top of page
Search

DASSK က ပညာရှင်စကားကို နားထောင်လား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 7, 2020
  • 1 min read

ဒီနေ့မနက် DASSK ရဲ့ ကိုဗစ်လုံခြုံရေးအတွက်ရေးတင်လိုက်ရပေမယ့် သူမရန်ကုန်သွားရင် မကောင်းပါလို့ စိတ်ထဲက မြင်နေမိခဲ့ပါတယ်။ ကောင်းအောင်ရေးတင်လိုက်တာပါ။

ဒါပေမယ့် သူမက ဒီနေ့တွေ့ဆုံပွဲမှာ ကျန်းမာရေးဝန်ကြီးဌာနကပြောလို့ ရန်ကုန်ကို မသွားတော့ဘူးဖျက်လိုက်တယ်ဆိုတာကို ပြောသွားပါတယ်။

ဒီလိုမျိုး နိုင်ငံတော်အကြီးအကဲက ကျန်းမာရေးဝန်ကြီးဌာနစကားကို နားထောင်တာ ဘယ်အစိုးရလက်ထက်မှာ ကြားဖူးခဲ့ပါသလဲ? အများစုက လိုအပ်သည်များကို မှာကြားသွားတာများပါတယ်။အဘက သိသိ မသိသိ လိုအပ်သည်များကို မှာကြားခဲ့သည်လို့သာ သတင်းမှာရေးလေ့ရှိပါတယ်။

DASSK ဟာ လိုအပ်ရင် ခေါင်းမမာဘဲ ပျော့ပြောင်းတယ်ဆိုတာကို ပြသွားသလို ပညာရှင်စကားကိုနားထောင်တာကိုလဲ ပြသွားခဲ့ပါတယ်။

ပြည်သူတွေအနေနဲ့ကတော့ မနက်ဖြန်အနီအလံတွေ ဆက်ထောင်လို့ရပါတယ်။ ဒါမှ အဘတွေလဲအခြေအနေကို သိသွားမှာပါ။

 
 
 

Recent Posts

See All
ထရမ့် ထရမ့်

အော်ထရမ့် ထရမ့် နေပြည်တော်ကို ယခင်အစိုးရတွေလက်ထက် စီးပွါးရေးပိတ်ဆို့တာ နှစ် ၃၀ ကျော်၊ ဘာမှမဖြစ် ဘာမှ မမှု။ ထရမ့်က မာဒူရိုဝင်ဖမ်း မအလ လုံခြုံရေးပြန်သုံးသပ်၊ အစည်းအဝေးတွေလုပ်၊ ယခု အီရန်ကို စနေဝင်တိုက်၊

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Sep 07, 2020

ဦးမြတ် ! ဘယ်အချိန်ကြည့်ကြည့် ကျက်သရေကို ရှိနေတာပဲ။မိမိကျင်လည်ရာ အဝန်းအဝိုင်းမှ နှုတ်ဖျားမှာ တဖွဖွ တသသ ပြောဆိုသံများ စံ ထားရလောက်သော စံ စကားများအနေနဲ့ကြားနေရပါသည်။ ဘာလို့များ ကျက်သရေတွေ ရှိလို့ ၊ ဝင့်ထယ် တင့်တင့်ရယ် ကြွယ်ပါလို့။ မင်္ဂလာတွေ ရှိလို့ပါ။ ဘာလို့ မင်္ဂလာတွေ ရှိနေရပြန်တုန်း ? ကျက်သရေတင့်တယ် မင်္ဂလာတရားတွေ ကြွယ်နေရတာ ***ဗုဒ္ဓဘုရားရှင် ဟောကြား မင်္ဂလသုတ်လာ အကျင့်ဖြာဖြာ ***မင်္ဂလာတရားတော်တွေ ကျင့်သုံးလို့ပါ။

**************************


လူသားမှန်သမျှ ပြီးပြည့်စုံသည်ဟူ၍ မရှိပါ။ အစွမ်းနှင့်အညီ အလှကိုယ်စီ ရှိကြပါသည်။

ဖိုးလမင်းလည်း

သူ့အဆင်းနှင့် အလင်းနှင့် ၊

ဖယောင်းတိုင်လည်း

သူ့အစွယ်နှင့် အရွယ်နှင့်။

သူ့ဆိုင်ရာနယ်မှာတော့ သူပဲ ကျွမ်းကျင်ပါမည်။ ကိုယ့်နယ်မှတော့ ကိုယ်က သခင်။ တောမကျွမ်း လမ်းမှားတဲ့ မုဆိုး ၊ ကျားဆိုနဲ့လည်း တိုးရတတ်ပါသည်။နေရာတကာ ငါတကော ကောမရပါ။ ကံကို ယုံ၍ ဆူးပုံ မနင်းရာ။

ဉာဏ် မပါသမျှ ဆူးနှင့်အမျှ ခံ ရပါမည်။

**************************


ကျန်းဝန်နှင့်တကွ ကျန်းဝန်ထမ်းတို့၏ စွမ်းဆောင်ရည်ကို ကောင်းကောင်းကြီး သိထားပါသည်။ သည်လမ်း သည်လိုလှမ်းခဲ့၍ သည်နန်းသိ့ ဆိုက်ခဲ့ပြီ။ သည်စခန်းဖြင့် မသင့်လျော်ပြီ။အပြည့်အဝ ယုံ၍ အမြင် ကြည် ခဲ့ရပါသည်။ ဖယောင်းတိုင်လည်း ၊ သူ့အရွယ်နှင့် အစွယ် နှင့်။

ငါနှင့် ယှဥ်သော မာန ဖြုတ်ချ ၊

***နိဝါတော စ***

သူတို့ (ကျန်းဌာနထုတ်)ညွန်ကြားမှု အမိန့် နာခံမှ သူတို့ (ကျန်းဝန်နှင့်တကွ ဝန်ထမ်းအားလုံးအပေါ်) ရိုသေလေးစားမှု ပြုရာရောက်မှာပေါ့။ ***ဂါရဝေါ စ***။

သူတို့ (ကျန်းဌာန)ကျေးဇူး ရှိဘူးပါလား ။***ကတညုတာ ***။

သူတို့ ပြောတဲ့အတိုင်း လိုက်နာမှ(ဉာဏ်ယှဥ်)…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page