွားလုပ်ရင်လဲ တရုတ်ဆန့်ကျင်တဲ့ NUG ထောက်ခံသူတွေနဲ့ ထိပ်တိုက်တွေ့သွားနိုင်ပါတယ်။ အချို့ကိစ္စတွေက မိမိရန်သူမေးနိုင်တာတွေကို ကြိုတင်သိရတာလဲ အင်မတန်ကောင်းပါတယ်။ သူ့မေးခွန်းက ကြိုစဉ်းစားသင့်တဲ့ကိစ္စပါ။ ဒါဆိုစာရေးသူသာဆိုရင် NUG နေရာမှာ ဘယ်လိုပြန်ဖြေမလဲ?

စာရေးသူတို့တည်ဆောက်တဲ့နိုင်ငံဟာ ဖယ်ဒရယ်ပါ။ ဖယ်ဒရယ်မှာ ပြည်နယ်က သူ့အချုပ်အခြာပိုင်ပြီး သူတို့က ဘာလုပ်ချင်တယ်ဆိုတာ ဆုံးဖြတ်ရပါမယ်။ ၂၀၀၈ ခြေဥဟာ ပြည်မက ဗဟိုချုပ်ကိုင်မှုဖြစ်ပြီး ဗဟိုကစီမံချက်တွေကို ဆုံးဖြတ်ပါတယ်။ NUG က ၂၀၀၈ ကို အခြေမခံလို့ ဗဟိုကဒါမျိုးတွေကို မဆုံးဖြတ်ဘဲ ပြည်နယ်တွေကသာ ဆုံးဖြတ်ရမှာပါ။ ကျောက်ဖြူဟာ ရခိုင်ပြည်နယ်ထဲမှာ ရှိပါတယ်။ ရခိုင်မှာ AA က တပ်ရှိပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ အမတ်အများစုက NLD ကနိုင်တာမဟုတ်ပါ။ ဒါကြောင့် ရခိုင့်ကံကြမ္မာကို ရခိုင့်တပ်နဲ့ ရခိုင့်နိုင်ငံရေးပါတီတွေကသာ ဆုံးဖြတ်ရမှာပါလို့ ဖြေပါမယ်။ ရခိုင်ပြည်သူတွေက တရုတ်စီမံကိန်းကို သဘောတူရင် သူတို့က ဆုံးဖြတ်မှာပါ။ ဗမာ့မြေပေါ်က ပိုက်လိုင်းဖြတ်ရင်တော့ သူဖြတ်တဲ့ဒေသကလူတွေက ဆုံးဖြတ်ရမှာပါ။ ထိုနည်းတူစွာဘဲ ရိုဟင်ဂျာကိစ္စလာမေးလဲ ထိူ့အတူသာဖြေပါ့မယ်။ ဘာလို့လဲဆိုတော့ ရခိုင်ဟာ ဖယ်ဒရယ် (သို့) ကွန်ဖယ်ဒရိတ်ဆိုပြီး ခွဲထွက်ရင်လဲ ခွဲထွက်မှာပါ။ သူတို့ကံကြမ္မာကို သူတို့ကသာ ဆုံးဖြတ်ရမှာပါ။ ဒါက ဖယ်ဒရယ်နဲ့ ကွန်ဖယ်ဒရိတ်သဘောပါ။

ဒီလိုဖြေရင် ဘောမတွေကလဲ တရုတ်နဲ့ ရန်တိုက်ပေးလို့မရသလို တတိယအင်အားစုကလဲ NUG ကိုချောက်တွန်းလို့မရ၊ မိမိထောက်ခံသူပြည်သူများလဲ ဖယ်ဒရယ်သဘောကို သဘောပေါက်ပြီး ရခိုင်ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို နားလည်သွားမှာပါ။ ရခိုင်ပြည်သူဆိုရာမှာ ပြည်သူရွေးကောက်ခံရခိုင့်အမတ်တွေနဲ့ သူ့တပ် AA ပါ။ အေးမောင်တို့ အေးနုစိန်တို့က ဘယ်သူဆိုတာ ရခိုင်ပြည်သူတွေသိသလို AA လဲသိမှာပါ။ စာရေးသူတို့ဟာ ဖယ်ဒရယ်ကို ပါးစပ်ကမပြောဘဲ စီမံကိန်းတွေမှာ တိုင်းရင်းသားလွှတ်တော်ရွေးကောက်ခံက ဆုံးဖြတ်တာကိုလေးစားပြပြီးဖြေရှင်းရင် အဖြေလှမှာဖြစ်သလို ချောက်ထဲမကျအောင်လဲ ရှောင်နိုင်မယ်လို့ ပြောပါရစေ။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

1件のコメント


Maung Chit Khaing
Maung Chit Khaing
2023年12月29日

ကျောက်ဖြူရေနက်ဆိပ်ကမ်း ရခိုင်ပြည်သူတွေက ဆုံးဖြတ်မှာပါ။

いいね!
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page