top of page
Search

NLD လက်ထက် လျှပ်စစ်တိုးတက်မှု

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 18, 2020
  • 1 min read

NLD အစိုးရ တက်လာချိန်မှာ ဝေဖန်သူအချို့က မလုပ်တတ်ဘူး ဘာညာ ဝေဖန်လေ့ရှိပါတယ်။ စာရေးသူတို့ကလဲ NLD လက်ထက်မှာ တိုးတက်လာတယ်ပေါ့။ ယခုတော့ Chair NLD website မှာ လျှပ်စစ်မီးနဲ့ ပတ်သက်လို့ တင်ထားတော့ အထောက်အထားနဲ့ ကိုးကားရတာ ပိုလွယ်လာပါတယ်။

မြန်မာပြည်မှာ လွတ်လပ်ရေးရအပြီးကနေ ၂၀၁၆ အထိ တိုင်းပြည်ရဲ့ ၃၄% သာ မီးရရှိခဲ့ပါတယ်။ အဲ့ဒီအထဲမှာ ၁၉၆၂ ကနေ ၂၀၁၆ အထိ ၅၄ နှစ်က စစ်အစိုးရပါ။ NLD အစိုးရလက်ထက် ၂၀၁၆-၂၀၂၀မှာ လေးနှစ်အတွင်းမှာ တိုင်းပြည်ရဲ့ ၂၀% တိုးပြီး မီးရရှိသွားခဲ့ပါတယ်။ ဒါ့အပြင် ယခင်ကလိုလျှပ်စစ်မီး မမှန်မှုတွေလဲ နည်းသွားခဲ့ပါတယ်။ စစ်အစိုးရလက်ထက် ၅၄ နှစ်လုံးလုပ်ခဲ့လို့ ၃၄% ရခဲ့တယ်ဆိုရင်တောင် တစ်နှစ်မှာ ၀.၆၂% သာ လျှပ်စစ်ရပါတယ်။ NLD လက်ထက် လေးနှစ်အတွင်းမှာ၂၀% မိုလို့ တစ်နှစ်ကို တိုင်းပြည်ရဲ့ ၅% တိုးပြီး အလျှင်အမြန် လျှပ်စစ်ရခဲ့ပါတယ်။ ဘယ်လောက်စေတနာကွာလဲ စီမံခန့်ခွဲမှုကွာလဲ လေ့လာကြည့်ပါ။ ယခုနှုန်းနဲ့သာဆိုရင် NLD ဆက်တက်ခဲ့ရင် ၂၀၂၅မှာ မြန်မာပြည်ရဲ့ ၇၅% လောက်က မီးရတော့မှာပါ။

ဒီလိုပြောင်းလဲမှုတွေကို ဆက်လုပ်နိုင်ဖို့က NLD မှ တစ်ပါး အခြားမရှိပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ထရမ့် ထရမ့်

အော်ထရမ့် ထရမ့် နေပြည်တော်ကို ယခင်အစိုးရတွေလက်ထက် စီးပွါးရေးပိတ်ဆို့တာ နှစ် ၃၀ ကျော်၊ ဘာမှမဖြစ် ဘာမှ မမှု။ ထရမ့်က မာဒူရိုဝင်ဖမ်း မအလ လုံခြုံရေးပြန်သုံးသပ်၊ အစည်းအဝေးတွေလုပ်၊ ယခု အီရန်ကို စနေဝင်တိုက်၊

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Sep 19, 2020

ဦးမြတ်! အလင်းရောင်

*အမှောင်ကို ခွင်းခြင်း

*အလင်းကို ရောက်စေခြင်း

*အမြင်ကို ဖြစ်ပေါ်စေခြင်း

*အမှောင်အောက် ပျောက်နေသော အရာများကို ပကတိ အရှိအတိုင်းမြင်နိုင်ခြင်း

ဤအစွမ်းဂုဏ်ရည်များကြောင့် လူသားထု တရပ်လုံး အလင်း ဆိုလျှင် လက်လျှမ်းလို့ လက်ကမ်းကာကြိုဆိုကြပါသည်။

**ဒေါင်းသည် အလင်းကိုကြိုက် နှစ်ခြိုက်သဖြင့် အစဥ် ဦးတိုက်ပါသည်။**/%%မောရသုတ်%%

ဥဒေတယံ စက္ခုမာ ဧကရာဇာ

ဟရိဿ ဝဏ္ဏော ပထပိပ္ပဘာသော။

တံ တံ နမဿမိ ဟရိဿဝဏ္ဏံ

ပထဝိပ္ပဘာသံ

တယာဇ္ဇ ဂုတ္ထာ ဝိဟရေမု ဒိစသံ။

အလင်းရောင် ပေးစွမ်းသော နေမင်းကြီးကို ရှိခိုပြီးမှ အစာရှာ ထွက်လေ့ ရှိ ပါသည်။ ဤအရည်အချင်းများကြောင့် ထောင်ချောက်ညွှတ်ကွင်းအျမိုးမျိုးကို တိုးဖောက်ဖျက်ဆီး အလွတ်ကြီးလွတ်ခဲ့ရပါသည်။


****************************


လျှပ်စစ်အားအသုံးများခဲ့လျှင် ရေပြင်မြေမြင် ထက်အောက်စုံလင် ခေတ်မီမီ ကမ္ဘာကြီး ကြည့်မြင်

ငယ်စဥ်က နားယဥ် ၊ နားဆင်ခဲ့သည့် သီချင်း ။

ခုချိန်မှာ ရောက်လာခဲ့ပါပြီ။ ကျေးရွာမျာနှင့် ယှဥ်သော အမြင်များကိုပြောပါရစေ။

အရင်ကာလက တောရွာမျာမှာ ဘက္ကရီအို သုံး၍ အလင်းကို အားကိုးခဲ့ရပါသည်။ည သုံး ၊ မနက် မြို့ပို့ ၊ တနေကုန် အားသွင်း ၊ ညနေ အပြန် အိုးယူ ၊ အိမ်မှာ ထွန်း။ ရွာကားကပျက် မထွက်တဲ့ရက် ဆိုရင်တော့ ??? အဲဒီကာလတလျောက် ကျေးလက်ကားတွေ ဘေးမှာ တန်းပြစ်ညီ ဘက္ကရီအိုး အစီအရီနဲ့။ညရေးညတာအတွက် လက်နှိပ်ဓာတ်မီးသည်သာ သူတို့ အားကိုးရာအဖော်မွန်

အခုတော့ #​ပြောင်းလဲချိန်ကျော်လို့ပြောင်းလဲခဲ့ပါပြီ#***

ဘက္ကရီးအိုး မလိုတော့ပါ။ ဓာတ်မီး မဆောင်တော့ပါ။ မီးခိုးအူအူ ပြာတလုံးလုံးနဲ့ မီးမြိုက်ခံခဲ့ရတဲ့ဘဝတွေ လွတ် မြောက်ခဲ့ရပါပြီ။

***အမှောင်ညွှတ်ကွင်းမှ လွတ်ကင်းခဲ့ရပါပြီ***

ကျေးလက်ပြည်သူတို့ 09 တွေ၊ သုံးကာစက…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page