top of page
Search

Elon Musk ကဲ့သို့ ကာဝန်

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 25, 2024
  • 1 min read

ယခုသတင်းတွေကို သတိထားမိလား။ အညာမှာ မအလတပ်ကို ပစ်ပြေးမဟုတ် ပြန်ခံတိုက်တဲ့အထိ ဖြစ်လာကြပြီ။ ယခင်က မရေးပေမယ့် ယခုကာဝန်လုံခြုံရာရောက်ပြီမို့ ရေးလိုက်ပါ့မယ်။ အချို့က ကာဝန်စစ်ကိုင်းမဆင်းရင် မဆင်းလို့ ဖောင်းထုတယ်။ ဆင်းပြန်တော့လဲ ကဗျာနဲ့ တတိယပါတီ ခွေးတစ်ကောင်က ဖောင်းထုတယ်။ သူက ဟိုနေ့က AA ကို ကန့်ကွက်ရာမှာ နာမည်ပါသူ။ AA က သူ့ကို ယခင်က အစ်ကိုထွန်းကကြိုက်တယ်။ ယခုတော့ ကြိုက်တော့မည်မထင်ပါ။စစ်ကိုင်းက ရဲဘော်အချို့ဆို ဝန်ကြီးနဲ့တွေ့ရလို့ မျက်ရည်ကျ ဝမ်းသာရတယ်လို့ ပြန်ပြောပြတယ်။ စာရေးသူက အညာဆိုတော့ အချို့က ဟုတ်တယ်ဆရာဆိုပြီး NUG ကို ဖောင်းထုချင်သူက ဝိုင်းပြောတယ်။ စာရေးသူက NUG က ပေးနိုင်တဲ့အချိန်မှာ မှပြောတာ။ အချို့က နဂါးလို ဖွတ်ကိုမတွေ့လို့ဆိုပြီး အပြစ်တင်သူလဲရှိပါတယ်။ သုတို့က ဝန်ကြီးကို နဂါးကတဆင့် သေအောင်လုပ်နေသလိုပါ။ယခု ကာဝန်က မေမြို့၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်း၊ ကချင်၊ မကွေး နေရာစုံ လွတ်လပ်စွာ လျှောက်သွားပြီး သူတွေ့သင့်သူ သူ့အောက်က တပ်တွေနဲ့ တွေ့ခဲ့တာပါ။ ဒါကြောင့် တော်လှန်ရေးက နိုင်ကိုနိုင်မှာလို့ ယုံကြည်ပါတယ်။ စစ်ရေးမှာ အချို့က ကာဝန်လာရင်လာလို့ အပြစ်ပြောသူရှိသလို မလာရင်လဲ မလာလို့ အပြစ်တင်သူရှိပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာမှာ Elon Musk လို လျှပ်စစ်ကားအောင်မြင်အောင် တီထွင်ပြရတာ ခက်ပေမယ့် Greta Thunberg လို ဆန္ဒပြကန့်လန့်တိုက်ရတာက လွယ်ပါတယ်။ နာမည်ကြီးတာချင်းက အတူတူပါဘဲ။ ဆန္ဒပြရတာ အမေရိကန်ကဆုယူ အထောက်အပံ့ယူရတာ NUG ကို ဝေဖန်ရတာ အမေစုကို ဝေဖန်ရတာက ပိုလွယ်ပါတယ်။ စာထုတ်ရတာ ကဗျာရေးရတာက အလွယ်ဆုံးပါ။ ဟိုတယ်ကနေ အိမ်လေးကိုရွေ့ပေးလဲ ဝေဖန်လို့ ပိုကောင်းသွားတာပေါ့။သင်က ဘယ်လိုလူစားမျိုးဖြစ်ချင်လဲ သင့်ဖာသာ ဆုံးဖြတ်ရမှာပါ။ မြန်မာ့တော်လှန်ရေးမှာ လိုအပ်နေတာက Elon Muskလို ကာဝန်တွေပါ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page