top of page
Search

KNU သတိထားရမည့်အရာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 5, 2024
  • 1 min read

ကျားဖြန့်ကိစ္စကို ထိုင်းက မအလထံပြောချိန်မှာ မအလက ဒီကိစ္စမှာ KNU လဲပါကြောင်း ဒါကြောင့် ထိုင်းမှာရှိတဲ့ KNU ခေါင်းဆောင်တွေကိုလဲ ဖမ်းရမှာဖြစ်ကြောင်း ထပ်ခါထပ်ခါ ပြောလေ့ရှိပါတယ်။ ဒီနေရာမှာ KNU ခေါင်းဆောင်တွေက ထိုင်းကရော ယုံမှာလား ငါတို့မလုပ်ဖူးပြောပြီးသား ဘာညာဆိုပြီး စောဒကတက်နိုင်ပါတယ်။ မအလဟာ ဒီစကားကို ထိုင်းကလာသမျှလူကို ပြောလေ့ရှိတာပါ။ ဒါက မအလလုပ်တာ ပထမဆုံးအကြိမ် မဟုတ်ပါ။ မအလဟာ တရုတ်အစိုးရက ကိုးကန့်ထဲက ကျားဖြန့်ကို နှိမ်နင်းခိုင်းချိန်မှာ ဝ မှာလဲရှိကြောင်း မိုင်းလားမှာလဲရှိကြောင်း ဝ ကလူတွေ တရုတ်မှာနေကြောင်း တရုတ်ကအရေးယူသင့်ကြောင်းမျိုးကို ပြောလေ့ရှိပါတယ်။ တရုတ်က ဝ ဒုတပ်ချုပ်ကိုဖမ်းအပြီး သူက သူ့ဘက်ကကိုးကန့်ကို ဘာမှမဖမ်းပြရာကနေ ပြဿနာစတာပါ။ ဒီနေရာမှာ သူ့အောက်က သတင်းပို့တဲ့အပေါ်မှာလဲ မူတည်ပါတယ်။ အောက်က သတင်းပို့ရာမှာ ပြည်ထဲရေး၊ စရဖ၊ တပ်ဆိုပြီး မအလဟာ အနည်းဆုံး သုံးနေရာကနေ အစီရင်ခံစာ ရပါတယ်။ ဒါပေမယ့် အောက်ခြေမှာက လာဘ်စားပြီး ညှိထားတာမိုလို့ မအလထံသတင်းရောက်ရာမှာ အားလုံးက ကျားဖြန့်မရှိ ဒါတွေဟာ သိက္ခာချတာ ဘာညာဖြစ်သွားခဲ့ပါတယ်။ အချို့ကိစ္စတွေမှာ ကျော်မျိုးမင်းပြောနေတာတွေက သူ့ထံသတင်းရောက်တာတွေနဲ့က အတူပါ။ ဥပမာ ရခိုင်မှာ မအလစစ်ရှုံးနေတာဟာ ခေတ်သစ်ဖတ်ရင် အားလုံးသိမှာပါ။ ဒါပေမယ့် အောက်ခြေက သတင်းပို့ရာမှာ ခံစစ်ဆင်နေကြောင်း စခန်းများမကျသေးကြောင်း ဘယ်လိုထိန်းထားကြောင်းသာ သတင်းပို့လေ့ရှိပါတယ်။ စစ်တွေမြို့ကျရင်တော့ မအလသိမှာပါ။

ယခု KNU ကိစ္စ ပြန်ဆက်ပါမယ်။ မအလဟာ နည်းမျိုးစုံနဲ့ထိုင်းစစ်တပ်ကို KNU ခေါင်းဆောင်ပိုင်းကို ကျားဖြန့်ကိစ္စနဲ့ဖမ်းဖို့ ဖိအားပေးနေပြီး ထိုင်းက ဘယ်အထိ သူပြောတာယုံမလဲ လိုက်လုပ်မလဲဆိုတာက စောင့်ကြည့်ရမှာပါ။ ယခုအထိ ထိုင်းကဖမ်းနေတာကတော့ မအလဖမ်းခိုင်းသူတွေ မဟုတ်သေးပါ။ KNU ကလဲ ငြင်းထားတာ ကြားရပါတယ်။ နောက်ဆုံးကတော့ ထိုင်းထောက်လှမ်းရေးက ဘာကိုသိထားသလဲဆိုတဲ့အပေါ်မှာ မူတည်မှာပါ။ ထိုင်းက မအလကို တရုတ်က ဝ ကိုအဖမ်းပြပြီးလုပ်သလို KNU အချို့ကို အဖမ်းပြသလိုလုပ်ပြီး အပေးအယူလုပ်တာမျိုးလဲ ဖြစ်လာနိုင်ပါတယ်။ ယခင်က မအလက NUG ထိပ်ပိုင်း​ခေါင်းဆောင် လူတွေကို ဖမ်းခိုင်းတာကိုတော့ နေရာအသေအချာပြောချိန်မှသာ သွားရှာပြီး တုံ့ပြန်လေ့ရှိပါတယ်။

KNU ခေါင်းဆောင်များအနေနဲ့ မိမိနာမည် ကျားဖြန့်ကိစ္စမှာပါနေရင် သတိထားပြီး ထိုင်းနယ်ကနေ ယခုလပိုင်းတွေမှာ ရှောင်နေဖို့ စဉ်းစားထားသင့်ပါတယ်။ ထိုင်း/တရုတ်က မိမိတို့ထံ သေချာပူးပေါင်းဆောင်ရွက်ဖို့ လာပြောထားရင်တော့ စာရေးသူမသိပါ။ ကျားဖြန့်ကိစ္စ နာမည်ထွက်သူ KNU ခေါင်းဆောင်ပိုင်းအနေနဲ့ ထိုင်းမြေမှာ သတိရှိပါလို့သာ သတိပေးပါရစေ။ သတိဆိုတာ ပိုတယ်လို့ မရှိပါဘူး။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page