top of page
Search

Happy Birthday ပြည်သူ့ PDF

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 5, 2022
  • 1 min read



ပြည်သူက မအလက သူတို့မဲပေးခဲ့တဲ့အစိုးရကို လက်နက်အားကိုးဖြုတ်ချခဲ့လို့ CRPH၊ NUG ကတဆင့် PDF ကိုမွေးဖွားလာခဲ့ပါတယ်။ ပြည်သူကို အခြေခံပါတယ်။ ယခင်က မအလကို မခံချင်လို့ PDF နာမည်နဲ့ ခံချခဲ့သူများကလဲ NUG အောက်မှာ လာပူးပေါင်းတာ တွေ့ရလို့ ဝမ်းသာပါတယ်။ ဒီနေ့ NUG က သူ့အောက်မှာ PDF တပ်ရင်း ၂၅၇ရင်းရှိကြောင်း ပြောလာပါတယ်။ မအလတပ်က တပ်ရင်း ၁၀ ခုမှာ တပ်မတစ်ခုပါ။ တပ်ရင်းတစ်ခုမှာ မဆလအချိန်က ၅၀၀ ကနေ တစ်ထောင်ရှိပေမယ့် ယခုက ၂၀၀/၃၅၀ ကို အနိုင်နိုင်ပါ။ လူအားကတော့ အချိန်မရွေးပါ။

ဒီနေ့က သတင်းသမားတွေ မရောက်နိုင်တဲ့ဒေသက PDF ရာပေါင်းများစွာရဲ့ စစ်ရေးပြပွဲပုံတွေ တက်လာပါလိမ့်မယ်။ နောက် ဒီနေ့ စစ်ကိုင်းနဲ့ချင်းမှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်ိကိုင်းမှာ သွားတိုက်တဲ့မအလတပ်ကို မိုင်းဆွဲဝိုင်းတိုက်တာ မအလတပ်အတော်ခံခဲ့ရပါတယ်။ အဆိုပါ PDF တွေက NUG အောက်ကပါ။ သူတို့က PR သိပ်မလုပ်လို့လိုင်းပေါ်မတက်လာတာပါ။ နောက် PDF တွေမှာ လက်နက်ကောင်းလာတာလဲ သတိထားမိပါတယ်။ ဒါပေမယ့် မြို့အထိလွှမ်းမိုးထိန်းချုပ်ဖို့ဆိုရင် လက်နက်ကြီးတွေ လေယာဉ်ပစ်တွေလိုပါတယ်။ ဒီအတွက် NUG ကို ငွေလှူပါ။PRF မိသားစုထဲဝင်ပါ။ စာရေးသူရဲ့ စာဖတ်ပုရိတ်သတ်တစ်ယောက်က စာရေးသူနာမည်နဲ့ လစဉ်လှူပေးလို့အသိအမှတ်ပြုကဒ်လေးတော့ NUG ထံက လစဉ်ရပါတယ်။ ယခု NUG က မအလအိမ်ရောင်းပြီး ပိုက်ဆံရှာချိန်မှာနေပြည်တော်မှာ ဒေါသတွေထွက်နေပါတယ်။ ပြည်သူတွေက ဂျပုအိမ်ကို အားပေးလိုက်ပါအုံး။ ဂျပုကို ဂျပုလို့ပြောလို့ လူ့အခွင့်အရေးသမားတွေ စိတ်မဆိုးနဲ့နော်။ ပြည်သူက ဘယ်သူဘာပြောပြော မှန် မမှန်ကို သူတို့ဖာသာစာဖတ်ပြီး ဆုံးဖြတ်မှာပါ။ ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page