top of page
Search

ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • 9 hours ago
  • 2 min read

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရှားမှု)၊ Me Too လှုပ်ရှားမှု (အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို ဆန့်ကျင်သော လှုပ်ရှားမှု)၊ ကုမ္ပဏီများကို သဘောမတူပါက သပိတ်မှောက်ဖိအားပေးခြင်း၊ NGO များမှတစ်ဆင့် နိုင်ငံများကို ဖိအားပေးခြင်း၊ ကျွန်စနစ်ကို ကိုယ်စားပြုသည်ဟု ယူဆရသည့် ရုပ်တုများကို ဖြုတ်ချခြင်း၊ ဓာတ်ပုံများ ဖြုတ်ချခြင်း၊ ဆုများ ပြန်ရုပ်သိမ်းခြင်းတို့ အလွန်ခေတ်စားခဲ့ပါတယ်။ သတင်းသမားများနှင့် NGO များသည်လည်း ထောက်ပံ့ငွေများဖြင့် ဘဝသာယာခဲ့ပြီး လက်ဝဲဝါဒ အားကောင်းခဲ့ပါတယ်။လက်ဝဲဝါဒ၏ အလွန်အကျွံ ဖြစ်ပေါ်လာမှုကြောင့် မုဒိမ်းမှု ကျူးလွန်ခဲ့သူ ယောက်ျားတစ်ဦးက ထောင်ကျချိန်တွင် “ငါ မိန်းမပါ” ဟု ဆိုကာ လူ့အခွင့်အရေးကို အကြောင်းပြ၍ မိန်းမထောင်သို့ ပြောင်းရွှေ့ခိုင်းခဲ့ပြီး တရားရုံးချုပ်များတွင် ကျား-မ ဆိုတာ ဘာလဲ အထိ အယူခံ ဝင်ရောက်ဆုံးဖြတ်ချက် ခံယူရသည်အထိ ခေတ်စားခဲ့ပါတယ်။ ဂျာမနီက ၂၀၁၅ မှာ ဆီးရီးယားဒုက္ခသည် ထောင်ပေါင်းများစွာကို လက်ခံခဲ့ပြီး စာနာမှုကို အကြီးအကျယ် ပြသခဲ့သလို ကနေဒါကလည်း အပြိုင်အဆိုင် လက်ခံခဲ့ပါတယ်။ ယူကေကလည်း မြန်မာပြည်က မူဆလင်များကို ရိုဟင်ဂျာ ဟု ပြောပါက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခဲ့သလို အခြားနိုင်ငံများမှ လူများကိုလည်း စာနာစိတ်ဖြင့် လက်ခံခဲ့ကြပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken က ထိုင်းနိုင်ငံသို့ လာရောက်ပြီး NGO များနှင့်သာ တွေ့ဆုံကာ NUG ကို မတွေ့ဆုံခဲ့သည်အထိ NGO များ အားကောင်းခဲ့ပါတယ်။ဤခေတ်၏ အကျိုးဆက်များမှာ အမေစုကို ဆုပြန်ရုပ်သိမ်းခြင်း၊ ဖိအားပေးခြင်း၊ သပိတ်မှောက်ခြင်းများဖြင့် အမေစုကို ဖိအားဝိုင်းပေးခဲ့ကြခြင်း ဖြစ်ပါတယ်။ ထိုအချိန်က သီအိုရီအရ သင်သည် သူများနိုင်ငံသို့ ခိုးဝင်လာပါကလည်း ဆယ်နှစ်ကျော် ခိုးနေနိုင်ပါက နိုင်ငံသားဖြစ်နိုင်သည်ဟု ဆိုခဲ့ကြပါတယ်။ အမေရိကန်တွင် “ခိုးဝင်သူ” ဟု မခေါ်ဘဲ “အထောက်အထားမဲ့ နေထိုင်သူ” ဟု သုံးနှုန်းလာခဲ့ကြပါတယ်။

၂၀၂၅/၂၀၂၆ ကို ကြည့်ရအောင်ဒေါ်နယ်ထရမ့်က သမ္မတဖြစ်လာခဲ့ပြီး ဒုက္ခသည်များကို လက်မခံဘဲ ပြန်ပို့နေသလို ဂျာမနီတွင်လည်း နိုင်ငံသားများနှင့် ဆီးရီးယားဒုက္ခသည်များအကြား ယဉ်ကျေးမှု၊ ဘာသာရေး ကွဲပြားမှုကြောင့် ပြဿနာဖြစ်ပြီး ပြန်ပို့ရန် ပြင်ဆင်နေသလို ဆွီဒင်၊ ဒိန်းမတ်၊ နယ်သာလန်တို့တွင်လည်း ထို့အတူ ချဉ်းကပ်လာနေပါတယ်။ ယူကေကလည်း ဒုက္ခသည်များအပေါ် တင်းကျပ်မှုများ လုပ်ဆောင်လာနေပါတယ်။ယခင်က NGO များ၊ လူ့အခွင့်အရေး သမားများနှင့် ထိပ်တိုက်တွေ့လာတာက သူတို့က ပါလက်စတိုင်း ထောက်ခံပွဲ၊ ဂျူးဆန့်ကျင်ပွဲများကို ယခင်က မြန်မာပြည်ကိစ္စမှာ လုပ်ခဲ့သလိုမျိုး စတင်လုပ်ဆောင်လာခြင်းကြောင့် ဖြစ်ပါတယ်။ သူတို့ သွားလုပ်သူက အင်မတန် အင်အားကြီးတဲ့ အစ္စရေးဖြစ်သွားလို့ပါ။ ဒေါ်နယ်ထရမ့်က ဆန္ဒပြခွင့်ပြုသော တက္ကသိုလ်များကို ထောက်ပံ့ကြေး ရပ်ဆိုင်းပြီး ဖိအားပေးခဲ့သဖြင့် ရပ်တန့်သွားခဲ့ပါတယ်။ ယူကေတွင်လည်း ပါလက်စတိုင်း ထောက်ခံသော (Palestine Action) အဖွဲ့ကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂ ရက်တွင် လွှတ်တော်တွင် မဲပေးပြီး ဇူလိုင် ၅ ရက်တွင် အစိုးရက မတရားအသင်းကြေညာခဲ့ပါတယ်။ထို့အတူ သတင်းသမားများ၊ NGO များလည်း ဒေါ်နယ်ထရမ့်၏ ဖြတ်လေးဖြတ်ကို ခံခဲ့ရပါတယ်။ အမေရိကန်တွင် အစ္စရေးကို ဆန္ဒပြသူ ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးခြင်း၊ ဗီဇာပိတ်ဆို့ခြင်းဖြင့် တုံ့ပြန်ခဲ့ပြီး ထင်ရှားဆုံးမှာ ယူကေနိုင်ငံသား အမေရိကန်တွင် နေထိုင်သူ Imran Ahmed (လိုင်းပေါ်မှာ ဆင်ဆာဖြတ်ဖို့ လှုပ်ရှားသူ) နှင့် ပါလက်စတိုင်း ဆန္ဒပြပွဲ ဦးဆောင်သူ Mahmoud Khalil တို့ ဖြစ်ကြပြီး သူတို့သည် အမြဲနေထိုင်ခွင့် (Green Card) ရရှိထားသူများ ဖြစ်ပါတယ်။

ICC က ပူတင်ကို ဖမ်းဝရမ်း ထုတ်ရာတွင် လက်ခုပ်တီးခံခဲ့ရသော်လည်း အစ္စရေး ဝန်ကြီးချုပ်ကို ဖမ်းဝရမ်း ထုတ်ရာတွင်မူ သူ၏ ရှေ့နေချုပ် (ပါကစ္စတန်နွယ်ဖွား ယူကေနိုင်ငံသား) က လိင်ပိုင်းဆိုင်ရာ စွပ်စွဲခံရပြီး အစစ်ခံနေရပါတယ်။ ထို့အပြင် ICC တရားသူကြီးအချို့လဲ အမေရိကန်၏ ပိတ်ဆို့ဒဏ်ခတ်မှုကို ခံနေရပါတယ်။ ပူတင်ရော၊ အစ္စရေး ဝန်ကြီးချုပ်ကိုပါ မည်သည့်နိုင်ငံကမှ ဖမ်းဆီးရန် မရဲဘဲ ကြောက်နေကြတာ တွေ့ရပါတယ်။ဒါတင်မက ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားမှာ ကမ္ဘာ့ဥပဒေနှင့် မညီဘဲ ဝင်ရောက်ဖမ်းဆီးမှုကိုလည်း ဘာမှ လုပ်နိုင်စရာ မရှိဘဲ ထိုင်ကြည့်နေခဲ့ရပါတယ်။ လူ့အခွင့်အရေး အဖွဲ့များက အာဏာရှင်ကိုလည်း မကြိုက်၊ သူတို့ မကြိုက်သူကို ဝင်ဖမ်းရာတွင်လည်း မကြိုက်ကြသဖြင့် သူတို့ ဘာဖြစ်ချင်သလဲ ဆိုတာ မသဲကွဲမှုကို လူများက မြင်လာခဲ့ကြပါတယ်။

ICJ အမိန့်က ကြောက်စရာလားဆိုရင် ၂၀၁၆ ခုနှစ်တွင် ကြောက်စရာ ဖြစ်နိုင်ပေမယ့် ၂၀၂၆ ခုနှစ်တွင်တော့ အေးဆေးပါလို့ ပြောပါရစေ။ ICJ အမိန့်ကို မနာခံတဲ့ နိုင်ငံများထဲတွင် အမေရိကန်၊ ရုရှား၊ အစ္စရေး၊ ယူကေတို့ ထိပ်ဆုံးက ပါဝင်ခဲ့ပါတယ်။ ကမ္ဘာပေါ်တွင် တရုတ်၊ ရုရှားတို့လည်း ဥပဒေချိုးဖောက်ပြီး အာဏာရှင်များကို မြှောက်ပေးနေတယ်ဆိုတာ မမေ့ပါနဲ့။၂၀၂၆ ခုနှစ်တွင် မအလ မဟုတ်သော ပြည်သူ့‌ ရွေးကောက်ခံ ဒီမိုကရက်စစ်စစ် အစိုးရဖြစ်ပါက ဒုက္ခသည်အရေး၊ ရွှေ့ပြောင်းနေထိုင်သူများအရေး၊ ဘာသာရေး အစွန်းရောက်သူများအရေးကို ဒေါ်နယ်ထရမ့်မှ စ၍ ဥရောပ အစိုးရများနှင့် ဆွေးနွေးရာတွင် ယခင်ကလောက် မခက်ခဲနိုင်တော့ပါ။ အမေစု J.D Vance ကို ရှင်းပြရတာက အိုဘားမားတို့ ဘိုင်ဒင်တို့ကို ရှင်းပြရတာထက် ပိုလွယ်မှာ သေချာပါတယ်။ ICJ၊ ICC တို့လည်း ယခင်ကလောက် အားမကောင်းတော့ပါ။ ပြည်သူရော NUG ပါ မထိရောက်တဲ့ အဖွဲ့‌တွေကို မမျှော်လင့်ဘဲ အချိန်ကုန်မခံဘဲ NUG အောက်ရှိ PDF ကို အားကောင်းအောင် ထောက်ပံ့ပြီး မအလကို မိမိတို့ဖာသာကြိုးစင်တင်နိုင်အောင် ကြိုးစားကြပါ။ ICC က ကြိုးစင်မတင်နိုင်ဘူးဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ ငါတို့ လွတ်မြောက်အောင် ငါတို့ဖာသာ ကြိုးစားကြရမှာပါ။ ငါတို့အာဏာရမှ မအလကို ငါတို့ကြိုးစင်တင်နိုင်မှာပါ။ ၂၀၂၅-၂၀၂၉ မှာ ကမ္ဘာကြီးက ပြောင်းလဲနေပြီး လက်တွေ့ကျကျ ဗီနီဇွဲလားက အတိုက်အခံလို ထရမ့်ကို နိုဘယ်ဆုပေးပြီး ချဉ်းကပ်သလို ချဉ်းကပ်နိုင်ပါစေ။

 
 
 

Recent Posts

See All
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 
မအားသေးဘူး

ယခုအချိန်မှာ ဘာမှရေးမအားသေးဘူး။ လုံခြုံရေး ပြန်သုံးသပ်နေလို့။ တော်လှန်ရေးမအောင်မြင်ရင် NUG ကြောင့်မဟုတ်ဘဲ အသုံးမကျတဲ့ NUCC ထဲက ထရမ့်ကို ရှုတ်ချတဲ့စာထုတ်တဲ့ အဖွဲ့တွေကြောင့်ဘဲ။ ဗကသလဲ ဒီကိစ္စနဲ့မှနာမည်ပျ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page