top of page
Search

CNN ကြောင့် တပ်ထဲမှာ​ပေါ်သောပြဿနာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 12, 2021
  • 1 min read

မအလက သူ့လော်ဘီအကြံပေးရဲ့ ဂျင်းမိပြီး CNN ကိုခေါ်ပါတယ်။ အောက်ခြေက မဟုတ်တာလုပ်ထားတာများတော့ ဖုံးမရပါ။ ဒါကိုဖုံးနိုင်မယ်လို့ထင်တာကိုက မအလရဲ့ ဦးနှောက်မရှိမှုကိုပြတာပါ။ယခု CNN သတင်းမှာ ပါလာတော့ တပ်ထဲမှာသိမှာစိုးလို့ CNN ကပါတာဟာ သတင်းမှားဖြစ်ကြောင်း မအလရော သူ့လက်အောက်က စိုးဝင်းရော တစ်တိုင်းပြည်လုံးပတ်ပြီး တပ်တွေထဲမှာ လိုက်ရှင်းပါတယ်။အဓိကက တပ်ထဲကနေ ထွက်ပြေးပြီးဘက်ပြောင်းသူ များလာနိုင်လို့ပါ။

ဆရာဝန်တွေ CDM စချိန်မှာ စစ်ဆေးနဲ့ အစားထိုးမယ်ဆိုပြီး ပြောခဲ့ပေမယ့် ယခုအချိန်မှာ စစ်ဆေးကလဲ တပ်ပြေးများလာနေလို့ တောင်မင်းကို မြောက်မင်းမကယ်နိုင်ပါ။

ယခုအချိန်မှာ မအလဟာ မိမိကိုယ်ကျိုးအတွက် အာဏာသိမ်းပြီး လူသတ်နေတယ်ဆိုတာ အားလုံးလူမှန်ရင် သိသင့်ပါပြီ။ ဒီနေရာမှာ ကြောက်နေလို့ ပုန်မကန်သေးရင် ဘယ်လိုပြင်ဆင်ရမလဲ ပြောပါရစေ။

ဒီနေရာမှာ အောက်ခြေအဆင့် လူပျိုလူလွတ်တွေက ထွက်ပြေးရ ပိုလွယ်လို့ ယခုဆိုရင် အဆင့်အားလုံးကို မိသားစုလိပ်စာ ပြန်ဖြည့်ခိုင်းပါတယ်။ ရည်ရွယ်ချက်က မိသားစုကို ပြန်ပေးဆွဲထားမယ်ဆိုတဲ့သဘောပါ။ ဒါ့ကြောင့် မအလကို ပုန်ကန်မယ်ဆိုရင် ပြင်ဆင်ရမှာက မိမိ မိသားစုကို တပ်ထဲကအိမ်ရာမှာ မထားပါနဲ့။ အခြားနယ်ကို ပို့ထားပါ။ လိပ်စာကို အတုဖြည့်ပါ။ ပြီးရင် ထွက်ပြေးပြီး မိမိတာဝန်ကျရာနေရာနဲ့ အနီးဆုံးဒီမိုတပ်စခန်းကို ပူးပေါင်းပါလို့ ပြောလိုပါတယ်။ ဒီလိုမလုပ်ရဲသေးရင်လဲ တပ်ထဲကသတင်းကို အပြင်ထုတ်ပါ။ စစ်ဆင်ရေးမှာပါတဲ့ တပ်ဖွဲ့ဝင်တွေရဲ့နာမည်ကို အပြင်ထုတ်ပါ။စစ်ဆင်ရေးတွေကို ကြိုသိရင်လဲ ဒီမိုတွေကို သတင်းပေးပါ။ ထောက်ပံ့လမ်းကြောင်းများကို ချပြသတင်းပေးပါ။ လက်နက်တွေကို ဒီမိုတွေထံရောက်အောင်ပံ့ပိုးပါ။

အချို့လဲ CDM လို ထွက်ပြေးတာမဟုတ်ဘဲ မအလကို ထိထိရောက်ရောက် တုန့်ပြန်လိုသူများရှိမှာပါ။ဒါဆိုရင်တော့ မအလကို ဥပဒေအရ ပြစ်ဒဏ်ကို အပြင်မှာ ဘယ်လိုလက်တွေ့ပေးနိုင်မလဲ နည်းလမ်းရှာကြည့်ပါ။ အားလုံးတိုက်ရင် ဒီမိုတိုက်ပွဲက နိုင်မှာပါလို့ ပြောပါရစေ။

မအလဟာ ယခင်ကိုလို လုံခြုံမှုမရှိဘဲ သူသွားရင် သေနတ်ခါးကြာရထိုးထားတာ သူ့ယဉ်မောင်းတွေ၊ရဟတ်ယဉ် လေယဉ်မောင်းတွေရဲ့ မိသားစုကို လုံခြုံရေးအရဆိုပြီး တပ်ထဲမှာအကျယ်ချုပ်ထားတာမျိုးတွေ စလုပ်လာနေပါပြီ။ ဒီတိုက်ပွဲကို ပြည်သူတွေ တကယ်တိုက်ရင် တကယ်နိုင်မှာပါ။ မအလတောင် မလုံခြုံတော့ပါ။ အရေးတော်ပုံ အောင်ရမည်။

 
 
 

Recent Posts

See All
သတင်းလုံပါစေ

စွန်လွှတ်ကြိုးဒရုံးတွေ ဗန်းမော်မှာ သုံးနိုင်ရင် ဒရုံးတားစနစ်ကို ကျော်နိုင်မှာပါ။အထဲမှာ ရဟတ်ယာဉ်နောက်ပိုင်း ကျွန်တော်တို့ သေသည်အထိ...

 
 
 
ဝဋ်

ဗျူဟာမှူးကျ မကျ အစပိုင်းမှာ ဘယ်သူမှ မသိပါဘူး။ ပါသွားတာ သေချာပြီး နှစ်စီးမှာ တစ်စီးက အဆက်အသွယ်ပြတ် တစ်စီးက မြေပြင်ပေါ်ဆင်းရပေမယ့်...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page