top of page
Search

DASSK မနေ့က တရားရုံးချိန်းမှာ ဘာပြောခဲ့လဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 26, 2021
  • 1 min read

မအလဟာ သမ္မတကြီး ဦးဝင်းမြင့်က ၄င်းကနိုင်ငံတော်ပုန်ကန်ပြီး သမ္မတကို တရားမဝင်ဖမ်းတာကို ဖော်ခဲ့ပြီးကထဲက DASSK အစစ်ခံမှာကို ကြောက်နေခဲ့ပါတယ်။ အထူးသဖြင့် DASSK ရဲ့ ရှေ့နေမှတဆင့် ပြည်သူကိုပြောရင် သူ့ကို ပိုတိုက်မှာစိုးလို့ပါ။ ရှေ့နေတွေကို ၁၄၄ ထုတ်ပိတ်ထားလို့ သူက သတင်းတွေ အပ့င်မထွက်တော့ဘူးလို့ ထင်နေပါတယ်။ စာရေးသူယခင်က မအလအဖွဲ့က သူတို့နဲ့ DASSK တွေ့တယ်ဆိုပြီး ဂျင်းထည့်ချိန်မှာ မတွေ့ခဲ့ကြောင်းဘယ်လိုသိလဲဆိုတော့ သူမနဲ့ သူမရှေ့နေတွေပြောတာကို အသံဖမ်းတာကတဆင့်သိကြောင်းရေးခဲ့ပြီးပါပြီ။ သူတို့ကလဲ အသံမဖမ်းရ မနေနိုင်ပါ။

မနေ့က ၅၀၅ အမှုမှာ သူမက အဆိုပါကြေညာချက်ဟာ သူမတို့ဖမ်းချိန်ထုတ်တာဖြစ်ကြောင်းပြောခဲ့ပါတယ်။ အကြည်ညိုပျက်စေမှုဆိုရာမှာ သမ္မတဦးဝင်းမြင့်က သမ္မတဖြစ်နေသေးလို့နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု မြောက်သလားလို့ ပြန်လှန်မေးခွန်းထုတ်ခဲ့ပါတယ်။နောက် NUG က ဦးဝင်းမြင့်ကို သမ္မတ၊ DASSK ကို အတိုင်ပင်ခံခန့်ထားတာကို သိပါသလားလို့ မေးရာမှာ DASSK က သမ္မတဦးဝင်းမြင့်ဟာ တည်ဆဲဥပဒေအရ လက်ရှိသမ္မတဖြစ်ကြောင်း သူမဟာလဲ အတိုင်ပင်ခံဖြစ်ကြောင်း ဖြေကြားသွားပါတယ်။ ဒါ့အပြင် CRPH, NUG နဲ့ PDF တို့ကို သိလား ထောက်ခံလားလို့ မအလရဲ့ ရှေ့နေက မေးရာမှာ ဒီအဖွဲ့တွေဟာသူမအဖမ်းခံရချိန်မှာ ဖွဲ့ထားတာဖြစ်ကြောင်း ဒါတွေဟာ ပြည်သူကသာ ဆုံးဖြတ်တာဖြစ်ပြီးဒီမိုကရေစီမှာ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားရလေ့ရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။

အကျဉ်းချုပ်ရရင် DASSK က အာဏာသိမ်းတာဟာ တရားမဝင်ကြောင်း သမ္မတဦးဝင်းမြင့်သာ လက်ရှိသမ္မတဖြစ်ကြောင်း ဒါ့ကြောင့် ဘာစာထုတ်ထုတ် နိုင်ငံတော်ပုန်ကန်တာမဟုတ်ကြောင်း ပြည်သူ့ဆန္ဒကို ဒီမိုကရေစီစနစ်မှာ အလေးထားရမှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဒါ့ကြောင့် ပြည်သူတွေက NUG ကို တခဲနက် ဆက်ထောက်ပံ့ကြပါ။

မအလအနေနဲ့ ဒီသတင်းမဟုတ်ဘူးလို့ ငြင်းလိုရင် သတ္တိရှိရင် အသံဖိုင်ကို ချပြလိုက်ပါ။စိန်ခေါ်လိုက်ပါတယ်။

 
 
 

Recent Posts

See All
အမှန်အတိုင်း

အမှန်အတိုင်းပြောရရင် ဆီးရီးယားမှာ ငလျင်ဖြစ်အပြီး တစ်နှစ်ခွဲမှာ အာဆတ်ပြုတ်ခဲ့သလို စစ်ကိုင်းငလျင်ကလဲ မအလစစ်တပ်ပြုတ်ဖို့ သေချာသွားခဲ့ပါပြီ။...

 
 
 

4 Comments


li ming
li ming
Oct 30, 2021

အခုချိန်အထိ မတရားရေးက မတရားသူကြီးတွေကို မလုပ်ကြံကြတာ အံ့ဩမိတယ် စီရင်ချက်ချဖို့ ဒီကောင်တွေ လူပါးဝတာ အခုစခတွေက ခေါင်ကနေ အောက်ခြေအထိ

Like

li ming
li ming
Oct 30, 2021

လက်နက်ကိုင်တော်လှန်ရုံမှတပါး အခြားမရှိ

Like

Myint Soe Oo
Myint Soe Oo
Oct 27, 2021

ဦးမြတ်!!ဗုဒ္ဓဘာသာဝင်တို့က ကပ်ကြီး သုံးပါးဟု သက်ဝင်ယုံကြည်ကြပါသည်။ ခုခါ (ဆူဒန် အာဏာ သိမ်းပြီးနောက်)ကပ်ကြီး လေးပါး သတ်မှတ်ရတော့မလိုလိုဖြစ်လာပါတော့သည်။

အဘယ်ကြောင့်ဆိုသော်~

Like

Myint Soe Oo
Myint Soe Oo
Oct 27, 2021

တနေ့က ကုလချုပ် ဂူတာရက်က အာဏာသိမ်းကပ်ရောဂါ ဟု သုံးစွဲသွားကြောင့်ဖြစ်ပါသည်။ အာဏာ သိမ်း လု လိုက်လျှင် ငတ်မွတ်ခြင်း သေကြေဖျားနာခြင်း စသည့် ဆင်းရဲဒုက္ခဘေးများ ပြည်သူများ ခံစားကြရပါသည်။

တစ်ပါးသူ မကြည်ဖြူ မပေးကမ်းသော တစုံတရာ(ပစ္စည်း) အားကိုးတစ်ခုခုဖြင့် ဇွတ်လုယူ သိမ်းပိုက်ခြင်းသည် ခိုးခြင်း ၂၅ ပါးတွင် တစ်ပါးအပါဝင်ဖြစ်သောကြောင့် (ဗုဒ္ဓဘုရားရှင်အဆုံးအမအရ) ခိုးမှု မြောက်ပါသည်။

အများအမြင်ကြည်အောင် မဟုတ်‌ေသာအကြောင်းပြချက်တစ်ခုခုဖြင့် အကာအကွယ်ယူ ပြောဆိုယူရသဖြင့် လိမ်ညာမှု အပြစ်သင့်ပါသည်။

မကျေနပ်သူများကို လူသေသည်ထိ အင်အားသုံးသတ်ဖြတ်ရသဖြင့် ပါဏာတိပါတာ ကံ ထိုက်ပါသည်။

သို့ပါ၍ အာဏာရှင်လက်အောက်ရှိပြည်သူများ နှလုံးစိတ်ဝမ်း ညစ်နွမ်း ဆင်းရဲရပ့ါသည်။

ဒီမိုနိုင်ငံ ပြည်သူများနှင့် နှိုင်းယှဉ်ကြည့်ပါက သိသာလှပါသည်။

လောလောဆယ် ဆူဒန်သည်လည်း သည်သံသရာဝဲထဲ လည်နေရပါသည်။


•••••••••••••••••••••••••••••••••••••••••••••


ဗုဒ္ဓဘုရားရှင်အဆုံးအမ

**မုသာဆိုလျှင်

**ရယ်ဖွယ်မျှပင် မပြောနဲ့။

သမတကြီး ဦးဝင်းမြင့် ထွက်ဆိုချက်နှင့် ဖွါးစု ပြောစကားတို့ ကမ္ဘာကျော်သွား၍

ဘရူနိုင်းကပင် လူလိမ် ဟု အမှတ်သညာပြုခံရလောက်အောင် နာမည်ပျက် သွားပါပြီ။ ဖွါးစု၏ E ဘာသာဖြင့် ပြောစသာစကားကို မြန်မာမှုပြုက

**မဟုတ်တမ်း စကား

**မဟုတ်တမ်း တရား ဟု အနက်အဓိပ္ပါယ်ထွက်ကြောင်း သိရှိရပါသည်။

~•မဟုတ်တမ်း စကား ; ; လိမ်ညာပြော‌ေသာစကား။

~•မဟုတ်တမ်း တရား ; ; မဟုတ်သော တရားဆိုသဖြင့် အဓမ္မ။

ဆက်စပ်ပါက အဓမ္မလုပ်သူများ လိမ်ညာပြောဆိုတတ်ပါသည်။ ဟူသော အဓိပ္ပါယ် ဆောင်ယူပါသည်။

သီလ ရှိသူနှင့် မရှိသူ နေရာ ရမှု မရမှုကို ဘရူနိုင်းနိုင်ငံ အာဆီယမ် ပိုစတာမှာ မြင်သာပါပြီ။

ပန်းသတင်း လေညှင်းဆောင်၍

လူသတင်း လူချင်းဆောင်ပါသည်။


အယူအမြင်များ

ဖြောင့်မှန်စင်ကြယ်နိုင်ကြပါစေ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page