top of page
Search

Gen Lee များသိစေရန်

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 21, 2021
  • 1 min read

ree

Gen Lee များရဲ့ အားနည်းချက်က မအလဖက်ဆစ်တပ်ကို အလွန်အကျွံ အထင်ကြီးတာပါ။ ဘာမဆိုကြံဖန်အထင်ကြီးပြီး သူတို့အကွက်ထဲ ဝင်သွားမယ်ဆိုတာပြောလေ့ရှိသူများပါ။

ဒီနေ့ရွေးကော်က NLD ကို ဖျက်သိမ်းမယ်ဆိုတာ တရားဝင်ပြောလာပါပြီ။ NLD ကို ဖျက်သိမ်းဖို့အာဏာမသိမ်းခင်ကထဲက ပြင်ဆင်ထားပြီးသားပါ။ မအလအာဏာသိမ်းကထဲက NLD ကိုဖျက် ရွေးကော်ဥပဒေကို PR ပြင်ပြီး ထိုင်းလိုသူက သမ္မတလုပ်မှာပါ။

ဒါ့ကြောင့် NLD က ဘာလုပ်လုပ် သူက ကြံဖန်ပြီး ဖျက်မှာပါ။ ကံကောင်းသွားတာက လွတ်နေတဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ CRPH က တွေဝေမနေဘဲ လုပ်စရာရှိတာကို လုပ်သွားတာပါ။

နောက်ဗုံးကိစ္စ။ အချို့ Gen Lee များက စစ်ကောင်စီက အာဆီယံမလာခင် အကြမ်းဖက်အဖွဲ့ဖြစ်အောင်ဗုံဖောက်တယ်ဆိုတဲ့ သီအိုရီလဲရှိပါတယ်။ သူက ဗုံးဖောက်ရာမှာ သူဖောက်တဲ့ဗုံးဆိုရင် သာမန်သတင်းတပ်ဖွဲ့ရဲလောက် ဟန်ပြလွှတ်ပါတယ်။ သူ့လူခံရတဲ့ဗုံးဆိုရင် လမ်းမတော်နဲ့ ရန်ကင်းဖြစ်စဉ်လိုအကြီးအကျယ်ပိတ်ရှာပါတယ်။ သူ့လူသေရင် သတင်းမထုတ်ပြန်ပါ။ ဒီနေရာမှာ စာရေးသူက သူ့အကွက်ထဲဝင်မှာစိုးတာကို လက်ခံပေမယ့် သူ့အကွက်ထဲ ဝင်မှာစိုးလို့ ဘာမှမလုပ်ပါနဲ့လို့ ပြောလာရင်တော့ လက်မခံပါ။

ယခုအချိန်မှာ အားလုံးရဲ့ အားသာချက်က မအလကို မုန်းတီးမှုပါ။ လူတိုင်းဟာ သူ့ကို တွေ့ရာင်္သချိုင်းဓားမဆိုင်းဖြစ်နေပါပြီ။ နောက် CRPH, NUG နဲ့ PDF တို့ဟာ အမျှော်အမြင်ရှိရှိ အကွက်ကျကျ တုန့်ပြန်လုပ်ဆောင်နိုင်တာတွေ့ရလို့လဲ အားရကျေနပ်မိပါတယ်။

ဒီနေရာမှာ ဖက်ဆစ်အလိုတော်ရိများ ပြောလေ့ရှိတာက ဦးနုလဲမအောင်မြင်ဘူး NCGUB လဲ မအောင်မြင်ဘူး ဒါ့ကြောင့် ယခု CRPH နဲ့ NUG လဲ အောင်မြင်မှာမဟုတ်ဘူးဆိုတဲ့ ဖော်မြူလာပါ။ ယခုဟာက ၂၀၂၁ ပါ။ ဦးနုနဲ့ ၈၈ မှာ Gen Z မရှိပါ။ ဒေါက်တာဇော်ဝေစိုး၊ Dr Sasa၊ Prof. ဝင်းမြတ်အေး၊ ဒေါ်ဇင်မာအောင်၊ ဦးတင်ထွန်းနိုင်၊ ဦးလွင်ကိုလတ်တို့ မရှိသေးပါ။ ယခုသူတို့တွေက ဒုတိယ လူထုခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ပူးပေါင်းပြီး ဦးဆောင်မှုပေးနေပါတယ်။ ယခင် ၁၉၉၀ က ကြေညာချက်ထုတ်တဲ့ အတိုက်အခံအဆင့်မဟုတ်ဘဲ မအလက တရေးတယူ ထတုန့်ပြန်နေရတဲ့ အတိုက်အခံအဆင့်ပါ။ သူတို့ဟာ ယခင်ကလို စောင့်ကြည့်တာနဲ့ အချိန်မကုန်ဘဲ လုပ်စရာရှိတာကို လုပ်နေကြပါတယ်။ ပြည်သူတွေက နေဝင်း သန်းရွှေကို မအလလောက်မမုန်းပါ။ ထင်သာမြင်သာတာ ပြပါဆိုရင် ဦးနုနဲ့NCGUB ဟာ ဘာမှ မလုပ်နိုင်ခဲ့ပေမယ့် ယခု ၂၀၂၁ မှာ ချင်း၊ စစ်ကိုင်းနဲ့ ရန်ကုန်မြို့တော်ထဲအထိ ပြည်သူတွေက နေ့စဉ်ဒန်ပေါက်ကျွေးနေနိုင်ပါပြီ။ ဦးနုဟာ နေဝင်းတပ်ကို တစ်ယောက်မှ မြို့ပေါ်မှာ မသတ်နိုင်ခဲ့ပါ။ ယခုမအလလက်ပါးစေ စစ်တပ် ရဲနဲ့ ထွေအုပ်ဟာ နေ့စဉ် ၂၀ နီးပါး သေနေပါတယ်။ ဒါဟာစစ်ပွဲနေရာ ကချင်နဲ့ ကရင်ကို မထည့်တွက်ထားသေးဘဲ တော်လှန်ရေးကြောင့် သေတာပါ။ တပ်ထဲမှာလဲ နေ့စဉ်ထွက်ပြေးနေလို့ မနက်တန်းစီတာမဟုတ်ဘဲ မနက် နေ့ခင်း ညနေ တန်းစီနေရတာကအခြေအနေ မကောင်းလို့ပါလို့သာ Gen Lee များကို ပြောပါရစေ။ အရေးတော်ပုံက ယခုထဲက အောင်နေပါပြီ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

1 Comment


mgmyintk738
mgmyintk738
May 23, 2021

မဂ်လာပါ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page