top of page
Search

AA ကို မအလက ဘာပြန်လုပ်မလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 6, 2022
  • 1 min read

မအလက လစဉ်အစည်းအဝေးတွေမှာ ဘယ်ဒေသက ဘယ်လိုတည်ငြိမ်နေပြီး အတုယူဘာညာပြောလေ့ရှိပါတယ်။ ဥပမာ ဧရာဝတီဆိုတော်တယ်ပေါ့။ စစ်ရေးသတိရှိကြဖို့ ခံစစ်ပြင်ထား၊ ကင်းလှည့်ဖို့သတိအမြဲရှိဖို့ ဘာညာဘာညာပေါ့။ အချို့တရားမဝင် အမိန့်များကိုတော့ သူ့ရဲ့ PSO ကတဆင့် လေလိုင်းပေါ်ကနေ ပြောခိုင်းလေ့ရှိပါတယ်။ ဥပမာ မန္တလေးက NLD ပါတီဝင်တွေကို သတ်ခိုင်းတာမျိုးပေါ့။ ဒီနေရာမှာ သတ်လို့ပြောတာတော့မဟုတ်ပါ။ စကားလုံးအတိအကျက ဒီ PDF တွေလှုပ်ရှားနိုင်တာ NLD ကြောင့် ဒါကြောင့်သူတို့ကို ထောက်ပံ့သူကို မရရတဲ့နည်းနဲ့ရှင်းပါလို့ ပြောတာမျိုးပါ။

လက်ရှိမအလတပ်အများစုက ရှမ်းပြည်မှာ အထိုင်ချထားရတာပါ။ ရည်ရွယ်ချက်က ဝ UWSA နဲ့အခြားအဖွဲ့တွေကို ထိန်းဖို့ဆိုပြီး လုပ်ထားတာပါ။ ရခိုင်၊ ချင်းနဲ့ စစ်ကိုင်းက အေးချမ်းနယ်မြေ ဖြစ်ခဲ့တာပါ။ တပ်ရှိပေမယ့် ရှမ်းပြည်လို မဟုတ်ခဲ့ပါ။ ရခိုင်က စဖြစ်ချိန်မှာ မြေပြန့်ကတပ်တွေကို လွှတ်ခဲ့ရပါတယ်။ မင်းတပ်က တပ်ရင်းတွေလဲ တက်ခဲ့ရပါတယ်။ ထိုအချိန်က PDF ဆိုတာ မရှိခဲ့ပါ။

ယခုအချိန်မှာက မအလရဲ့ ထောက်ပို့လမ်းကြောင်းအားလုံးဟာ ပတ်လည်မှာ ဖြတ်အတိုက်ခံထားရပါတယ်။ ရခိုင်ကလဲ သူ့အတက်လမ်းကို ပိတ်မှာဖြစ်သလို ချင်းဖက်ကလဲ ယခုပုံနဲ့စစ်ကူသွားရင်အသေအပျောက်များမှာပါ။ ရဟတ်ယာဉ်က စစ်ကိုင်းလို မြေပြန့်မှာသာ အလုပ်ဖြစ်ပေမယ့် ရခိုင်းရိုးမမှာ မလွယ်ပါ။ AA လဲ ယခုလောက်ဆို မအလက စစ်ကိုင်းမှာလုပ်နေတာတွေကို သင်ခန်းစားယူပြီးပြင်ဆင်ပြီးလောက်ပါ

ပြီ။ AA လက်နက်က တူမီးမဟုတ်လို့ ရဟတ်ယာဉ်ကပ်ရခက်မှာပါ။

ဒါဆိုရင် တိုင်းမှူးက ဘာလို့ကျပ်တာလဲ? တိုင်းမှူးဘဝကလဲ ဆုပ်လဲဆူး စားလဲရူးပါ။ သူလုံခြုံရေး မတင်းကျပ်ရင်လဲ AA က သူ့မြို့နားအထိ ရောက်လာနေပြီဆိုတာ သူသိပါတယ်။ သွားကျပ်ပြန်ရင်လဲယခုလိုပြဿနာပေါ်လာနိုင်ပါတယ်။ ဘောမများက ငါတို့တိုက်လိုက်မှာပေါ့၊ ဒုံးကျည်နဲ့ ပစ်မှာပေါ့ ဘာညာဆိုပြီး ပြောလို့ရပါတယ်။ ပစ်လို့ရလားဆိုတော့ AA က မြို့ထသိမ်းရင်တော့ ပစ်လို့ရမှာပါ။ စခန်းကြီး ထောင်ထားရင်တော့ ပစ်လို့ရမှာပါ။ ဒါပေမယ့် AA က ယခင်ကလို ဖြတ်တိုက်နေမယ်ဆိုရင်တော့လက်ရှိတပ်ဟာ နေရာများစွာမှာ ဆိုင်ထားရလို့ တောင်မင်းကို မြောက်မင်းက မကယ်နိုင်ပါ။

အကျဉ်းချုပ်ရရင် ယခုအချိန်မှာ ဘယ်တိုင်းရင်းသားအဖွဲ့မဆို ယခင် NLD အစိုးရက ဘာကြောင့်ညာကြောင့် PDF ကို မကူညီချင်ရင်တောင် မိမိပြည်နယ်လွတ်လပ်ရေးအတွက် တကယ်လိုချင်ရင် တိုက်ပွဲဝင်လို့ အကောင်းဆုံးအချိန်ပါ။ ဒီလိုအချိန်မှာ AA ကို မအလက ဘာပြန်လုပ်မလဲဆိုတော့ အပြုတ်တိုက်ပါမယ်လို့ ပြောပါရစေ။ အိမ်ကနေ ကိုယ်တိုင်ချက်လာတာပါ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

1 Comment


Nay Nann myint
Nay Nann myint
May 07, 2022

ရွေးကောက်ခံ ပြည်သူ့အစိုးရလက်ထက်

၅ နှစ်တာကာလအတွင်း မှာ AA နဲ့ဖွတ်အောက်

ဆွဲ တိုင်းရင်းသားလက်နက်ကိုင် အချို့ နဲ့

စဖ အပေါင်းပါများဟာ အစိုးရ အကျပ်ရိုက်

အောင် စခ နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။


အေအေ လုပ်ခဲ့တဲ့လုပ်ရပ်က

#ကြွေးရှင် လ့ာသခိုက် ရန်ဖြစ်ပြတဲ့

လင်မယား လိုပါဘဲ။ int'l pressure

များချိန်မှာ ပိုဆိုးအောင် စစ်တိုက်တမ်း

ကစားပြပီး ပထွေးတော် စိန ကဟန့်လိုက်

ရင် (ကြွေးရှင်အပြန် မှာ ဆပ်စလူးထနေတဲ့လင်မယား လိုမ်ျုး ) ငြိမ်းချမ်းရေးတွေလုပ်ခဲ့ကြတာကို

မမေ့သေးပါဘူး ။

ရခိုင် ကလဲ ရေနံ သဘာဝဓါတ်ငွေ့ ကြောင့်

မာန်တက်နေသလို မအလ ကလဲ အဲ့ဒီက ရမဲ့

ငွေ ကိုစားမာန်ခုတ်ချင်နေတာပါ ။


တွစ်တာပေါ် မှာ ဟန်ဆောင်ရန်ဖြစ်ကြရင်း

တခုခု ကြံစည်နေကြတယ် လိုဘဲ

မသိစိတ်မှာ ခံစားမိပါတယ် ။


ကျမ အတွေးမှားချင် လဲ မှားနိုင်ပါတယ် ။

အနှစ် ၆၀ ဒါဏ်ရာကြောင့် သံသယ များ

နေတာလဲဖြစ်နိုင်ပါတယ်။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page