top of page
Search

AA၊ မအလတပ်နှင့် မြောက်ဦးအခြေအနေ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 9, 2022
  • 1 min read

အားလုံးသိကြတဲ့အတိုင်း ယခင်က စစ်ဖြစ်ချိန်မှာ မအလတပ်က သူစစ်မနိုင်ရင် DASSK ဦးဆောင်တဲ့NLD အစိုးရကို လွှဲချသလို AA နဲ့ အေးမောင် အေးနုစိန်တို့ကလဲ မအလတပ်က စစ်ရာဇဝတ်မှုကျူးလွန်ရင် DASSK ကို အပြစ်တင်ဖိအားပေးခဲ့ကြပါတယ်။ ကြားထဲက မဘသတို့ ဝေလုကျော်တို့ ဘာတို့ကလဲပစ္စည်းလှူသလိုနဲ့ ပဏာဝင်ယူကြပါတယ်။ AA ကို ရခိုင်မှာ အခြေမချရဘူးလို့ DASSK ဦးဆောင်တဲ့ဆွေးနွေးပွဲတွေမှာ မအလက ကန့်လန့်တိုက်ခဲ့ပေမယ့် မအလဟာ သူအာဏာသိမ်းဖို့ရှိလို့ နောက်ဆုံးမှာAA ကို ရခိုင်မှာ လက်ခံပြီး အပစ်ရပ်ခဲ့ရပါတယ်။ မအလတွက်ထားတာက အာဏာသိမ်းတာက ဆန္ဒပြရင် ပစ်၊ NLD ပါတီထိပ်ပိုင်းကိုဖမ်းရင် အေးဆေးပြီးမယ်လို့ ထင်ထားခဲ့ပေမယ့် ပြည်သူတွေကလက်နက်စွဲကိုင်တော်လှန်လို့ ထင်သလိုမဖြစ်ခဲ့ပါ။ မအလဟာ အာဏာသိမ်းပြီးလို့ ငြိမ်သွားခဲ့ရင် AA ကို ပြန်ဆော်ဖို့ ပြင်ထားခဲ့ပါတယ်။ ဒါပေမယ့် ပြည်မမှာ အလုပ်များနေချိန် AA က သူ့ဩဇာကိုချဲ့လာခဲ့ပါတယ်။ ငြိမ်းချမ်းရေးလုပ်ထားလို့ AA က သူ့တရားစီရင်ရေး၊ အုပ်ချုပ်ရေးကို လုပ်လာနိုင်ခဲ့ပြီး မအလကို နားရွက်တံတွေးစွပ်နိုင်ခဲ့ပါတယ်။

AA က နယ်မြေချဲ့လာချိန်မှာ မအလအောက်ခြေတပ်တွေရဲ့ တိုက်ခိုက်ရေး ရည်ရွယ်ချက်ကအရပ်သားတွေကို ပစ်မှတ်ထားတာပါ။ ဒီနေရာမှာ မအလက ဗမာဒေသတွေကိုတောင်လုပ်နေလို့ AA ကလဲ ကြိုတွက်ထားမယ်လို့ထင်ပါတယ်။ မအလတပ်ဟာ AA က သူ့ကိုတိုက်ရင် မြောက်ဦးကိုအငြိုးထားဖို့ ပြင်ထားခဲ့ပါတယ်။ မြောက်ဦးကိုရွေးရတာက ရခိုင်လူမျိုးတွေရဲ့ အဓိကဒေသမိုလို့ပါ။ယုတ်မာတာပေါ့။ AA က တိုင်းမှူးကို စိန်ခေါ်ကထဲက သူတို့ရဲ့ မြောက်ဦးနားကစခန်းကို လာတိုက်တာနဲ့carpet bombing အမှုံ့ကျေအောင် ဗုံးကြဲဖို့ အမြောက်နဲ့ပစ်ဖို့ ပြင်ဆင်ထားခဲ့ပါတယ်။ ယခု မအလတပ်က မြောက်ဦးထဲမှာ ပိတ်မိနေလို့ ဘာလုပ်ရမှန်းမသိသေးလို့ စောင့်နေတာပါ။ နောက် မအလအစီအစဉ်က AA ခေါင်းဆောင်ရဲ့ အမျိုးတွေကို PDF ကိုလုပ်သလို ဖမ်းထိန်းပြီး ဓားစာခံလုပ်ဖို့ပါ။ ဒါပေမယ့် AA ကလဲ NLD တွေကို အမတ်မတွေ့ မိန်းမဖမ်း သားသမီးဖမ်းတာတွေ တွေ့ထားအပြီး ကြိုပြင်ထားပြီးလောက်ပါပြီ။ သွားရှာတာ မတွေ့ခဲ့ပါ။

ယခုမအလတပ်ရဲ့ ပြဿနာကို စပြောပါ့မယ်။ AA က ဘင်္ဂလားနယ်စပ်ကိုသိမ်းလိုက်တာဟာ မအလအတွက် စစ်ရေးအရ အထိနာပါတယ်။ ဘာကြောင့်လဲဆိုတော့ နယ်စပ်ကနေ AA က ထောက်ပို့ရသွားနိုင်သလို ကုန်သွယ်ခွင့်လဲ ရသွားနိုင်လို့ပါ။ AA က နယ်စပ်တိုက်ချိန်မှာ စစ်ကူသွားတဲ့ တပ်ရင်းမှူးလဲဒဏ်ရာရခဲ့ပြီး ရဟတ်ယာဉ်နဲ့ သွားကယ်ခဲ့ပါတယ်။ သေလား ရှင်လား မသိသေးပါ။ သူ့အဖွဲ့ကဗိုလ်ကြီး နှစ်ယောက် ဒုဗိုလ် အခြားအဆင့် ၃၀ လောက်ကြွသွားခဲ့ပါတယ်။ AA ကို ရဟတ်ယာဉ်ပေါ်ကနေ စစ်ကိုင်းကရွာဆင်းသလို ဆင်းတိုက်ဖို့ ပြင်ခဲ့ပေမယ့် AA စက်ကြီးက စစ်ကိုင်းကလက်နက်ထက်သာနေလို့ ရဟတ်ယာဉ်ဆင်းမရပါ။ နောက် ဘင်္ဂလားကလဲ ထိုင်းတပ်လို ညီအစ်ကိုတွေမဟုတ်တော့လှမ်းပစ်လိုက်မှာ စိုးရိမ်နေပါတယ်။

မြောက်ဦးဟာ ရခိုင်တွေရဲ့ အရေးကြီးမြို့ဖြစ်လို့ မြောက်ဦးကိုတိုက်သိမ်းမှာ မအလစိုးရိမ်ခဲ့ပါတယ်။သူ့တပ်တွေနဲ့ မြောက်ဦးမြို့ထဲကို အင်အားပြချိန်မှာ AA က သူ့တပ်ကို ပြန်ပိတ်ထားလို့ ပိတ်မိနေပါတယ်။ ဗုံးကြဲရင်လဲ သူ့တပ်ပါထိမှာပါ။ မအလဟာ ယခုအချိန်မှာ AA နဲ့ အပစ်ရပ်ရင်လဲ AA သိမ်းထားတဲ့ စခန်းတွေကို ပေးလိုက်ရမှာပါ။ မရပ်ဘဲ ဆက်တိုက်ရင်လဲ အသေများမှာပါ။ ဘာလို့လဲဆိုတော့အချို့တပ်ရင်းမှူးတွေက လေယာဉ်မပါရင် စစ်ကူမရှိရင် ထွက်တိုက်ဖို့ ငြင်းနေလို့ပါ။ အချို့ဒေသတွေက တောင်ပေါ်ကို လေထီးနဲ့ စစ်ကူပေးဖို့ ပြင်နေပေမယ့် နယ်စပ်ကစခန်းကတော့ ပြန်ရကိန်းမရှိတော့ပါ။

AA ဟာ PDF တွေ ပုံစံမျိုး တိုက်ကွက်ဖော်နိုင်တာတွေ့ရပြီး AA က ယမ်းအားပိုပြင်းနေပါတယ်။ ဒါကြောင့် စစ်ကိုင်းမှာ အချို့ကားက မောင်းပြေးရင်လွတ်ပေမယ့် ရခိုင်မှာ မောင်းမပြေးနိုင်ပါ။ AA ကနေပြည်မက တော်လှန်ရေးအဖွဲ့တွေ အတုယူရမှာက သတင်းလုံခြုံမှုနဲ့ အာမချောင်မှုပါ။ တိုက်စရာရှိတာတိုက်ပြီး နောက်မှဖမ်းမိသူပြ အလောင်းပြတာပါ။ AA မှာ ဘာလက်နက်ရှိလဲ ခန့်မှန်းလို့မရပါဘူး။အားလုံးအတုယူစရာရှိတာယူ တိုက်စရာရှိတာ တိုက်ကြပါ။ စစ်စခန်းတွေထဲကို ဗုံးပစ်နိုင်ရင် သူတို့မိသားစုတွေ စခန်းထဲမှာပါ မလုံခြုံတာသိလာရင် လေတပ်လဲ စကားပြောလာပါမယ်။ အရေးကြီးတာက ရန်သူကို ရန်သူလိုတိုက်ပြီး မြန်မာပြည်ထဲကစစ်ပွဲကို အမေရိကန်စစ်တပ်တိုက်သလို လက်နက်မရှိဘဲ မတိုက်မိဖို့သာပါ။ နိုင်ဖို့က သေချာနေပါတယ်။ ရခိုင်သမ္မတနိုင်ငံတော်တောင် ပထမဆုံးဖြစ်မလားမသိပါ။

 
 
 

Recent Posts

See All
အမှန်အတိုင်း

အမှန်အတိုင်းပြောရရင် ဆီးရီးယားမှာ ငလျင်ဖြစ်အပြီး တစ်နှစ်ခွဲမှာ အာဆတ်ပြုတ်ခဲ့သလို စစ်ကိုင်းငလျင်ကလဲ မအလစစ်တပ်ပြုတ်ဖို့ သေချာသွားခဲ့ပါပြီ။...

 
 
 

Commentaires


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page