top of page
Search

CDM အောင်မြင်နေလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 7, 2021
  • 1 min read

စာရေးသူက အောင်မြင်နေတယ်လို့ပြောရင် မင်းက ဘာအထောက်အထားရှိလဲ အားလုံးက ပြန်တက်နေပြီဆိုပြီး အဘတဖက်ဆစ်အလိုတော်ရိများရယ် Gen Lee များက ပြောကြမှာပါ။

ဒါဆိုရင် နေ့တိုင်း မြဝတီမှာ ၅၀၅ နဲ့ ကြေငြာနေတဲ့ ဆရာဝန်တွေနာမည်နဲ့ ရာထူးတွေက CDM ဘယ်လောက်အောင်မြင်နေလဲဆိုတာကို ပြနေတာပါ။ ဒါလောက်နဲ့ အားမရသေးဘူး အထောက်အထားပိုလိုတယ်ဆိုသူများအတွက် ယခုရက်ပိုင်း ရန်ကုန်နဲ့ မန္တလေးတက္ကသိုလ်ကနေ တာဝန်ကရပ်စဲလိုက်တဲ့ ဆရာ ဆရာမတွေစာရင်းကသက်သေပါ။ မြန်မာစာဌာန CDM က မအလမိန်းမလုပ်ခဲ့တဲ့ ဌာနမိုလို့ ပိုတောင်ထူးခြားပါတယ်။

ဒါတင်လားဆိုတော့ EPC တို့ ရထားတို့ကစာရင်းတွေပါပါသေးတယ်။

သူတို့အားလုံးမှာ အခက်အခဲတွေရှိကြပါတယ်။ တချို့က ဆင်းရဲတယ် တချို့က ချမ်းသာတယ်။ တချို့က အဖမ်းခံရမှာ ကြောက်ရပါတယ်။ တချို့က ပါမောက္ခဝန်ထမ်း အချို့က အောက်ခြေဝန်ထမ်းတွေပါ။ ဒါပေမယ့် သူတို့ဟာမအလအောက်မှာ အမှုထမ်းရင် တိုင်းပြည်ပျက်မှာသိတာကြောင့် ခံချနေကြတာပါ။

CDM အောင်မြင်နေလားဆိုတော့ အခက်အခဲကြားက မထင်မှတ်လောက်အောင် အောင်မြင်နေပါတယ်လို့ ပြောပါရစေ။ ဒီလိုဖြစ်လာလိမ့်မယ်လို့ ဖေဖော်ဝါရီလဆန်းက ဘယ်သူကတွေးခဲ့မှာလဲ။ CDM ဝန်ထမ်းအားလုံးကို လေးစားပါတယ်။ စာရေးသူမိန်းမကအစပေါ့။ အားလုံးမှာ မိသားစုတိုင်းမှာ ပေးဆပ်မှုတွေ ရှိကြမှာပါ။ အရေးတော်ပုံအောင်ရမည်။


News Source: Myanmar Now and Khit Thit

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
May 07, 2021

ဦးမြတ်!! ရှေ့အရှည်ကို *မျှော်*ရည်၊ အမှန် *မြင်*တတ်ကြသူ အပေါင်းက CDM အောင်မြင်သည်ဟု အဆိုပြုကြပါသည်။

~သင်ကြားရေးဆိုင်ရာ ပါမောက္ခများအစပြုသော ဆရာ/မ များ စာရင်းကိုကြည့်ခြင်းအားဖြင့် အောင်မြင်ပါသည်။

~တဖန် သင်ကြားခံ ကျောင်းသားများဖက်မှ CDM ကလည်း အောင်မြင်ပါသည်။ ဖွင့်လှစ်သော တက္ကသိုလ်များကို ကြည့်ပါက

အသိ မပါ ၊ နည်းနာ မရှိ ၊ မူ ဗလာ မို့

တတ် လိုသော ကျောင်းသားများ

ကျောင်းဝင်းတွင်းသို့ မစဥ်းစားကြပါ။

သို့ပါ၍ စာသင်ခန်းထဲတွင် သက်လွန်ရွယ်အို ပညာမလိုသူ လူအစုအနည်းငယ်သာ တက်ရောက်ကြောင်း သတင်းမှာ ပြသထားပါသည်။

တဖန် နုပျိုငယ်သွေး လူမမယ် ကလေးငယ်များကလည်း အဖြူ အစိမ်းများဝတ်ကာ ဆိုင်ရာ ရပ်ကျေး/မြို့ပြနယ်တခွင်တွင် ကျောင်းမတက်လိုကြောင်း ဆန္ဒထုတ်ဖော်ပွဲများ ပျားပန်း ခတ်မျှ လှုပ်ရှားနေကြပါသည်။

±±×အနာဂါတ် အတွက် အဖိုးတန် ရတနာဖြစ်သေ ာ ကျောင်း**သား**များ၏ CDM။

~တဖန် သာသနာ့ဝန်ထမ်း ရှင်ရဟန်း သံဃာများကလည်း ဇွန်လတွင်း ကျင်းပမည့် စာဖြေပွဲတွင်(မဟာဂန္ဓာရုံ၊ မစိုးရိမ် စသည့် စာသင်တိုက်ကြီးများမှ အစပြု)စာသင်သား သံဃာ အများ

ဝင်ရောက်ဖြေဆိုမည် မဟုတ်ကြောင်း စာထုတ်ပြန် မိန့်တော်မူထားကြပါပြီ။

±±×သာသနာ့ ဝန်ထမ်းရှင်ရဟန်း ၊ ဘုရား **သား**တော်များ၏ CDM။

~ယနေ့ ကြားသိမြင်တွေ့ရသော သတင်းများအရ ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းရှိ စကစ အခြေစိုက် စစ်စခန်းမှ တပ်သားများ စခန်းစွန့်ခွါ ထွက်ပြေးမှုများရှိနေကြောင်း သိရပါသည်။ တနည်းအားဖြင့်

တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖမူအရ တပ်မတော်၏ **သား**များဖြစ်သော စစ် သားများ၏ CDM။

သူတို့တတွေက **သား သုံး သား** ပြိုကွဲမှာကို အကြောက်ဆုံး။ ခုခါ သား သုံး…

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page