top of page
Search

Novel Coronavirus တုပ်ကွေးမဖြစ်အာင် ဘယ်လိုနေရမလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 31, 2020
  • 1 min read

စာရေးသူရဲ့ တူ တူမဆရာဝန်တွေက ဒါလေးကိုတင်ပေးပါဆိုလို့ တင်ပေးလိုက်ပါတယ်။

ယခုတရုတ်ပြည်မှာဖြစ်တဲ့တုပ်ကွေးက လူအချင်းချင်း ကူးနိုင်ပါတယ်။ အများစုတုပ်ကွေးက ရောဂါဖြစ် နှာစေး၊ ချောင်းဆိုး၊ အဖျားသွေးရှိမှ လူအချင်းချင်းကူးကြပါတယ်။ ဒါပေမယ့် ဒီပိုးကတော့ရောဂါလက္ခဏာမပြခင် ကူးနိုင်တယ်လို့ တရုတ်အစိုးရက ပြောပါတယ်။ ဒါကိုဟုတ်မဟုတ် ယခင်ကသံသယရှိပေမယ့် ယခုတော့ ဒါဟာ ဂျာမနီက ကူးစက်ခံရသူ လေးဦးကြောင့် ဖြစ်နိုင်တယ်လို့အတည်ပြုလာပြီး ဒီအပတ် ဆေးပညာမဂ္ဂဇင်း New England Journal Of Medicine မှာ ရေးထားပါတယ်။

ပြည်သူတွေအနေနဲ့ မျက်နှာအကာကို လိုက်ဝယ်နေပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဘာတွေလုပ်ရမယ်ဆိုတာကို ကြေညာထားပါတယ်။ ဒါတွေကို အများသိအောင် အကျဉ်းချုပ်ရေးပေးပါ့မယ်။

၁။ လက်ကို ဆပ်ပြာနဲ့ ရေဆေးဖို့ပါ။ လက်က ညစ်ပတ်နေရင် ချောင်းဆိုးရင် အခြားလူနဲ့ ထိတွေ့မိရင်အိမ်သာတက်ပြီးရင်၊ အသားငါးကိုင်ပြီးရင် ဘာလုပ်ပြီးပြီး လက်ကို ဆပ်ပြာနဲ့သေချာဆေးဖို့ပါ။

၂။ ချောင်းဆိုးရင်ဖြစ်ဖြစ် နှာချေရက်ဖြစ်ဖြစ် လက်နဲ့ (သို့) တစ်ရူးနဲ့ကာကွယ်ပြီး ပြီးရင်နှာရည်ရှိတဲ့စက္ကူကို အလုံပိတ် အမှိုက်ပုံးထဲ သေချာစွာစွန့်ပစ်ဖို့ပါ။ သို့မဟုတ် အိမ်သာထဲစွန့်ပစ်ပါ။ ပြီးရင် လက်ကို ဆပ်ပြာနဲ့ ဆေးပါ။

၃။ မိမိချောင်းဆိုးနေရင် နေမကောင်းရင် လူအုပ်ထဲကို မသွားပါနဲ့။ လမ်းပေါ်မှာ တံတွေးမထွေးပါနဲ့။ နေမကောင်းရင် ဖျားရင် ချောင်းဆိုးရင် ဆရာဝန်ကို ချက်ချင်းသွားပြပါ။

၄။ ဖြစ်နိုင်ရင် သားစိမ်း ငါးစိမ်းလှီးတဲ့ ဓားကို အခြားအစာတွေ လှီးဖြတ်ရာမှာ မသုံးပါနဲ့။ အသား ငါးကိုင်ပြီးရင် လက်ကို ဆပ်ပြာနဲ့ဆေးပါ။

၅။ ရောဂါကြောင့်သေသွားတဲ့ တိရိစ္ဆာန်တွေရဲ့အသားကို မစားပါနဲ့။ ကိုင်မိရင် လက်ကို ဆပ်ပြာနဲ့ဆေးပါ။

၆။ တရုတ်ပြည်မှ (သို့) အရှေ့တောင်အာရှမှာ သားငါးစျေးထဲသွားဝယ်လို့ ကိုင်မိခဲ့ရင် လက်ကို ဆပ်ပြာနဲ့ဆေးပါ။ အဲ့ဒီလက်နဲ့ မျက်စိ၊ နှာခေါင်းနဲ့ ပါးစပ်တွေကို မကိုင်မိပါစေနဲ့။ လက်ကို ဆပ်ပြာနဲ့ သေချာစွာဆေးပါ။

၇။ သားငါးစျေးမှာ စျေးရောင်းရင် ကာကွယ်တဲ့ အင်္ကျီ၊ လက်အိတ်၊ မျက်နှာဖုံးတွေ ဝတ်ပါ။ ထိုအဝတ်များကို စျေးသိမ်းချိန်မှာ စနစ်တကျ စွန့်ပစ်ပါ။ လက်ဆေးပါ။

ခရီးသွားလိုသူများ

ဖျားနာ ချောင်းဆိုးရင် ခရီးမသွားပါနဲ့။

ဖျားနာ ချောင်းဆိုးနေသူတွေကို ရှောင်ပါ။ ထိတွေ့မိရင် လက်ကို ဆပ်ပြာနဲ့ဆေးပါ။ မဆေးခင် လက်နဲ့မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို မကိုင်မိပါစေနဲ့။

ချောင်းဆိုးရင် လက်နဲ့အုပ်၊ တစ်ရူးနဲ့ကာ ဒါမှမဟုတ် မျက်နှာဖုံးနဲ့ ကာထားပါ။

နေမကောင်းရင် ဆရာဝန်သွားပြပါ။

သေချာကျက်အောင်ချက်ထားတာကိုသာ စားပါ။

လမ်းပေါ်မှာ တံတွေးမထွေးပါနဲ့။

အကျဉ်းချုပ် ဘာမှတ်ထားရမလဲဆိုရင်

လက်ကိုဆပ်ပြာနဲ့ဆေးပါ။

ချောင်းဆိုးရင် နှာခေါင်းနဲ့ပါးစပ်ကို ကာဆိုးပါ။

တံတွေးကို လမ်းပေါ်မှာမထွေးပါနဲ့။

နေမကောင်းရင် ဖျားနာ ချောင်းဆိုးရင် ဆရာဝန်သွားပြပါ။

အသား ငါးကို သေချာစွာကျက်အောင်ချက်စားပါ။

အားလုံးကျန်းမာ ချမ်းသာကြပါစေ။

Photo Source: WHO

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page