top of page
Search

Facebook နှင့် Cyber Police

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 8, 2020
  • 1 min read

မနေ့က Facebook ကနေ ရဲနဲ့ ဆက်စပ်တဲ့ တပ်နဲ့ဆက်စပ်တဲ့ အကောင့်၁၈ ခုကို ပိတ်လိုက်တယ်လို့ကြေငြာပါတယ်။

ဒီနေရာမှာ မြန်မာပြည်က cyber police က ဒီအကောင့်တွေကို အစထဲက မပိတ်ဘူးလားဆိုတာ မေးစရာရှိပါတယ်။ Facebook က ပြောရာမှာ ဒီအကောင့်တွေက တစ်နေရာထဲကတက်လာတယ် အဆက်အစပ်ရှိတယ်ဆိုပါတယ်။

ဒီနေရာမှာ ဒီမိုအကောင့်တွေကို ဘယ်သူပိတ်လဲ။ ပထမ အချို့ဒီမိုများက တရုတ်မုန်း၊ ကုလားမုန်းရေးကြပါတယ်။ ဒါဟာ အနောက်တိုင်းစံနဲ့ဆိုရင် လူမျိုးရေးမုန်းတီးတာလို့ သူတို့ကသတ်မှတ်ပါတယ်။စာရေးသူတို့တိုင်းပြည်မှာ အခြောက်ကို အခြောက်လို့ခေါ်ရင် ဘာမှားလဲပေါ့။ ဒါပေမယ့် ကမ္ဘာ့စံနှုန်းနဲ့ဆိုရင် ခေါ်မရပါလို့ စာရေးသူလဲ နောက်မှသင်တန်းတစ်ခုမှာ သိလိုက်ရပါတယ်။ အဆန်းကြီးပါလားပေါ့။ ဒါပေမယ့် အနောက်မှာနေတဲ့ တူ တူမတွေကတော့ ဒါက စံနှုန်းလို့ပြောကြပါတယ်။ ဒါကြောင့်ဒီမိုအကောင့်အချို့ဟာ အဲ့ဒီမှာ အကောင့်ပိတ်ခံရပါတယ်။

အချို့ဒီမိုက အဘတို့မကောင်းကြောင်း ပြည်ထဲရေးမကောင်ကြေားင်း ထောက်ပြရင် အပိတ်ခံရပါတယ်။ ပိတ်တာက Cyber policen ကနေ facebook team ကိုအကြောင်းကြားလို့ အကောင့်သစ်ကို ပုံအဟောင်းနဲ့ ပြန်ဖွင့်ရင်တောင် မရပါ။ ဒါကဒီမိုအကောင့်အများစုကို Facebook team နဲ့ hate speech အမုန်းစကားကာကွယ်ဖို့ အစိုးရက ချိတ်ဆက်ပေမယ့် သူတို့ကိုဝေဖန်တာကို အမုန်းစကားဆိုပြီး Facebook team ကိုပြောပြီး ဖြုတ်ချတာပါ။

ဒါပေမယ့် ဒီ cyber police က DASSK အပုတ်ချတာ၊ NLD အစိုးရအကြောင်း သတင်းတုထုတ်တာမျိုးတွေမှာ တုန့်ပြန်တာ မရှိသလောက်ပါ။ သူတို့ကိုလဲ ဒီမိုတွေက ဝိုင်းသတင်းမပို့နိုင်တော့ သူတို့ကလွတ်နေပါတယ်။

ဒါတွေကို Facebook team ကြီးက သုံးလေးလတစ်ခါ ထရှင်းပုံပါ။ Facebook က ဘယ်သူတွေ ဘယ်မြို့ကတက်ပြီး အကောင့်သုံးလဲဆိုတာ ကြည့်လို့ရပါတယ်။ ဒါကြောင့် ဒီအကောင့်တုတွေ တစ်နေရာထဲကတက်တာကို သိပါတယ်။

မြန်မာပြည်မှာက အရပ်သားကွန်ပျူတာ ကျွမ်းကျင်သူက ရဲမှာလုပ်ဖို့ရာက လစာနည်းနေတော့ မလုပ်ကြတာလဲပါပါတယ်။ ဒါကြောင့် DSTA က ရုရှားပြန်တွေကို ခန့်ရပါတယ်။ အစိုးရအနေနဲ့လဲ တစ်ခုခုတော့ စဉ်းစားသင့်ပါတယ်။ ဒါမှ cyber police ဟာ မိုးကျကင်းစင်ပြီး ပိုထိရောက်လာမှာပါ။ မဟုတ်ရင်တော့ ဒီမိုတွေက Facebook team ကို cyber police ထက် အကောင့်တုတွေကိုတိုက်ဖို့ အားကိုးရမှာပါ။

News Source: Myanmar Now

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page