top of page
Search

DASSK ကို လူထုထောက်ခံသေးလား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 24, 2019
  • 1 min read

DASSK ကို လူထုထောက်ခံသေးလား

ဒီမေးခွန်းကို သတင်းသမားများက ကြုံရင်အမြဲမေးလေ့ရှိပါတယ်။ ယခုနောက်ပိုင်းအချို့က သူမပါတီထဲကထွက်ပြီး ခရိုနီပါတီထောင်တာ၊ အချို့က အဘကပါတီထောင်ခိုင်းလို့ထောင်တာ၊ အချို့ကပင်စင်ယူထားတဲ့ ချွေနည်းစာနဲ့ ပါတီထောင်တာ၊ အချို့က NLD ပါတီဝင်ထားပေမယ့် ဘယ်ပါတီဝင်မလဲ စဉ်းစားနေတယ်ဆိုပြီး အင်တာဗျုးမှာပြောတာ စုံလို့ပါဘဲ။

ဒါပေမယ့် ယခင်ကရေးသလိုပါဘဲ သူမကို လူထုရဲ့ထောက်ခံမှုဟာ အလွန်ကြီးမားနေဆဲဆိုတာအကြိမ်ကြိမ်တွေ့ခဲ့ရပါတယ်။

မင်းမှာ ဘာအထောက်အထားရှိလဲ။ မီတာခတက်တာကို ဥပမာအနေနဲ့ကြည့်ပါ။ ဒီကိစ္စမျိုးကို တောင်အမေရိကနဲ့ အီရန်မှာ လုပ်တာ ဆူပူဆန္ဒပြပွဲတွေဖြစ်ခဲ့ ဖြစ်ဆဲပါ။ NLD အစိုးရကတိုးချိန်မှာ ပြည်သူအများဟာ လက်ခံကျော်ဖြတ်ခဲ့ပါတယ်။ ဖွတ်တွေက ဆန္ဒပြပြီး မွှေဖို့ကြိုးစားတာတောင် မပါဝင်ခဲ့ပါ။

ဒါ့အပြင် DASSK ရဲ့ နယ်ဖက်ခရီးစဉ်တွေမှာလဲ ကြိုဆိုသူများစဲဆိုတာ တွေ့ရပါတယ်။ ဒီနေ့ဆိုလဲ မုံရွာကလူထုထောက်ခံပွဲဟာ ရက်အနည်းငယ်တွင်း စီစဉ်တာတောင် လူများတာတွေ့ရပါတယ်။ နိုင်ငံ့ပြင်ပမှာဆိုရင်လဲ ဂျပန်သွားသွား ကိုရီးယားသွားသွား မိမိနိုင်ငံသားတွေက ကြိုဆိုဆဲပါ။

ဒါကြောင့် သူမကို လူထုထောက်ခံမှုဟာ သာကူးအချို့ရဲ့ ထောက်ခံမှုကျတာကလွဲရင် ပြည်သူလူထုရဲ့အခိုင်အမာထောက်ခံမှု ရှိနေဆဲလို့ ပြောပါရစေ။ ယခုလို ပါတီတွေများပေမယ့် မဲကွဲခဲ့ရင် ဖွတ်မဲသာ ကွဲမယ်လို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ထရမ့် ထရမ့်

အော်ထရမ့် ထရမ့် နေပြည်တော်ကို ယခင်အစိုးရတွေလက်ထက် စီးပွါးရေးပိတ်ဆို့တာ နှစ် ၃၀ ကျော်၊ ဘာမှမဖြစ် ဘာမှ မမှု။ ထရမ့်က မာဒူရိုဝင်ဖမ်း မအလ လုံခြုံရေးပြန်သုံးသပ်၊ အစည်းအဝေးတွေလုပ်၊ ယခု အီရန်ကို စနေဝင်တိုက်၊

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page