top of page
Search
  • Writer's pictureMyat Tun Oo

DASSK နဲ့ ထိုင်းဒုဝန်ကြီးချုပ်တကယ်တွေ့ခဲ့လား?


ဒီကိစ္စက အားလုံးသိချင်တဲ့အရာဖြစ်မှာပါ။ ဒီကိစ္စကို အတည်ပြုနိုင်ဖို့ အချိန်ကြာခဲ့ပါတယ်။ တရုတ်ရဲ့ အထူးကိုယ်စားလှယ်တွေ နိုင်ငံခြားရေးဝန်ကြီးတွေကို ပေးမတွေ့ခဲ့တာ အားလုံးသိမှာပါ။ တရုတ်နဲ့မတွေ့ခင် နောက်ဆုံးမှာDASSK က သမ္မတဦးဝင်းမြင့်၊ မန်းဝကခ ဒေါက်ဇော်တို့နဲ့ တွေ့ခွင့်တောင်းခဲ့ပါသေးတယ်။ ပေးမတွေ့ခဲ့လို့ ဘာမှဆက်မဖြစ်ခဲ့ပါ။

ဒါဆို DASSK က သဘောထား ပြောင်းသွားခဲ့တာလား? မအလဟာ မလုပ်ရဲတာ ဘာမှမရှိဘူးလို့ အာဏာမသိမ်းခင်က ပြောခဲ့တာ အားလုံးမှတ်မိမှာပါ။ NLD က CEC တွေကို နှိပ်စက်တာ ဘာညာလုပ်ရင် ဒီမိုအချို့က တောင့်ခံရမယ်ဘာညာဆိုပြီး ပြောလေ့ရှိပါတယ်။

DASSK က ထိုင်းဒုဝန်ကြီးချုပ်နဲ့မတွေ့ခင် နှစ်ပတ်လောက်မှာ ထောင်ထဲကနေ နေပြည်တော်စစ်တိုင်းထဲကိုခေါ်ပြီးမြန်မာပြည်အခြေအနေတင်ပြသလိုမျိုး ရာပြည့်တို့ကလုပ်ခဲ့ပါတယ်။ အများစုကတော့ မြဝတီထဲက သတင်းစုထားတာတွေပါ။ တိုင်းပြည်ကြီးက NUG/PDF ကြောင့် မတည်ငြိမ်ကြောင်း စီးပွါးရေးကျကြောင်း၊ ပြည်သူတွေဒုက္ခရောက်ကြောင်းပေါ့။ နောက် PDF က စစ်ကိုင်းကရွာတွေကို မီးရှို့တယ်ဆိုပြီးလဲ DASSK ကို တင်ပြပါသေးတယ်။ ဒါကဘာကိုပြသလဲဆိုတော့ မိခင်ကို ခင်ဗျားသားသမီးတွေ ဆင်းရဲဒုက္ခရောက်တယ်ဆိုပြီး စိတ်ဆင်းရဲအောင်လုပ်တာပါ။ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်တာပါ။ တွေ့ဆုံဆွေးနွေးတာမဟုတ်ဘဲ တင်ပြတဲ့သဘောမျိုးပါ။ သူတို့ပြောတာက အပြင်ကအခြေအနေတွေကိုသိအောင် လူကြီးတွေက အမကြီးကို တင်ပြခိုင်းတာလို့ဆိုပါတယ်။DASSK က ဘာမှ မှတ်ချက်မပေးပါ။

ဒါအပြီးမှာ ထိုနေရာကိုဘဲ ထိုင်းဒုဝန်ကြီးချုပ်ဒွန်ကိုခေါ်ပြီး DASSK ကို အဲ့ဒီရောက်မှ ရာပြည့်နဲ့မဟုတ်ဘဲ ဒီလူနဲ့ဆိုပြီး ဖြစ်သွားခဲ့တာပါ။ လိမ်ခေါ်တာပေါ့။ ဒါကြောင့် DASSK က သူထောင်ထဲမှာ ဝတ်တဲ့အဝတ်နဲ့သာပါ။ သူတို့ အသံဖမ်းထားပါတယ်။ စာရေးသူရေးတာ မမှန်ဘူးထင်ရင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ငြင်းနိုင်သလို မအလကလဲအသံဖိုင်ကို ထုတ်ပြနိုင်ပါတယ်။ ဘာလို့ ဒီလိုပြောလဲ?

အသံဖိုင်ထဲမှာ DASSK က ‘I am not expecting to see you’ ငါနင့်ကိုတွေ့ဖို့ မမျှော်လင့်ထားဘူးလို့ ပြောပါတယ်။ဒါကြောင့် သူမကို လိမ်ခေါ်လာတာလို့ ပြောတာပါ။ နောက်သူမက ‘Are you representing ASEAN?’ လို့မေးပါတယ်။ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဒွန်က သူက 1.5 လုပ်နေကြောင်း သူက မြန်မာနဲ့နီးစပ်လို့ဘာညာ ပြောပါတယ်။

ဒီပွဲမှာ DASSK က ဘာမှမှတ်ချက်မပေးခဲ့ပါ။ သူမက သူမရဲ့သဘောထားကို NLD CEC အဖွဲ့နဲ့တွေ့ပြီးမှသာ ပြောနိုင်ကြောင်းထပ်ပြောခဲ့ပါတယ်။ သူမက ထိုင်းပြောတာကိုနားထောင်နေပုံသာရပြီး သူမကအခြားဘာမှ ပြန်မပြောခဲ့ပါ။ ဒေါသထွက်နေလို့လဲ ဖြစ်နိုင်ပါတယ်။ NUG နဲ့ PDF အကြောင်း DASSK က ဘာမှ မှတ်ချက်မပေးခဲ့ပါ။

စာရေးသူရေးတာကို မမှန်ဘူးထင်ရင် မဲလုံးနဲ့ ထိုင်းက ထွက်ရှင်းလိုက်ပါလို့ စိန်ခေါ်ပါတယ်။

(မှတ်ချက်- ယခုရေးသားချက်သည် အသံဖိုင်အပေါ်သာ အခြေခံထားပါသည်။ သူတို့ တွေ့ဆုံပွဲကို စာရေးသူကိုယ်တိုင်မမြင်တွေ့ခဲ့ပါ။ DASSK အသံကိုသာ စာရေးသူကြားဖူးပြီး ထိုင်းဒုဝန်ကြီးချုပ်အသံကို မကြားဖူးပါ။)

2,824 views1 comment
bottom of page