top of page
Search
  • Writer's pictureMyat Tun Oo

How the genocide suspect, war criminal Min Aung Hlaing is ruling in Burma(Myanmar)?


The world is already known for his crime against humanity and ethnic cleansing against Rohingya in Rakhine state. Now, this criminal in charge of Genocide is ruling Burma. Shall we look back what has he done so far?

He has arrested the state counsellor Aung San Suu Kyi and President Win Myint during his coup. Then he tried to arrest the rector of famous medical school in Yangon and second city Mandalay because they are simply refusing to work under him. He has not stopped there. He tried to raid some civil servants’ houses during the night time. This is the same thing he did in the ethnic areas during the civil war. So that is enough. Not at all. He released more than 20,000 criminals from prisons without any proper transport or food for them. His military intelligent service gave orders to those criminals to set fire into the house of political dissents and the street who are opposed to his rule. His aim is to create the instability and panic among public and gave him pretext to crash pro democracy movement. In some areas, he is preparing to cut water and electricity supply like he used to cut the villages from food, water, and electricity supply during his offences against Rohingya and other ethnics group. Then he will burn the villages. Here he is using the criminals to do the dirty work via his military intelligent unit. Therefore, he is committing crime against humanity in Burma. The question is that Secretary of State Mr Antony Blinken who is the ardent supporter of Human rights and President Joe Biden are going to let another Genocide happen in Burma in 2021.

Burma is not like Iraq, Syria or Libya. We do have an elected government and people are on her side. If do nothing, more people will die from COVID and also from his crimes. His crimes can be argued as the internal affairs of Burma. Because of his coup, millions of people have to come out and protest against his coup. If COVID comes back in Burma after mass demonstrations, it will cross the border and spread ASEAN, China and the world and it won’t be the internal matter of Burma anymore. Just by removing Min Aung Hlaing, Burma can change for a better future and avoid the humanitarian crisis. US and the West have the moral responsibility to protect us from this war criminal and genocide suspect killing more people and spreading COVID across the world.


မြန်မာပြည်မှာ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် အာဏာသိမ်းပြီး ဘယ်လိုအုပ်ချုပ်နေလဲ?

ကမ္ဘာကြီးဟာ မင်းအောင်လှိုင်ရဲ့ ရခိုင်မှာကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို သိပြီးသားဖြစ်မှာပါ။ အဆိုပါလူဟာ မြန်မာပြည်ကို အာဏာသိမ်းပြီး မတရားအုပ်ချုပ်ဖို့ ကြိုးစားနေတာ နှစ်ပတ်ရှိပါပြီ။ သူဘယ်လိုအုပ်ချုပ်နေလဲ ကြည့်ကြရအောင်။

သူဟာ ပထမမှာ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဝင်းမြင့်ကို အာဏာသိမ်းပြီးဖမ်းလိုက်ပါတယ်။ နောက်ပိုင်းမှာသူဟာ ရန်ကုန်နဲ့ မန္တလေးဆေးတက္ကသိုလ်က ပါမောက္ခတွေကို သူ့လက်အောက်မှာ အလုပ်လုပ်ရန် ငြင်းဆန်လို့ ဖမ်းဖို့ကြိုးစားခဲ့ပါတယ်။ သူဟာ ဒီမှာရပ်မနေခဲ့ပါ။ သူဟာ သူ့လက်အောက်မှာ အလုပ်ဝင်ရန် ငြင်းဆန်ခဲ့တဲ့ ဝန်ထမ်းများကို သူတို့အိမ်တွေထဲ ညဖက်ဝင်စီးပြီးဖမ်းဆီးဖို့ ကြိုးစားလာတာတွေ့ရပါတယ်။ ဒါဟာပြည်တွင်းစစ်မှာ သူ့တပ်က တိုင်းရင်းသားဒေသတွေမှာ လုပ်နေတာနဲ့ ဆင်တူပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ သူဟာ အကျဉ်းသား နှစ်သောင်းကျော်ကို လိုအပ်တဲ့ အစားအစာ ထောက်ပံ့ကြေးမပေးဘဲ လွှတ်ပေးလိုက်ပြီး သူ့ရဲ့ စစ်ထောက်လှမ်းရေးက ရာဇဝတ်အကျဉ်းသားများကို သူ့ကိုဆန့်ကျင်တဲ့ အတိုက်အခံအိမ်တွေ၊ လမ်းတွေ၊ရပ်ကွက်တွေကို မီးရှို့ဖို့ အမိန့်ပေးခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်က ပြည်သူတွေ မတည်မငြိမ်ဖြစ်ပြီးကြောက်ရွံ့အောင်နဲ့ ဆူပူမှုဖြစ်တယ်ဆိုပြီး ပစ်ခတ်လို့ရအောင်ပါ။ အချို့နေရာတွေမှာ သူဟာတိုင်းရင်းသားဒေသတွေမှာ စစ်ဆင်သလို ဖြတ်လေးဖြတ်လုပ်ဖို့ ကြိုးစားနေပါတယ်။ နောက် အိမ်တွေကို မီးရှို့ဖို့ လုပ်နေတာဟာလဲ ရိုအိမ်တွေ တိုင်းရင်းသားအိမ်တွေကို မီးရှို့ခဲ့ပုံအတိုင်းပါ။ ဒီအချိန်မှာတော့ ထောင်ထွက်တွေကို စရဖကတဆင့် လုပ်ခိုင်းနေတာပါ။ ဒါ့ကြောင့်သူဟာ မြန်မာပြည်သားအားလုံးကို ပြစ်မှုကျူးလွန်နေတာပါ။

အရေးကြီးတာတဲ့မေးခွန်းက လူ့အခွင့်အရေးကိုထောက်ခံတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ သမ္မတဂျိုဘိုင်ဒန်တို့ဟာ မြန်မာပြည်မှာ လူအစုလိုက်အပြုံလိုက် နောက်သတ်ဖြတ်မှုတစ်ခုကို ၂၀၂၁ မှာ ထပ်အဖြစ်ခံမလားဆိုတာပါ။

မြန်မာပြည်ဟာ အီရတ်၊ ဆီးရီးယား၊ လစ်ဗျားတို့လိုမဟုတ်ဘဲ ရွေးကောက်ခံအစိုးရ ရှိပြီးသားပါ။ ဘာမှ ဝင်မစွက်ရင် မြန်မာပြည်မှာ ကိုဗစ်နဲ့ သူကသတ်လို့ လူတွေအစုလိုက်အပြုံလိုက်သေနိုင်ပါတယ်။ သူ့ပြစ်မှုတွေကို ပြည်တွင်းရေးလို့ပြောပြီး ဝင်မစွက်ခဲ့ရင် ကိုဗစ်ဟာ သူအာဏာသိမ်းလို့ ဆန္ဒပြပွဲတွေကနေ တကျော့ပြန်ဖြစ်ထပြီး အာဆီယံ၊ တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံတွေကနေ ကမ္ဘာကြီးကိုပါ ပျံ့မှာပါ။မင်းအောင်လှိုင်ကို ဖယ်ရှားခြင်းဖြင့် မြန်မာပြည်ရဲ့ အနာဂတ်ဟာ ပိုကောင်းလာမှာဖြစ်သလို ဒုက္ခသည်တွေထွက်ပြေးရတာ၊ လူတွေဒုက္ခရောက်တာကလဲ ကာကွယ်နိုင်မှာပါ။ အမေရိကန်နဲ့ အနောက်အုပ်စုဟာ ဒီစစ်ရာဇဝတ်ကောင် လူသတ်သမားက မြန်မာပြည်မှာ လူတွေအစုလိုက်အပြုံလိုက်သတ်မှာမြန်မာပြည်ကတဆင့်ကိုဗစ်တွေ ကမ္ဘာပေါ် မကူးအောင်ကာကွယ်ဖို့ စိတ်ပိုင်းဆိုင်ရာအရ တာဝန်ရှိတယ်လို့ ပြောပါရစေ။

350 views2 comments

2 Comments


naynanmyint629395
naynanmyint629395
Feb 14, 2021

ဒေသတွင်းကိုသာ မက

မြနိမာခြေကုပ်ယူပီး တရုပ် က

ကမ္ဘာကိုကြီးစိုးသွားပါလိမ့်မယ်


ကမ္ဘာကြီး ကိုတရုပ်လက်အောက်

မရောက်စေဖို့ မြနိမာကို ဝင်ရောက်ကူညီပါ Mr. Biden ps

Like

Albert Wint
Albert Wint
Feb 14, 2021

ဒေသတွင်းမတည်မငြိမ်ဖြစ်စေပါ၍အာဆီယံနိုင်ငံများကိုခြိမ်းခြောက်လာပြီလေ

Like
bottom of page