top of page
Search

CRPH ကိုဝေဖန်သူများသို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 10, 2021
  • 1 min read

ယခုတလော CRPH ကိုဝေဖန်သူအချို့ကို စဉ်းစားနိုင်ဖို့ ဒီစာလေးကိုရေးပါတယ်။ CRPH ဟာ ပြည်သူတွေအတွက် အခက်အခဲများကြားက အလုပ်လုပ်နေပါတယ်။ ပြည်သူတွေ အင်တာနက်ပြတ်ရင် သူတို့လဲ ပြတ်ပါတယ်။ CRPH မှာ လောလောဆယ် လက်နက်ကိုင်တပ်မရှိဘဲ လက်နက်များစွာပိုင်ထားတဲ့ဖက်ဆစ်မအလတပ်ကို တိုက်နေရတာပါ။ သူတို့မှာ လစဉ် CDM ဝန်ထမ်းတွေကို ထောက်ပံ့ဖို့လဲ လုပ်ရပါတယ်။ ဒီကြားထဲ လန်ဒန်ကသံအမတ်လို ခြံစည်းရိုးခွထိုက်တာကနေ မတော်တဆ ပြုတ်ကျသူကိုလဲလှမ်းကူရပါတယ်။

ဒါဆို CRPH က ဘာအောင်မြင်နေလဲ?

CDM ဆက်ရှင်သန်နေအောင် စည်းရုံးထားနိုင်တာက ပထမအောင်မြင်မှုပါ။ နောက် နယူးယောက်ကကုလရုံးကို သိမ်းလိုက်နိုင်တာက ဒုတိယအောင်မြင်မှုပါ။ တတိယက ၂၀၀၈ ခြေဥကို ဖျက်လိုက်နိုင်တာပါ။ နောက်ဖယ်ဒရယ်ကြေညာစာတမ်းလဲ ထုတ်နိုင်ခဲ့ပါပြီ။

CRPH ဟာ အင်တာနက်ဖြတ်တောက်မှုကြားထဲက ဆက်သွယ်ဆောင်ရွက်နေရတာပါ။ CRPHဟာ သူ့လွှတ်တော်၊ ပါတီနဲ့ တိုင်းရင်းသားအဖွဲ့ အားလုံးနဲ့ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရတာဟာ အင်တာနက်မရှိတဲ့ကာလမှာ မလွယ်ကူပါ။ ဥပမာ အမေရိကန်ကနေ ပိုက်ဆံကောက်ချိန် ပြည်သူတွေကလှူပေမယ့်ဒလန်တွေကတိုင်လို့ လိုက်ရှင်းရပါတယ်။ မိမိပိုက်ဆံပြန်ရပေမယ့် အချိန်ကြာသွားပါတယ်။ CRPH ကနိုင်ငံခြားရေးဝန်ကြီးဟာ ကုလအထိတက်ပြီး စကားပြောလာနိုင်ပါပြီ။ သူတို့လဲ ကုလအကူအညီရဖို့တတ်နိုင်သမျှလုပ်နေပါတယ်။ CRPH က တိုင်းရင်းသားတွေနဲ့ အဆင်ပြေနေလို့ မအလက ရာပြည့်ကိုလွှတ်ပြီး ဝ ထံ ခြေသလုံးဖက်တောင်းပန်ပေမယ့် ဝက ရုးချင်ယောင်ဆောင်ပြီး SSPP က သဘောတူမှဆိုလို့ ဟန်မဆောင်နိုင်ဘဲ ရဟတ်ယဉ်နဲ့သွားလို့ တိုင်းမှူးခြေထောက်ထိသွားခဲ့တာပါ။ ဒါဟာ CRPH မတိုင်ခင် CRPH က အောင်မြင်နေတာကို တားဖို့လုပ်ဆောင်ရင်း ဖြစ်သွားခဲ့တာပါ။

ဒါဆို ငါတို့ပြည်သူတွေက ဘာလုပ်ရမလဲ။ မိမိပိုက်ဆံကို ဘဏ်ကထုတ်ထားပါ။ ငွေသားကိုင်ထားပါ။ရိက္ခာ သုံးလစာ သိုလှောင်ထားပါ။ ရန်ကုန်ကလူတွေ နယ်မှာ ရွာထဲမှာ အိမ်ရှိရင် ရှောင်နေပါ။ဗုံးခိုကျင်းတူးထားပါ။ မိမိရပ်ကွက်ထဲက ဒလန်စာရင်းကို အထောက်အထားနဲ့ စုထားပါ။ CDM မလုပ်ဘဲ အလုပ်ဆင်းနေသူများကိုလဲ နာမည်၊ ဓာတ်ပုံနှင့်တကွ အထောက်အထားနဲ့ စုထားပါ။

ဆန္ဒပြနိုင်တဲ့ လူငယ်တွေက အန္တရာယ်ကင်းတယ်ထင်ရင် ဆက်ဆန္ဒပြနေပေးပါ။ CDM လုပ်သူတွေကဆက်ပြီး CDM လုပ်ပေးပါ။ ဖယ်ဒရယ်တပ်ထဲ ဝင်လိုသူ လူငယ်တွေက နယ်စပ်မှာ စစ်ပညာသွားသင်ပါ။ မြို့ထဲမှာ ကာကွယ်ဖို့ကျန်ခဲ့သူ လူငယ်များက ရန်သူ့ပစ်မှတ်များကို အလစ်အငိုက်ဒန်ပေါက်ကျွေးပါ။ တပ်ထဲက ဒီမိုဘက်ပြောင်းလိုသူများလဲ မိမိမိသားစုကို တပ်တွင်းကနေ အပြင်ကိုထုတ်ထားပါ။ အမြဲတိုင်း မိမိလက်နက်ကိုင်ခွင့်ရချိန် မအလနဲ့ကြုံရင် အုန်းကျော်မြင့်လိုလုပ်နိုင်အောင်ကြိုးစားပါ။လက်နက်ထားခဲ့ရင် ပြန်ခံချလို့မရပါ။

အကျဉ်းချုပ်ရရင် CRPH ဟာ ဖွဲ့ပြီးနှစ်လအတွင်း ၂၀၀၈ ခြေဥဖျက်တာ တရုတ်သံရုံးက ဖုန်းဆက်စကားပြောရတာတွေက ကြီးမားတဲ့ အောင်မြင်မှုပါလို့ ပြောပါရစေ။ ယခုလို လူသေနေတာ မကောင်းပေမယ့် လူတွေကလဲ မအလကို အသေတိုက်ထုတ်ဖို့ ဆုံးဖြတ်ချက်က ပိုခိုင်လာကြပါတယ်။ နောက်ဆုံးကတော့ CRPH မဟုတ်ဘဲ ဒီမိုတိုက်ပွဲ နိုင်မနိုင်ကို ဆုံးဖြတ်မှာက ပြည်သူများပါ။ ဒါ့ကြောင့်ပြည်သူသာအဓိကပါလို့ ပြောပါရစေ။ ဇွဲမလျော့ပါနဲ့။ အရေးတော်ပုံ အောင်ရမည်။

 
 
 

Recent Posts

See All
သတင်းလုံပါစေ

စွန်လွှတ်ကြိုးဒရုံးတွေ ဗန်းမော်မှာ သုံးနိုင်ရင် ဒရုံးတားစနစ်ကို ကျော်နိုင်မှာပါ။အထဲမှာ ရဟတ်ယာဉ်နောက်ပိုင်း ကျွန်တော်တို့ သေသည်အထိ...

 
 
 
ဝဋ်

ဗျူဟာမှူးကျ မကျ အစပိုင်းမှာ ဘယ်သူမှ မသိပါဘူး။ ပါသွားတာ သေချာပြီး နှစ်စီးမှာ တစ်စီးက အဆက်အသွယ်ပြတ် တစ်စီးက မြေပြင်ပေါ်ဆင်းရပေမယ့်...

 
 
 

Comentarios


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page