top of page
Search

DASSK ကျန်းမာရေးနှင့် ဘီဘီစီ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 21
  • 1 min read

ree

ယခုအချိန်မှာ အမေစုကျန်းမာရေးသတင်းတွေတက်လာတာ အားလုံးသတိထားမိမှာပါ။ သူ့သားက အမေစုနှလုံးရောဂါနဲ့ကျန်းမာရေးကိုစိုးရိမ်ကြောင်း ပြောဆိုလာချိန်မှာ ဘီဘီစီမြန်မာပိုင်းကနေပြီးတော့သူ့ရဲ့သတင်းရင်းမြစ်တွေက ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး သတင်းထုတ်ပြန်လာတာ ထူးဆန်းစွာတွေ့ရပါတယ်။ ဇော်မင်းလုံးကတော့ ဘီဘီစီ‌ပြောပြီး အချိန်ကြာမှသာထွက်ပြီးပြောပါတယ်။

ဘီဘီစီဟာ ယခင်က ဒေါ်အောင်ဆန်းစုကြည်ကိုခဏတာနေရာပြောင်းတာကိုလည်း အကျယ်ချုပ်ပြောင်းသလိုပုံစံမျိုး သတင်းထုတ်ခဲ့ပါသေးတယ်။

နောက် ဘီဘီစီကြိုးစားနေတာက ရွေးကောက်ပွဲမှာ မအလခိုင်းတာလုပ်မယ့် နန်းခွေးတွေက ကြားနေအပြစ်မဲ့ပြည်သူမျိုး ပုံဖော်ဖို့ကြိုးစားပြီး မအလဘက်က ကာကွယ်ပေးဖို့ကြိုးစားနေတာပါ။ ဒါ့အပြင် ဘီဘီစီကြိုးစားနေတာက စစ်ဖြစ်လို့ ပြည်သူတွေဒုက္ခရောက်တယ်ဆိုတဲ့ စစ်ခွေးရဲ့ အာဘော်ကို ထဲထဲဝင်ဝင် အော်ပေးနေတာပါ။ သူက ယခုလို စစ်ဖြစ်ရတာ မအလအာဏာသိမ်းလို့ဆိုတာမျိုး မအော်ပေးပါ။ ဘီဘီစီက စစ်ဖြစ်လို့ဒုက္ခရောက်နေပါတယ်ဆိုတဲ့ လမ်းကြောင်းမျိုးကို ယူကရိန်းမှာတော့ မအော်ပေးပါ။ ယူကရိန်းမှာတော့ ရုရှားကျူးကျော်စစ်ကို ယူကရိန်းကတိုက်နေတယ်လို့သာ သူ့အာဘော်အရဆက်သွားပါတယ်။ နောက် ဘီဘီစီအမြဲ အော်ပေးတာကတော့ ဘင်ဂါလီအတွက်ပါ။ ဂါဇာမှာ မာမူအတွက် ဘီဘီစီက အော်ချိန်မှာတော့ အစွရေးနဲ့တွေ့သွားခဲ့ပါတယ်။ ဂျူးတွေကလည်းဝါဒဖြန့်ကောင်းပါတယ်။ ဒါကြောင့်ဘီဘီစီ ခံသွားခဲ့ရတာပါ။ ဘီဘီစီကတင်ဆက်တဲ့ ကလေးတွေငတ်တာကိုရိုက်တဲ့ သတင်းမှတ်တမ်းထဲက ကလေးဟာ ဟားမတ်အကြမ်းဖက်အဖွဲ့က အရာရှိရဲ့ ကလေးဖြစ်‌ နေတာကို ဂျူးတွေက ဖော်ထုတ်နိုင်ခဲ့လို့ပါ။ သတင်းဌာနတွေဟာ အားလုံးဘက်လိုက်ပါတယ်။ အမေရိကန်မှာ သတင်းဌာနတွေဘက်လိုက်ခဲ့လို့ ဒေါ်နယ်ထွန်းကို ငွေတွေပြန်လျော်‌ကြေး‌‌ပေး တောင်းပန်နေရတာ ကြားမကောင်းပါ။ ဘီဘီစီက ယူကေက ပြည်သူ့ဘဏ္ဍာယူပြီး သူတိုင်းပြည်ထဲမှာဘက်မလိုက်သလို ထင်ရပေမယ့် သူ့အစိုးရပေါ်လစီအရတော့ပြည်ပကိစ္စတွေမှာ ဘက်လိုက်တတ်ပါတယ်။ သူ့တိုင်းပြည်ထဲမှာလဲ လက်ဝဲယိမ်းပါတယ်။ ဗမာကိစ္စမှာတော့ ဘင်ဂါလီကိစ္စကလွဲရင် စစ်ခွေးဝါဒဖြန့်ပုံစံလေးပါ။


ဒါဆို အမေစုအခြေအနေကဘယ်လိုပါလဲ။ သူမအခြေနေကို ဘယ်သူမှအတိအကျမသိနိုင်ပါဘူး။သူမအကြောင်းရေးရင် သတင်းရင်းမြစ်ကိုလိုက်ပြီး သူမအကြောင်းမပေါက်ကြားအောင် ပိုတင်းကျပ်လေ့ရှိပါတယ်။ ယခင်ကသူမတည်နေရာပြောခဲ့လို့ နောက်ပိုင်းသိဖို့ပိုခက်အောင် လုပ်လာပါတယ်။ ဒါကြောင့် သူမရဲ့ကျန်းမာရေးကိစ္စသိဖို့က နောက်ပိုင်းမှာ ပိုပိုခက်လာပါတယ်။ သေချာတာကသူမကို အရပ်ဖက်ဆရာဝန်တွေနဲ့ လုံးဝပေးမတွေ့တာ သုံးနှစ်ကျော်သွားခဲ့ပါပြီ။ စစ်ဖက်ဆေးရုံကြီးတွေမှာလာပြီး နှလုံးရောဂါအတွက် စမ်းသပ်တာ ယခုအချိန်အထိ မတွေ့ရသေးပါ။ သိရသလောက်နှလုံးရောဂါဟာ Echo လို့ခေါ်တဲ့နှလုံးပုံဖမ်းစက်တွေ၊ နှလုံးသွေးကြောပိတ်ရင် သွေးကြောကြည့်ရတဲ့စက် coronary angiogram နဲ့ စမ်းသပ်ရပြီး ဒါတွေရှိတဲ့နေရာကို အမေစုက ယခုအချိန်အထိ ရောက်မလာခဲ့ဘူးဆိုတာ ခိုင်လုံတဲ့သတင်းက သိရှိထားပါတယ်။ ဒါကြောင့် အမေစုကတောင်းဆိုခဲ့ရင် သူမတောင်းဆိုတာကို ယခုအချိန်အထိ မလိုက်လျောဘူးဆိုတဲ့သဘောပါ။ နှလုံးရောဂါဟာ ရင်ဖတ်နာချိန်စမ်းသပ်ကုသပြီး သွေးကြောပိတ်ရင် ချက်ခြင်းကုရတယ်လို့ သိရှိသူအတွင်းသတင်းက ပြောပါတယ်။ နာရီပိုင်း အလွန်ဆုံးတစ်ရက်ထက် အချိန်ကျော်သွားရင် နှလုံးကြွက်သားများ ပျက်စီးသွားနိုင်တယ်လို့ ဆိုပါတယ်။ ထိုကိစ္စကုနိုင်သူအထူးကုဆရာဝန်က တပ်ထဲနဲ့ အရပ်ဖက်မှာ အများကြီးမရှိပါ။သူမသာ တကယ်ခံစားနေရရင် ကုသခွင့်မပေးသူ မအလမှာသာ တာဝန်ရှိမှာပါ။ တရုတ်အနေနဲ့လဲ မအလဟာ တရုတ်ကို DASSK နဲ့ ပတ်သက်ပြီး ပေးခဲ့တဲ့ကတိတွေကို မလိုက်နာဘူးဆိုတာ သိထားသင့်ပါတယ်။ ယခုအချိန်အထိ သူမကို ဘယ်နှလုံးရောဂါအထူးနဲ့မှ ပေးမပြတာ သေချာပါတယ်။

ပြည်သူတွေအနေနဲ့ ငါတို့နိုင်မှသာ အမေစုလွတ်နိုင်မယ်ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။ နိုင်ဖို့ကNUG အောက်က PDF အားကောင်းဖို့က အဓိကဖြစ်ပြီး အခြားသူအားကိုးတာကို လျော့ချပါ။ PRF ကနေ PDF ကိုလှူပြီး သင့်တပ်အားကောင်းအောင်လုပ်ပြီး တော်လှန်ရေးနိုင်အောင်သာ ဆက်လုပ်ကြပါ။ ငါတို့နိုင်မှ အမေစုလွတ်မြောက်မှာဖြစ်ပြီး ငါတို့နိုင်မှ ငါတို့တွေ ငါတို့သားသမီး မြေးမြစ်တွေလွတ်မြောက်မယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ သာမန်ပြည်သူအနေနဲ့က စစ်ခွေးအနေနဲ့ မအလအောက်မှာ စစ်မှုထမ်းပြီး ခွေးလို ခွေးသမိုင်းနဲ့ သေချင်လား ဒါမှမဟုတ် NUG အောက်က PDF အနေနဲ့မြင့်မြတ်စွာ အသက်ပေးပြီး ပြည်သူက ဂုဏ်ပြုတာကိုခံချင်လား  စဉ်းစားကြပါ။ သင့်မှာ ရွေးခွင့်ရှိပါတယ်။

 
 
 

Recent Posts

See All
မဲလုံးပြောပြီ

ဇော်မဲလုံးထွက်ရှင်းတာကြောင့် စာရေးသူရေးခဲ့တာရဲ့ အတိမ်အနက်နဲ့ မအလ ထရမ့်ကို အလေးအနက်ထားလဲဆိုတာ အားလုံးသဘောပေါက်ပြီထင်ပါတယ်။ ချစ်သူနဲ့ BGF ထိပ်ပိုင်းတွေအတွက် ဝမ်းနည်းစရာပါ။

 
 
 
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page