top of page
Search

CDM ကဲ့သို့ ထိရောက်သော ကုန်သွယ်ရေးလမ်းကြောင်းပိတ်ဆို့မှု

Writer: Myat Tun Oo
Myat Tun Oo
Feb 18, 2021
1 min read

မူဆယ် ၁၀၅ မိုင် မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်းကိုပိတ်ဆို့ဖို့ TNLA က လက်နက်တွေ လူတွေနဲ့ ကြိုးစားခဲ့ရပါတယ်။ ယခု စာရေးသူတို့အနေနဲ့ အဆိုပါ ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့နည်းလမ်းတွေကို ပြည်သူတွေက ချပြခဲ့လိုက်ပါပြီ။

တရုတ်နိုင်ငံဟာ မြန်မာ့အရေးကို ပြည်တွင်းရေးလို့သာ ပြောလေ့ရှိပါတယ်။ တရုတ်ကနေ ကုန်စည်တွေမဝင်နိုင်ရင် ပို့ကုန်-သွင်းကုန် ရပ်သွားရင် တရုတ်လဲ အသံထွက်လာမှာပါ။ အိန္ဒိယ၊ ထိုင်းလဲ ထို့အတူပါဘဲ။ ဒါ့အပြင် ပို့ကုန်တွေ သွားမရရင် နယ်စပ်ကုန်သွယ်ရေးကိုလဲ ရပ်လိုက်နိုင်မှာပါ။

ဒီနေရာမှာ ပြည်သူတွေက ငြိမ်းချမ်းစွာနဲ့ ကားစက်တွေရပ်တာ၊ ကားပျက်တာ၊ ကားကို ဖြေးဖြေးမောင်းတာတွေပါ။ အချို့နယ်မြေများဟာ အခြားလက်နက်ကိုင်တွေလဲရှိလို့ MNDAA တို့ RCSS တို့၊ KNU တို့က ကားသမားတွေကို ခြိမ်းခြောက်တဲ့ တပ်တွေကို အနည်းငယ် ပညာပေးရင် သူတို့အဆိုပါလမ်းကြောင်းကိုဖွင့်ဖို့ တပ်အင်အားများစွာ သုံးရမှာပါ။ ဒါတောင် ကုန်ကားတွေကို တက်မောင်းဖို့မလွယ်ပါ။ တကယ်ပျက်နေရင် ပိုတောင်ဆိုးပါသေးတယ်။

အမေရိကန်က စီးပွါးရေးပိတ်ဆို့တာထက် တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးကို ပြည်သူတွေက ပိတ်ဆို့တာက ပိုထိရောက်မှာပါ။

နောက် ရန်ကုန်-မန္တလေး ကားလမ်းကို ပြည်သူ့အင်အားနဲ့ ဘယ်လိုပိတ်မလဲ? ဆက်သွယ်ရေးလမ်းတွေကို လူအင်အားနဲ့ ဘယ်လိုဖြတ်မလဲ စဉ်းစားသင့်ပါတယ်။

နောက် တပ်နဲ့ရဲ လုံခြုံရေးမပေးနိုင်ဘဲ လူတွေကြားမှာရှိတာက Mytel တာဝါတိုင်နဲ့ သဘာဝဓတ်ငွေ့ပိုက်လိုင်းတွေပါ။ ဒါတွေကို တိုက်ခိုက်ရင် အကြမ်းဖက်တယ်လို့ ပြောနိုင်ပေမယ့် ဒါဟာရန်သူ့တပ်ကိုဒုက္ခတွေ့စေနိုင်တဲ့ လက်တွေ့ကျတဲ့ နည်းလမ်းတစ်ခုပါ။ ဒါတွေထိခဲ့ရင် တရုတ်၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့ဟာ ပြည်တွင်းရေးဆိုပြီး မျက်ကွယ်ပြုလို့ မရတော့ပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Feb 18, 2021

ဦးမြတ်!!! လူမျိုးရေးမုန်းတီးတိုက်ခိုက်မှု မဟုတ်ပဲ၊ ပကတိအမှန်အတိုင်း တင်ပြပါမည်။

တရုတ်တွေဟာ လိုလျှင်လိုသလို မလိုလျှင် မလိုသလိုဟူသော ဒေါသအခြေခံသည့် ဣဿ မစ္ဆရိယ စိတ်ထားရှိကြပါသည်။

~သူတို့ စျေးနှိမ်လွန်းလို့ ဖရဲသီးတွေ ကားစီးလိုက် သွန်ခဲ့ရပါတယ်။ အရှေ့အလယ်ပိုင်း ကာတာစျေးကွက်လည်း ပွင့်ရော၊(နှစ်ပေါင်း ၃၀ အတွင်း)ဖရဲစျေး အမြင့်ဆုံးတက်သွားပါတယ်။

~မိုးနှောင်းကာလက ဆန်များကို ဟိုဒီအကြောင်းပြ ဂဂျီဂဂျောင်ကျပြီး ဆန်တွေ မဝယ်လို့ ကားတန်းကြီး ဒုက္ခ အကြီးအကျယ် ရောက်ခဲ့ရပါသည်။

ကားမောင်းသူများမှာလည်း ခံစားချက်အသီးသီးရှိကြပါသည်။ ကိုယ့်လူဖက်ကမကောင်းတော့ အထောင်းချည်း ခံနေရတဲ့ကာလ ရှည်ကြာလှပါပြီ။ ပေဖြစ်တုန်း ခံ၊ တူဖြစ်လျှင် နှံမယ် ၊၊ ထင်းခွေ မကြုံ ၊ ရေခပ် ကြုံသေးတာပေါ့ ဟူသော အငုံ့စိတ်ထားများ၏ ပေါက်ကွဲမှုကြောင့် ယခုဖြစ်စဥ်ဖြစ်ရပ်ဖြစ်ပွားရပါသည်။

အိမ်နီးချင်းကောင်း

မပီသပါ။ ရလေ လိုလေ တစ္ဆေ အမျိုးအစားတွေပါ။

#ကိုယ့်အဖို့တစ်ဘို့ထဲကြည့်သော

တဘို့တည်းသမားများမျှသာ။


အမှန်သစ္စာဖြင့်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page