top of page
Search

Civilian supremacy ဆိုတာဘာလဲ?

Writer: Myat Tun Oo
Myat Tun Oo
Dec 14, 2020
1 min read

စာရေးသူက နိုင်ငံရေးသမားသာ ဝန်ကြီးလုပ်ပြီး စီမံခန့်ခွဲရမယ်လို့ ရေးချိန်မှာ အချို့က ဆရာရယ် စစ်အစိုးရလက်ထက်က ဝန်ကြီးတွေ၊ မဆလကဝန်ကြီးတွေလိုလဲ ဖြစ်နေပါ့မယ် ပညာရှင်စကားနားထောင်ရမှာပေါ့လို့ ပြောလေ့ရှိပါတယ်။

ပထမဆုံးက နေဝင်း၊ စောမောင်၊ ဘရွှေ၊ ဘစိန်လက်ထက် ဝန်ကြီးတွေက တပ်ကလာသူနဲ့ နေဝင်းကခန့်သူပါ။ သူတို့ကို ဘယ်သူကမှ မဲမပေးလိုက်ပါ။ ဒါ့ကြောင့် သူတို့မှာ တာဝန်ခံရမယ့်ပြည်သူaccountability မရှိပါ။ ဥပမာ စစ်တပ်။ စစ်တပ်ဟာ စစ်တိုက်တတ်တဲ့ ပညာတတ်အဖွဲ့အစည်းပါ။ ဒါပေမယ့် သူ့ကို အထိန်းအကွပ်မရှိ လွှတ်ထားလို့ ယခုမြန်မာပြည်မှာ ဘာတွေဖြစ်နေလဲ အားလုံးသိမှာပါ။သူအသုံးမကျလို့ ရန်သူက မိုးကုတ်ဝင်ပြန်ပေးဆွဲလဲ အစိုးရက ငုတ်တုတ်ကြည့်နေရပါတယ်။ သူက ဟိုဥပဒေမပြလို့ မလုပ်နိုင်ပါ ဘာညာ ဆင်ခြေပေးပါတယ်။ ဒီမိုနိုင်ငံစစ်စစ်မှာဆိုရင် အဲ့ဒီစစ်ဦးစီးအရာရှိချုပ်(ညွှန်ချုပ်)ကို အရပ်သားကာကွယ်ရေးဝန်ကြီးက ရာထူးက ထုတ်လိုက်မှာပါ။

အမေရိကန် ဘင်လာဒင်ကို ဝင်ဖမ်းတာကို လေ့လာကြည့်ပါ။ ထောက်လှမ်းရေးကို ထောက်လှမ်းရေးပညာရှင် CIA က လုပ်၊ ပါက္ကစတန်ထဲ ဝင်ဖမ်းမဖမ်း သမ္မတအိုဘားမားက နိုင်ငံရေးအရဆုံးဖြတ်ပြီး သူ့စစ်တပ်က သမ္မတအမိန့်ကို အသက်အသေခံပြီး အကောင်အထည်ဖော်သွားတာပါ။ အီရန်မှာလဲ ဟိုဆူလမာနီကို ထရမ့်က နိုင်ငံရေးအရ ပစ်ဖို့ဆုံးဖြတ်တာကို သူ့တပ်က အကောင်အထည်ဖော်ရတာပါ။ ယခုသူမှန်သွားခဲ့ပြီး အီရန်က ဘာမှ ပြန်မလုပ်ရဲခဲ့ပါ။

စာရေးသူတို့ တိုင်းပြည်မှာက ဓာတ်ခဲက တပ်ကိုတိုက်ပြီး ဓာတ်ခဲကို လက်နက်ထောက်ပံ့၊ နေစဟာထောက်ပံ့သူ ဝ ကို သာဝက အပြုတ်သွားတိုက်တော့ ဟိုက ဘာမှမကြောက်ပါ။

မြန်မာပြည်ဟာ စီးပွါးရေးတိုးတက်မှုအတွက် အလားအလာ များစွာရှိပါတယ်။ ဒါပေမယ့် သာဝနှင့်အဖွဲ့က နိုင်ငံတကာမှာ တိုင်းပြည်ပုံရိပ်ကို ကျအောင်လုပ်ရင် စီးပွါးရေးကို ယခုထက်ပိုပြီး ဖွံ့ဖြိုးဖို့ရာကဘယ်သူလုပ်လုပ် ခက်နေမှာပါ။

ကမ္ဘာ့သမိုင်းကို ပြန်ကြည့်ပါ။ ထိုင်းမှာ ကျန်းမာရေးစနစ်ကောင်းအောင် ဘတ် ၃၀ စနစ်ကို လုပ်သွားတာဟာ နိုင်ငံရေးသမား ထိုင်းဝန်ကြီးချုပ်သပ်ဆင်ပါ။ ထိုင်းစစ်ဗိုလ်ချုပ်တွေ၊ ဆရာဝန်တွေ မဟုတ်ပါ။ထို့အတူ အမေရိကန်မှာ ကျန်းမာရေးစနစ်ကို ပြင်သွားတာဟာ ဆရာဝန်မဟုတ်ဘဲ နိုင်ငံရေးသမား အိုဘားမားပါ။ အင်္ဂလန်မှာလဲ ထို့အတူပါဘဲ။

နိုင်ငံရေးသမားတွေဟာ ပြုပြင်ပြောင်းလဲရာမှာ ပြည်သူက ရွေးကောက်တင်မြှောက်လို့ သူတို့လုပ်စရာရှိတာကို ပြည်သူကိုအခြေခံ လုပ်ကြတာပါ။

မြန်မာပြည်မှာ အရပ်သားနိုင်ငံရေးသမားက အာဏာထိပ်ဆုံးမရောက်သရွေ့ တိုးတက်မှုဟာ နှေးကွေးနေမှာပါ။ ပြောင်းလဲမှုကို လက်ရှိတပ်ချုပ်ရော နောင်လာမယ့် တပ်ချုပ်ပါ တောင့်ခံနေရင် တိုင်းပြည်အတွက် မကောင်းနိုင်ပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Dec 14, 2020

ဦးမြတ်!အားတခိုက် အားစိုက်လိုက်ပါသည်။ စကားပုံများနှင့် စတင်ပါရစေ။

#မရှိတာထက် မသိတာခက်

#အသိခေါက်ခက် အဝင်နက်

**တောင်းဆိုး ပလုံးသာ ပစ်ရိုးထုံးစံရှိ။ သားဆိုး ပစ်ရိုးမရှိ။

မြန်မာ့လူမှုနယ်ပယ်မှာ မိဘ(အမေ)အပေါ် ကျေးဇူးမသိ

ဆိုးသွမ်းသော သားမိုက်များအတွက် ရည်ရွယ်အသုံးပြုကြပါသည်။

*************************


အမေနဲ့ မိသားစုကတော့ ဆင်းရဲနေ။ မိမိက သဌေးသား ဂိုက်ဖမ်း

အမေ့ဆီက အခွင့်အရေး ရသမျှယူ။ စည်းစိမ် ယစ်မူး။ အမေ့မှာတော့ မိသားစု စားဝတ်နေအတွက် ပူပန်ပြီး စီမံရတာတဖက်။ သားအလိုလိုက် ကစားနိုင်အောင် ဟိုအရုပ်မှ ဒီအရုပ်မှ ဂျီးထူ စျေးဆစ်။ အမေ့ ချွေးခံထဲက(အမျိးသမီးဝတ် အတွင်းခံ အင်္ကျီ) ရှိစု မဲ့စု ပိုက်ဆံထုတ်ပေး။ အမေ့မှာ ဟန်အတွက် နားမှာ နားကပ် တရံပဲကျန်တော့တယ်။ မိုက်လိုက်တဲ့သား။ အသိတရား မရှိ။ အကြင်နာဆိုတာ သူ မသိ။ မိုက်တဲ့နေရာ ရိုင်းအောင် မိုက်ရိုင်းတဲ့သား။ ကျေးဇူးသိဖို့ ဝေလာဝေး။ကိုယ့်သွေးသား သံယောဇဥ်ကြောင့် မေတ္တာမပျက် ဝတ်မပျက် ဆက်ဆံနေရတာ မိခင်ဖြစ်သူ ပင်ပန်းလှပါဘိ။ ပင်ပန်း မရွှင်လန်းတာသူမသိ။ သူ့အလို မလိုက်မိတာနဲ့ **ထနောင်းပင်က မီး တကျီကျီ။

#ကျေးဇူးမဆပ်ချင်နေပါ

#ကျေးဇူးတော့ သိ စေချင်ပါသည်။

စော်ကားသူတွေကတော့ ပါးရွဲ့သူ ရွဲ၊ အချုပ်ထောင် ကျသူ ကျ၊ ပတ်ဝန်းကျင်မှာ မျက်နှာငယ်လေးဖြစ်ပြီး ဟိုပြေးကပ် ဒီပြေးကပ်ကြ။

အချိန်အတိုင်းအတာ ရောက်လာလျှင်တော့ ကျေးဇူးကန်း မိုက်ရိုင်းသူမှန်သမျှ ဒုက္ခိတဘဝများဖြင့် နိဂုံးအဆုံးသတ်ကြပါသည်။

~အပြစ်ကင်းသော

~ချစ်ခြင်းမေတ္တာဖြင့် ဖွဲ့သီသော

~ကရုဏာ အကြင်နာကို

~လွှမ်းခြုံအုပ်မိုးပေးသည့်

~မိခင်၏ ကျေးဇူး

~အသိ ထူး ရနိုင်ကြပါစေရန်။


အမှန်သစ္စာဖြင့်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page