top of page
Search

COVID 19 တိုက်ခိုက်ရေး မြန်မာပြည်ရဲ့ အားသာချက် အားနည်းချက်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 22, 2020
  • 1 min read

အားသာချက်

မြန်မာပြည်ကို ယခင်ကထဲက ကမ္ဘာလှည့်ခရီးသည် အလာနည်းသလို ပြင်ပနဲ့ အဆက်အသွယ်နည်းပါတယ်။

နောက် ဒီရောဂါဟာ အသက်ကြီးသူများ ၇၀ အထက်မှာ အသေအပျောက်များပါတယ်။ မြန်မာပြည်မှာက အသက်ကြီးသူဟာ အခြားနိုင်ငံတွေလို မများပါ။ မြန်မာအမျိုးသားတွေရဲ့ ပျှမ်းမျှအသက်ဟာ၆၄.၆ နှစ်ဖြစ်ပြီး အမျိုးသမီးတွေက ၆၈.၉ ပါ။ သူက လူငယ်တွေမှာလဲဖြစ်နိုင်ပေမယ့် အသေများတာက လူကြီးတွေနဲ့ ခုခံအားကျနေသူတွေပါ။

နောက်အားသာချက်က စာရေးသူတို့က ဘုရားပွဲလို လေဟာပြင်ထဲသွားပေမယ့် သောကြာနေ့တိုင်းအဆောက်အအုံထဲမှာ ဝတ်ပြုတာ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းတက်တာ မလုပ်ပါ။ ဝါဆိုမှာလုပ်ပေမယ့် ယခုဝါတွင်းမဟုတ်လို့ ဘုန်းကြီးကျောင်းမှာ သွားမစုသေးပါ။ မလေးရှားနဲ့အီရန်မှာက ဝတ်ပြုရာကနေစတာပါ။ မလေးမှာ သူတို့ဘာသာရေးပွဲ အကြီးကြီးလုပ်ပြီး အဲ့ဒီကအပြန် ဘရူနိုင်းမှာ ဘရူနိုင်းက မလေးဝတ်ပြုပွဲ တက်ခဲ့သူတွေကနေ စပြီးတွေ့လို မလေးမှာ စစ်ရာကနေ အများကြီးတွေ့ပါတယ်။ဘင်္ဂါလီ ၄၀၀၀ လောက်လဲ အဲ့ဒီပွဲကိုတက်ခဲ့လို့ မလေးအစိုးရက လာအစစ်ခံဖို့ ခေါ်နေပါတယ်။

နောက်မြန်မာပြည်မှာ လူအများကြီး သယ်တာဆိုလို့ ရန်ကုန်က YBS သာ ရှိပါသေးတယ်။ မန္တလေးမြို့မှာတောင် ရန်ကုန်လို YBS မရှိသေးပါ။ စင်္ကာပူလို MRT မရှိသလို နယူးယောက်နဲ့ လန်ဒန်လို မိနစ်နဲ့အများ ထွက်နေတဲ့ မြေအောက်ရထားတွေလဲ မရှိပါ။ ရန်ကုန်မြို့ပတ်ရထားက ဟိုကထွက်တာရဲ့ ၁% လောက်သာရှိပါတယ်။

အားနည်းချက်

လူတွေကို အလုပ်မလုပ်ဘဲ အိမ်မှာနေဖို့ အိမ်ကနေ အလုပ်လုပ်ဖို့ ဖြစ်လာရင် ပြောရပါမယ်။ လူတွေကိုအိမ်မှာနေခိုင်းရင် ဥရောပက လစာပေးထားပါတယ်။ ဒါအတွက် ငွေလိုပါမယ်။

နောက်လူတွေဟာ အမိန့်မနာခံဘဲ အပြင်ထွက်ရင် တရားဥပဒေစိုးမိုးဖို့ အမိန့်ကို အင်အားသုံးအတည်လုပ်ဖို့ ရဲလိုပါမယ်။

ဖြစ်လာလို့ ကုသရရင် ဆေးရုံတွေ၊ အောက်ဆီဂျင်တွေ၊ အသက်ကယ်စက်တွေ လိုနိုင်ပါတယ်။

ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အကာအကွယ်ပစ္စည်းတွေ လိုပါမယ်။

လူတွေကို အထိတ်တလန့်ဖြစ်စေတဲ့ မဟုတ်မမှန်သတင်းတွေကို အဖွဲ့အစည်းတစ်ခု စနစ်တကျ ထုတ်လွှင့်နေပါတယ်။ ဒါကို အစိုးရက အရေးယူနိုင်ဖို့လိုပါတယ်။ ဒါပေမယ့် အဲ့ဒီအဖွဲ့တွေဟာ ဥပဒေမမှီတဲ့နေရာမှာဆိုရင်တော့ လုပ်ရခက်ပါမယ်။

———————————————————————————-

သာမန်ပြည်သူအနေနဲ့ ဘာလုပ်ရမလဲ?

စျေးကို မိမိလိုသလောက်သာဝယ်ပါ။

မလိုအပ်ရင် လမ်းမထွက်ပါနဲ့။ ထွက်ခဲ့ရင်လဲ လူအချင်းချင်း ခပ်ဝေးဝေးနေပါ။

လူစုလူဝေးနေရာကို ရှောင်ပါ။

လက်ဆေးပါ။

အစိုးရက သင်နိုင်ငံခြားကပြန်လာလို့ သီးသန့်ခွဲ စောင့်ကြည့်ခံရမယ်(isolation & surveillance) အလုပ်ခံရမယ်ဆိုရင် ပူးပေါင်းဆောင်ရွက်ပါ။

ချောင်းခြောက်ဆိုးရင် အဖျားရှိရင်၊ အသက်ရူကျပ်ရင် မိမိအိမ်မှာ နေပါ(self isolate) ၁၄ ရက်လုပ်ပါ။လိုအပ်ရင် ဆရာဝန်ကိုပြပါ။ အများစုလူငယ်တွေကတော့ တုတ်ကွေးဖြစ်သလိုဖြစ်ပြီး ပြန်ကောင်းပါတယ်။

ဒါပေမယ့် အသက် ၇၀ အထက်တွေ၊ ကင်ဆာဆေးသောက်နေရသူတွေ အသက်ရူလမ်းကြောင်း ရောဂါအခံရှိသူတွေကတော့ သတိထားပါ။ မလိုအပ်ရင် လုံးဝ လုံးဝ အပြင်မထွက်ပါနဲ့။

အသေအပျောက်နှုန်းကတော့ ကမ္ဘာ့ဆေးပညာဂျာနယ် Lancet ရဲ့ သုတေသနပြုချက်အရ တရုတ်ပြည်ထဲမှာ ၅.၆% (လူတစ်ရာရောဂါဖြစ်ရင် ၅ ယောက်ခွဲနီးပါးသေပြီး တရုတ်ပြည်ပြင်ပ အခြားနိုင်ငံတွေမှာတော့ ၁၅.၂% ပါ( ရောဂါအယောက်တစ်ရာဖြစ်ရင် ၁၅ ယောက်သေပါတယ်။

စာကြွင်း၊ ဤစာကို စာရေးသူရေးခြင်းမဟုတ်ဘဲ တတ်ကျွမ်းသူများက ရေးသားပါကြောင်း၊ ဆေးပညာ အချက်အလက်အတွက် သူတို့ ယူသုံးတဲ့ အထောက်အထားပါ တင်ပေးလိုက်ပါတယ်။ အပေါ်ကအားသာချက် အားနည်းချက်သာ စာရေးသူ အာဘော်ပါ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page