top of page
Search

DASSK နှင့် NLD CEC များသာဖတ်ရန်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 2, 2020
  • 1 min read

စာရေးသူက လက်ရှိဝန်ကြီးတွေကို ဆက်ခန့်သင့် မသင့် စစ်တမ်းလေး ကောက်ခဲ့ပါတယ်။ စာရေးသူအနေနဲ့ ဝန်ကြီးတွေရဲ့ စွမ်းဆောင်ရည်ကို ယခင်က အမှတ်ပေးခဲ့တာ မှတ်မိမှာပါ။ ယခုဟာကတော့စစ်တမ်းအနေနဲ့ ပြည်သူတွေက ဘာပြောလဲ သိချင်လို့ပါ။ လက်ရှိခြေဥဟာ ဗဟိုကို အခြေခံထားပါတယ်။ ပြဿနာအများစုဟာ ဗဟိုက ဝန်ကြီးတွေ အသုံးမကျရင် အောက်မှာဖြစ်တာများပါတယ်။ ဒါကို အများစုက တိုင်းဒေသကြီးတွေကို မျက်လှည့်ပြပြီး လွှဲချကြတာပါ။ ၂၀၁၅ မှာ NLD က မိုးကျ စစ်ထွက်များကို ခန့်ခဲ့ပါတယ်။ ဒါဟာ လိုအပ်ချက်အရ ခန့်ခဲ့ရတယ်ဆိုတာ နားလည်ပါတယ်။ DASSK ကခန့်ခဲ့တဲ့ မိုးကျများဟာ မိမိတို့လုပ်ချင်လို့မဟုတ်ဘဲ DASSK က မေတ္တာရပ်ခံလို့ လာလုပ်ရသလို လော်ကြတာလဲ တွေ့ရပါတယ်။ ယခုသာဝရဲ့ လုပ်နေပုံတွေဟာ ၂၀၂၁ မှာ NLD အနေနဲ့ လမ်းတစ်ခုကို ရွေးပြီး သာဝကို ရင်ဆိုင်ရမှာပါ။ ပြည်သူတွေကတော့ လက်ရှိဝန်ကြီးအဖွဲ့ထဲက ဘယ်သူ့ကို ကြိုက်တယ် မကြိုက်ဘူးဆိုတာ စစ်တမ်းကို ဖြေလိုက်ပါပြီ။


ပြည်သူတွေက ပြန်မခန့်သင့်ကြောင်းအပြောခံရသူများကတော့


ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ၉၅.၄% က ပြန်မခန့်သင့်ကြောင်းဖြေခဲ့ပြီး


ပြန်ဆက်ဝန်ကြီး ဦးဖေမြင့်ကိုတော့ ပြည်သူ ၉၁.၅% က ပြန်မခန့်သင့်ကြောင်း ဖြေခဲ့ပါတယ်။


ပညာရေးဝန်ကြီး ဒေါက်တာမျိုရသိမ်းကြီးကိုလဲ ပြည်သူ ၈၀.၃% ကာပြန်မခန့်သင့်ကြောင်းဖြေပါတယ်။


ထွေအုပ်ဝန်ကြီး ဦးမင်းသူကိုတော့ ပြည်သူ ၇၉.၅% က ပြန်မခန့်သင့်ကြောင်းပြောပြီး


လည်ဆည်ဝန်ကြီး ဒေါက်တာအောင်သူကို ပြည်သူ ၇၀.၇% က ပြန်မခန့်သင့်ကြောင်းဖြေပါတယ်။


အလုပ်သမားနှင့်လူဝင်မှုဝန်ကြီး ဦးသိန်းဆွေကိုတော့ ၆၈.၅%က ပြန်မခန့်သင့်ကြောင်း ဖြေကြပါတယ်။


ဟိုတယ်နှင့်ခရီးသွား ဝန်ကြီး ဦးအုန်းမောင်ကိုတော့ ပြည်သူ ၅၃.၁% ကာပြန်မခန့်သင့်ကြောင်း ဖြေခဲ့ပါတယ်။

———————

ပြည်သူတွေကပြန်ခန့်စေချင်တဲ့ ဝန်ကြီးတွေထဲမှာ ထိပ်ဆုံးက


လူကယ်ပြန်ဝန်ကြီး ဦးဝင်းမြတ်အေးဖြစ်ပြီး သူ့ကို ပြည်သူ ၉၄.၆% က ဝန်ကြီးပြန်ခန့်သင့်ကြောင်းဖြေခဲ့ပါတယ်။


သူအပြီးမှာ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးကို ပြည်သူ ၈၇.၁% က ပြန်ခန့်သင့်ကြောင်း ဖြေခဲ့ပါတယ်။

ပို့ဆက်ဝန်ကြီး ဦးသန့်စင်မောင်ကို ပြည်သူ ၇၅.၂% က ပြန်ခန့်သင့်ကြောင်းဖြေခဲ့ပါတယ်။

စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းအား ၇၀.၃% က ပြန်ခန့်သင့်ကြောင်း ဖြေခဲ့ပါတယ်။


စီးပွါးကူးသန်းဝန်ကြီး ဒေါက်တာသန်းမြင့်ကို ၅၀.၉% ကသာ ပြန်ခန့်သင့်ကြောင်း ဖြေခဲ့ကြပါတယ်။


ဒါကတော့ ပြည်သူတွေရဲ့ သဘောထားတွေပါ။ ယခုစစ်တမ်းမှာ မဲပေးသူဟာ ၂၁၀၉ ယောက်သာရှိပါတယ်။ ဒီစစ်တမ်းဟာ ကွီးဖြိုးနဲ့ တပ်ချုပ်မအလ ကိုမဲခွဲတုန်းက လူတစ်သိန်းနီးပါး မှတ်တမ်းတင်မဲပေးခဲ့တာနဲ့တော့ ကွာပါတယ်။


ဒါပေမယ့် စာရေးသူစစ်တမ်းဟာ ပြည်သူအများစုရဲ့ အမြင်နဲ့ နီးစပ်မယ်ထင်ပါတယ်။ အချို့ မိုးကျတွေဟာ အမေစုက တော်တယ်ထင်တဲ့ မိုးကျတွေနဲ့ ပြည်သူထင်တာက ကွာနေပါတယ်။ အစ်မကြီးနားက ခိုင်းတာကို အနားပြာနေပေမယ့် အောက်ခြေမှာ ဘာမှ မလုပ်တတ် မစီမံ မခန့်ခွဲတတ်တာက မိုးကျတွေရဲ့ သဘာဝပါ။ အဖားတော့ မိုးကျတွေက တော်ပါတယ်။ စာရေးသူတို့ တပ်ထဲမှာက မိန်းမတွေကပါ အဖားကျွမ်းကျင်ပါတယ်။ အမေစုအနေနဲ့ သာဝကို ၂၀၂၁ မှာ ရင်ဆိုင်ရမှာပါ။ မိုးကျမှသည် ပြည်သူ့ဆန္ဒအတိုင်း သာဝကို တိုက်ထုတ်နိုင်မယ့် နိုင်ငံရေးသမားစစ်စစ်များကို ရွေးချယ်နိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်။

 
 
 

Recent Posts

See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Dec 03, 2020

ဦးမြတ်!!! နယ်လုံ ဝန်ကြီးတစ်ဦး။

သူ့ဇာတိမြေက နာကူအသင်းကို

ကားတစီး လှု ပေးပါသည်။ ဇာတိမြေက လူထု (သူ့အသိုင်းဝိုင်းနှင့် အမှန်မမြင်တတ်သူတို့)က သူ မှ သူ။ ခု နယ်လုံက ဖယ်ပေးလိုက်ရတော့ အကူညီတောင်းရင်!!!

ဗမက လစာဖြင့် ကားတစီးဝယ်နိုင်ခြင်း???

မြင်အောင်ကြည်လြျှင် မြင်နိုင်ပါသည်။

ဒီတခါတော့ စာနွဲ့နွဲ့ ကဗျာ မဖွဲ့တော့ပါ။

အမှန်သစ္စာဖြင့်

Like

Albert Wint
Albert Wint
Dec 03, 2020

ပြည်သူအများသိမြင်ချက် မှတ်ချက်တွေနဲ့သိပ်မကွာနိုင်ပါ လု်ဆောင်မှုတွေကမြင်နေရတာပဲ ဒီစစ်တမ်းကြိုက်၏ စစ်တမ်းထုတ်ထားသင့်၏

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page