top of page
Search

DASSK ကို ဘာကြောင့် ၅၀၅ နဲ့ တရားစွဲခံရသလဲ?

Writer: Myat Tun Oo
Myat Tun Oo
Mar 2, 2021
1 min read

မအလဟာ DASSK အပေါ် အမှုတွေ တစ်ခုပြီးတစ်ခု တိုးလာနေတာ တွေ့ရပါတယ်။ ဒါကဘာကိုပြသလဲဆိုတော့ သူ့မှာဖိအားတွေ များလာနေတယ်ဆိုတာကို ပြနေပါတယ်။ ၅၀၅ နဲ့ဘာလို့ တရားစွဲလဲ။

အားလုံးသိတဲ့အတိုင်း DASSK အနားမှာက ဘထိန်မရှိကထဲက NLD က လူတွေ အဝင်အထွက်ကအဝေးက မန်းဝကခသာရှိပါတယ်။ ဘထိန်ဟာ အသက်ကြီးပေမယ့် တာဝန်သိတတ်သူပီပီရွေးကောက်ပွဲထဲက နေပြည်တော်ကိုလာခဲ့ပါတယ်။သူ့ရဲ့ NLD သံယောစဉ်ပါ။ အာဏာမသိမ်းခင်အချိန်မှာတော့ DASSK ဟာ သူ့နားက ဝန်ကြီးတွေထံ စာမထားဘဲ ဘထိန်ထံကနေ ပြည်သူတွေကိုအာဏာသိမ်းတာကို ဆန့်ကျင်ပါဆိုတဲ့စာကို ထုတ်ခဲ့ပါတယ်။

စစ်အစိုးရနဲ့ ထောက်လှမ်းရေးတွေဟာ အဆိုပါစာကို အစပိုင်းမှာ DASSK စာ မဟုတ်ဘူး ဘာညာဆိုပြီးလူတွေကို တွေဝေအောင် လုပ်ခဲ့ပါတယ်။ နောက် ၇၂ နာရီ ငြိမ်နေရင် အာဏာသိမ်းမအောင်ဘူးဆိုတဲ့ဂျင်းသီအိုရီကိုလဲ မြှောက်ပေးခဲ့ပါတယ်။ အချို့ဒီနှစ်မှ အရွေးခံထားရတဲ့ အမတ်အချို့ကလဲ အမေကဒါမျိုးမပြောလောက်ဘူးဆိုပြီး တင်ခဲ့တာကို သူတို့က ပြန်ရှယ်ပြီး လူမစုအောင် အစပိုင်းမှာ တားထားနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကိုမင်းကိုနိုင်က ခေါင်းဆောင်မှုပေးခဲ့ပြီး မကျေနပ်ဖြစ်နေတဲ့ Gen Z တို့ကလမ်းပေါ်ထွက်၊ နောက်ပိုင်း တစ်နိုင်ငံလုံးက လမ်းပေါ်ထွက်လို့ ဝန်ထမ်းတွေက CDM မိုလို့ အောင်မြင်သွားခဲ့ပါတယ်။

၂၈ ရက်နေ့ပစ်အပြီး လူတွေလမ်းပေါ်ကို မတ် ၁ ရက် ဆက်ထွက်ချိန်မှာ မအလကို အာခံတယ်ဆိုတာက သေချာသွားခဲ့ပါပြီ။ နောက်ပြီး CRPH ဟာ ယခင်က ၁၉၉၀ လွှတ်တော်ထက်နည်းပညာအရရောနိုင်ငံရေးအမျှော်အမြင်ပါ ပိုရှိပြီး လုပ်စရာရှိတာကို ရဲရဲရင့်ရင့် လုပ်လာနိုင်တာ တွေ့ရပါတယ်။ သူတို့ရဲ့Dr Sasa ကို ခန့်လိုက်မှုဟာ နိုင်ငံခြားဆက်ဆံရေးမှာ အသာစီးရစေခဲ့ပါတယ်။ သူဟာ တိုင်းရင်းသားဖြစ်ပြီး နိုင်ငံခြားမှာ ပညာသင်ထားလို့ စကားပြောနိုင်သလို အဆက်အသွယ်လဲ ကောင်းပါတယ်။ သူ့ရဲ့စဉ်းစားမှုဟာ ICC၊ တိုင်းရင်းသားတပ်မှသည် မောင်းသူမဲ့လေယဉ်အထိ စာရေးသူတို့နဲ့ အတွေးအခေါ်တူပါတယ်။ နောက်နိုင်ငံခြားရေးမှာလဲ အာဆီယံကို မြန်မာကို ဖိအားပေးမလား ဒါမှမဟုတ် လွတ်လပ်တဲ့ မဟာမိတ်နိုင်ငံတွေကို ခေ့်လာရမလားဆိုတာဟာ လက်တွေ့ကျတဲ့ လမ်းစဉ်ပါ။ လူကြီးတွေလို တွေဝေမနေပါဘူး။ ဒါဟာ မအလ မထင်ထားတဲ့ဘက်က ထိုးနှက်ခံလိုက်ရတာပါ။ Dr Sasa ဟာ ပြဿနာကိုတိုင်းရင်းသားအမြင်ဘက်ကလဲ စဉ်းစားလို့ ပြည်ထောင်စုစစ်စစ်ကိုလဲ ဦးတည်သွားပါတယ်။

ပြည်သူတွေအနေနဲ့ မိမိခေါင်းဆောင်က ပြောထားတဲ့အတိုင်း စစ်အာဏာသိမ်းအဖွဲ့ကို ဆန့်ကျင်ကြပါ။ဘယ်သူတွေက ကိုမင်းကိုနိုင် ဘာပြောတယ် ညာပြောတယ်ဆိုရင် သူပြောတဲ့ ဗီဒီယိုဖိုင်အစစ်ကို အချိန်ပေးကြည့်ပါ။ ကိုမင်းကိုနိုင်က လက်ရှိဆန္ဒပြတာတွေကိူ ဆက်လုပ်ခိုင်းသလို မထွက်နိုင်သူသာ အိမ်ရှေ့ထွက်ဖို့ ပြောထားတာပါ။ ဘာမှ ခွါစစ် မဆင်ခိုင်းထားပါဘူး။

ယခုကမ္ဘာပေါ်မှာ အစည်းအဝေးတွေပိုလုပ်ပြီး မြန်မာပြည်က အကြမ်းဖက်အဖွဲ့ကို ဘယ်လိုအရေးယူရမလဲ စဉ်းစားလာရပါပြီ။ ဒါပေမယ့် ဒီလိုဖြစ်အောင် လုပ်ရမှာက ပြည်သူတွေပါဘဲ။ ဆန္ဒပြတာကို ဇွဲမလျော့ဘဲ ဆက်လုပ်နေရင် မအလက ပိုပစ်ရင် သူဟာ ပိုပြုတ်ဖို့ နီးလာလေလေပါ။ သူ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းစက ကိုကျော်မိုးထွန်းက ကုလမှာ ဒီလိုပြောလိမ့်မယ် ယခုလိုပြည်သူတွေက အများကြီး ဆန္ဒထွက်ပြလိမ့်မယ်လို့ မထင်ထားခဲ့ပါ။ နောက်ဘဏ်တွေ ရပ်သွားမယ်လို့ မထင်ထားခဲ့ပါ။နောက်ဆုံးက ပြည်သူသာ အဓိကပါ။ ကိုမင်းကိုနိုင်ပြောတာ နားထောင်ပါ။ CRPH ပြောတာ နားထောင်ပါ။ Dr Sasa ပြောတာ နားထောင်ပါ။ သူတို့က ဦးဆောင်မှုပေးနေပါတယ်။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

1 Comment


Ye Htut Swe
Ye Htut Swe
Mar 02, 2021

ကိုမင်းကိုနိုင် CRPH နဲ့ဒေါက်တာဆာဆာ တို့ပြောတဲ့သတင်းတွေကိုသာ နားစွင့်​နေပါတယ်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page