top of page
Search

BPI မှပေးသောသင်ခန်းစာ

Writer: Myat Tun Oo
Myat Tun Oo
Sep 11, 2019
1 min read


BPI ကစက်ရုံမှူးကိုအဂတိကစွဲလို့တရားစွဲခံရပါတယ်။သူ့ကိုရုံးထုတ်ချိန်မှာဝန်းရံသူတွေရောက်လာတာကထူးခြားနေပါတယ်။နောက်လော်ဘီစလုပ်ပြီ။သူကစက်ရုံကိုဘယ်လိုလည်ပတ်အောင်လုပ်တာ။မဟုတ်ရင်တစ်လပိတ်ရမှာဘာညာနဲ့။နောက်ညီလေးအစ်ကိုကြီးနဲ့အခြားလော်တာတွေလဲပါပါတယ်။ဒါနဲ့အဂတိဘက်ကလဲပြန်ပြီးရေးပါတယ်။အဲ့ဒီကော်စေ့ကြောင့်ခဲများတာ၊ဆေးရည်စိမ့်ဝင်မှုပမာဏနည်းကြောင်းပြောသွားပါတယ်။ဆိုလိုတာကအရည်အချင်းမပြည့်ဘူး။လူကိုအန္တိရာယ်ဖြစ်စေနိုင်တယ်ပေါ့။

ပုံမှန်ဆိုရင်တရားရုံးမှာအဆုံးအဖြတ်ခံရမှာပါ။ဒါပေမယ့်မြန်မာပြည်မှာကFacebook ခုံရုံးကတရားရုံးအရင်ဆုံးဖြတ်တတ်ပါတယ်။စာရေးသူလဲဆေးအကြောင်းနားမလည်လို့နားလည်သူတူ၊တူမတွေကိုမေးရပါတယ်။

ဒီနေရာမှာတူဆရာဝန်ပြောသွားတာကမှတ်သားစရာပါ။ဒီလူလာဘ်စားတာ၊မစားတာကိုခဏထားလိုက်ပါ။တကယ်လို့အဲ့ဒီကော်စေ့ကြောင့်ခဲများတယ်၊ဆေးရည်စိမ့်ဝင်မှုသတ်မှတ်ပမာဏထက်နည်းရင်အသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။သူထောက်ပြတာကငါးတွေကိုမပုတ်အောင်ဆေးထိုးတာကိုဝင်ဖမ်းရာမှာလူတွေကထောက်ခံခဲ့ပါတယ်။ဘာလို့လဲဆိုတော့လူတွေကိုသေစေနိုင်လို့ပါ။ချက်ခြင်းမသေတာတောင်ကင်ဆာတွေဘာတွေဖြစ်ပြီးသေစေနိုင်ပါတယ်။ဥပမာနေမကောင်းတဲ့လူနာကိုဆေးပေးရင်ဒီကော်စေ့နဲ့ထုတ်တာကြောင့်ဆေးအာဏိသင်လျော့ပြီးသေစေတာမျိုးပေါ့။ဒါကြောင့်သူထောက်ပြတာကFDA နဲ့ငြိနိုင်သလို၊မြန်မာပြည်မှာမရှိသေးတဲ့လူကိုသေစေနိုင်သောဆေးပစ္စည်းအတုထုတ်လုပ်မှုမျိုးနဲ့သွားငြိနေနိုင်တယ်ဆိုတာပါ။

သူကစစ်ဆရာဝန်ကလာပြီးစက်ရုံမှူးဖြစ်ပေမယ့်သူ့မှာလုံလောက်တဲ့ဆေးဝါးစက်ရုံဆိုင်ရာအတွေ့အကြုံရှိမရှိ၊စည်းမျဉ်းစည်းကမ်းတွေကိုသိမသိကမေးခွန်းထုတ်စရာပါ။သူ့အနေနဲ့စျေးကွက်ရှာတဲ့အလုပ်(marketing) လုပ်နိုင်မှာဖြစ်ပေမယ့်အဆိုပါဆေးဝါးဆိုင်ရာစည်းကမ်းချက်တွေကိုတမင်ဖြစ်ဖြစ်မတော်တဆဘဲဖြစ်ဖြစ်မလိုက်နာမိတာဖြစ်နိုင်ပါတယ်။ ဥပဒေမှာငါးထဲကိုဓာတုဆေးထိုးသူကိုဖမ်းရမှာဖြစ်သလိုယခုလိုဆေးရုံကအာနိသင်မကောင်းရင်လဲအရေးယူရမှာပါ။ဥပမာကားထုတ်တဲ့စက်ရုံမှာဘရိတ်မရှိဘူး။ကားမထုတ်နိုင်မှာစိုးလို့ရှိတဲ့ဘရိတ်နဲ့ကားထုတ်လိုက်တယ်။ကားမောင်းတယ်ဘရိတ်ပေါက်တယ်။လူသေတယ်။ဘယ်သူ့ကိုအရေးယူမလဲ? လော်သူကလဲသူကစက်ရုံပိတ်ရမှာစိုးလို့ရရာဘရိတ်ကိုဝယ်တတ်လိုက်တယ်ပြောမှာပါ။သူကဘရိတ်အစစ်ကိုဝယ်တတ်ရင်တော့တမျိုးပေါ့။

တရုတ်ပြည်မှာသေချာမကြီးကြပ်ခဲ့လို့သူ့နို့မှုန့်တောင်သူမဝယ်ဘဲဩဇီမှာတရုတ်စစ်တပ်ကလုဝယ်သလိုဖြစ်သွားခဲ့ရတာပါ။ဒါကြောင့်စားသောက်ကုန်တွေ၊ဆေးဝါးထုတ်စက်ရုံတွေကစည်းကမ်းအတိအကျလိုက်နာဖို့အရေးကြီးတာပါ။ဒါမျိုးပစ္စည်းတွေကိုသာခြေဥအရအရေးယူလို့မရတဲ့လူများဒါရိုက်တာလုပ်တဲ့အဖွဲ့ကထုတ်ရင်ဘယ်လိုလုပ်ရမလဲအစိုးရနဲ့လွှတ်တော်အမတ်များစဉ်းစားရမှာပါ။

ယခုအဖမ်းခံရသူကတပ်ကပြောင်းအလာမှာယခုလိုဆေးရုံကိုအုပ်ချုပ်တာတင်မဟုတ်ဘဲဆေးဝါးနဲ့ပတ်သက်တဲ့လိုက်နာရမယ့်အချက်တွေကိုသေချာသင်ပေးခဲ့ရဲ့လားလဲမေးစရာရှိပါတယ်။

ယခုဟာကအမှားအမှန်မဟုတ်ပါ။အားလုံးစဉ်းစားနိုင်အောင်တူပြောတဲ့အတိုင်းရေးပြထားတာပါ။


Zawgyi version

BPI မွ ေပးေသာသင္ခန္းစာ


BPI က စက္႐ုံမွူးကို အဂတိကစြဲလို႔ တရားစြဲခံရပါတယ္။ သူ႔ကို႐ုံးထုတ္ခ်ိန္မွာ ဝန္းရံသူေတြ ေရာက္လာတာက ထူးျခားေနပါတယ္။ ေနာက္ေလာ္ဘီစလုပ္ၿပီ။ သူက စက္႐ုံကို ဘယ္လိုလည္ပတ္ေအာင္လုပ္တာ။ မဟုတ္ရင္ တစ္လပိတ္ရမွာ ဘာညာနဲ႔။ ေနာက္ညီေလး အစ္ကိုႀကီးနဲ႔ အျခားေလာ္တာေတြလဲပါပါတယ္။ ဒါနဲ႔ အဂတိဘက္ကလဲ ျပန္ၿပီးေရးပါတယ္။ အဲ့ဒီေကာ္ေစ့ေၾကာင့္ ခဲမ်ားတာ၊ ေဆးရည္စိမ့္ဝင္မွုပမာဏနည္းေၾကာင္း ေျပာသြားပါတယ္။ ဆိုလိုတာက အရည္အခ်င္းမျပည့္ဘူး။ လူကိုအႏၲိရာယ္ျဖစ္ေစနိုင္တယ္ေပါ့။


ပုံမွန္ဆိုရင္ တရား႐ုံးမွာ အဆုံးအျဖတ္ခံရမွာပါ။ ဒါေပမယ့္ ျမန္မာျပည္မွာက Facebook ခုံ႐ုံးက တရား႐ုံးအရင္ဆုံးျဖတ္တတ္ပါတယ္။ စာေရးသူလဲ ေဆးအေၾကာင္းနားမလည္လို႔ နားလည္သူ တူ၊ တူမေတြကို ေမးရပါတယ္။


ဒီေနရာမွာ တူဆရာဝန္ေျပာသြားတာက မွတ္သားစရာပါ။ ဒီလူ လာဘ္စားတာ၊ မစားတာကို ခဏထားလိုက္ပါ။ တကယ္လို႔ အဲ့ဒီေကာ္ေစ့ေၾကာင့္ခဲမ်ားတယ္၊ ေဆးရည္စိမ့္ဝင္မွုသတ္မွတ္ပမာဏထက္နည္းရင္ အသက္အႏၲရာယ္ျဖစ္ေစနိုင္ပါတယ္။ သူေထာက္ျပတာက ငါးေတြကို မပုတ္ေအာင္ေဆးထိုးတာကို ဝင္ဖမ္းရာမွာ လူေတြကေထာက္ခံခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ လူေတြကို ေသေစနိုင္လို႔ပါ။ ခ်က္ျခင္းမေသတာေတာင္ ကင္ဆာေတြ ဘာေတြျဖစ္ၿပီး ေသေစနိုင္ပါတယ္။ ဥပမာ ေနမေကာင္းတဲ့လူနာကို ေဆးေပးရင္ ဒီေကာ္ေစ့နဲ႔ထုတ္တာေၾကာင့္ ေဆးအာဏိသင္ေလ်ာ့ၿပီး ေသေစတာမ်ိဳးေပါ့။ ဒါေၾကာင့္ သူေထာက္ျပတာက FDA နဲ႔ ၿငိနိုင္သလို၊ ျမန္မာျပည္မွာမရွိေသးတဲ့ လူကိုေသေစနိုင္ေသာ ေဆးပစၥည္းအတု ထုတ္လုပ္မွုမ်ိဳးနဲ႔ သြားၿငိေနနိုင္တယ္ဆိုတာပါ။


သူက စစ္ဆရာဝန္ကလာၿပီး စက္႐ုံမွူးျဖစ္ေပမယ့္ သူ႔မွာလုံေလာက္တဲ့ ေဆးဝါးစက္႐ုံဆိုင္ရာ အေတြ႕အၾကဳံရွိ မရွိ၊ စည္းမ်ဥ္းစည္းကမ္းေတြကို သိ မသိက ေမးခြန္းထုတ္စရာပါ။ သူ႔အေနနဲ႔ ေစ်းကြက္ရွာတဲ့အလုပ္(marketing) လုပ္နိုင္မွာျဖစ္ေပမယ့္ အဆိုပါ ေဆးဝါးဆိုင္ရာ စည္းကမ္းခ်က္ေတြကို တမင္ျဖစ္ျဖစ္ မေတာ္တဆဘဲျဖစ္ျဖစ္ မလိုက္နာမိတာ ျဖစ္နိုင္ပါတယ္။ ဥပေဒမွာ ငါးထဲကို ဓာတုေဆးထိုးသူကိုဖမ္းရမွာျဖစ္သလို ယခုလိုေဆး႐ုံက အာနိသင္မေကာင္းရင္လဲ အေရးယူရမွာပါ။ ဥပမာ ကားထုတ္တဲ့စက္႐ုံမွာ ဘရိတ္မရွိဘူး။ ကားမထုတ္နိုင္မွာစိုးလို႔ ရွိတဲ့ဘရိတ္နဲ႔ ကားထုတ္လိုက္တယ္။ ကားေမာင္းတယ္ ဘရိတ္ေပါက္တယ္။ လူေသတယ္။ ဘယ္သူ႔ကို အေရးယူမလဲ? ေလာ္သူကလဲ သူကစက္႐ုံပိတ္ရမွာစိုးလို႔ ရရာဘရိတ္ကိုဝယ္တတ္လိုက္တယ္ေျပာမွာပါ။ သူက ဘရိတ္အစစ္ကို ဝယ္တတ္ရင္ေတာ့ တမ်ိဳးေပါ့။


တ႐ုတ္ျပည္မွာ ေသခ်ာမႀကီးၾကပ္ခဲ့လို႔ သူ႔နို႔မွုန႔္ေတာင္သူမဝယ္ဘဲ ဩဇီမွာ တ႐ုတ္စစ္တပ္က လုဝယ္သလို ျဖစ္သြားခဲ့ရတာပါ။ ဒါေၾကာင့္ စားေသာက္ကုန္ေတြ၊ ေဆးဝါးထုတ္ စက္႐ုံေတြက စည္းကမ္းအတိအက်လိုက္နာဖို႔ အေရးႀကီးတာပါ။ ဒါမ်ိဳးပစၥည္းေတြကိုသာ ေျခဥအရ အေရးယူလို႔မရတဲ့လူမ်ား ဒါရိုက္တာလုပ္တဲ့အဖြဲ႕က ထုတ္ရင္ ဘယ္လိုလုပ္ရမလဲ အစိုးရနဲ႔ လႊတ္ေတာ္အမတ္မ်ား စဥ္းစားရမွာပါ။


ယခုအဖမ္းခံရသူက တပ္ကေျပာင္းအလာမွာ ယခုလိုေဆး႐ုံကို အုပ္ခ်ဳပ္တာတင္မဟုတ္ဘဲ ေဆးဝါးနဲ႔ပတ္သက္တဲ့ လိုက္နာရမယ့္ အခ်က္ေတြကို ေသခ်ာ သင္ေပးခဲ့ရဲ့လားလဲ ေမးစရာရွိပါတယ္။

ယခုဟာက အမွားအမွန္မဟုတ္ပါ။ အားလုံးစဥ္းစားနိုင္ေအာင္ တူေျပာတဲ့အတိုင္းေရးျပထားတာပါ။


 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page