top of page
Search

CRPH အောင်မြင်နေလား?

Writer: Myat Tun Oo
Myat Tun Oo
Apr 1, 2021
1 min read

ပထမဆုံးပြောချင်တာက CRPH မှာ ပါဝင်သူများဟာ ပညာတတ်ပြီး လုပ်ရည်ကိုင်ရည်ရှိသူများ ပါဝင်တာပါ။ သူတို့ဟာ ပုံမှန်ဝန်ကြီးလိုမဟုတ်ဘဲ အဖမ်းခံရနိုင်မှန်း သိလျက်နဲ့ တိုင်းပြည်အတွက် ဒီအလုပ်ကို လုပ်သူများပါ။ အများစုက NLD ပါတီဝင်တွေပါ။ မဇင်မာအောင်က နိုင်ငံခြားနဲ့ အဆက်အသွယ်ကောင်းသလို ဒေါက်တာဇော်ဝေစိုးတို့လို အင်မတန်တော်တဲ့ အရိုးအထူးကုဆရာဝန် ဆေးတက္ကသိုလ်(၁) ပါချုပ်ဘဝကနေ လာသူတွေလဲ ပါပါတယ်။ Dr Sasa ဆိုရင်လဲ သူ့လုပ်ငန်းတွေကိုစွန့်ပြီး တိုင်းပြည်အတွက် ဝင်လုပ်ခဲ့ပါတယ်။ ကိုလွင်ကိုလတ်နဲ့ အခြားဝန်ကြီးများဟာလဲ ထို့အတူပါဘဲ။ ဒါဆိုရင် သူတို့ဘယ်လောက်အောင်မြင်နေပြီလဲ?

CRPH ကို စဖွဲ့ခါစမှာ စရဖဟာ သူတို့နောက်လိုက်ဖို့ စိတ်မဝင်စားခဲ့ပါ။ ကုလမှာကိုကျော်မျိုးထွန်းမိန့်ခွန်းထပြောပြီး CRPH ကို ဩဇာခံလိုက်တာက CRPH ရဲ့ ထင်ရှားတဲ့ အောင်ပွဲပါ။; နောက်ပိုင်းမှာအင်္ဂလန်က မိုးကျသံအမတ်ကြီးဟာလဲ ခြံစည်းရိုးခွထိုင်လာခဲ့ရပါပြီ။ နောက်အောင်ပွဲက ယခင်ကအဆင်မပြေခဲ့တဲ့ တိုင်းရင်းသားတွေနဲ့ အတိုင်းအတာ တစ်ခုအထိ အဆင်ပြေလာတာကို တွေ့ရပါတယ်။ မြောက်ပိုင်းလေးဖွဲ့ စာထုတ်လာတဲ့အထိ ယုံကြည်မှုတစ်ခု တည်ဆောက်လာနိုင်ခဲ့ပါတယ်။

နောက်အောင်မြင်မှုက CDM ကို အောင်မြင်အောင် လုပ်ဆောင်နေနိုင်တာပါ။ မန္တလေးမီးလောင်ချိန်မှာမအလရဲ့ လူကယ်ပြန်က ဘာမှမလုပ်ပေးနိုင်ချိန် CRPH က လုပ်ပေးနိုင်ခဲ့ပါတယ်။ ဖယ်ဒရယ်တပ်မတော်ဟာလဲ ခရီးရောက်နေတာ တွေ့ရပါတယ်။ သူဟာစနစ်တကျနဲ့ ဘဏ္ဍာငွေရနိုင်အောင်လုပ်ဆောင်နေတာဟာ အားရစရာကောင်းပါတယ်။

သူ့ရဲ့ အကြီးမားဆုံးအောင်မြင်မှုကတော့ ၂၀၀၈ ခြေဥကို ဖျက်သိမ်းလိုက်နိုင်တာနဲ့ ပြည်သူလုထုရဲ့ထောက်ခံမှုကို ရရှိနေတာပါ။

အကျဉ်းချုပ်ရရင် CRPH ဟာ အောင်မြင်နေပြီး ယခင်ကမလုပ်နိုင်တာတွေကိုလဲ အချိန်တိုအတွင်းမှာလုပ်နိုင်လာတာ တွေ့ရပါတယ်။ ဒါ့ကြောင့်မိုလို့ စာရေးသူအနေနဲ့ အရေးတော်ပုံဟာ လုံးဝ အောင်မြင်မယ်လို့ ယုံကြည်နေပါတယ်။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page