top of page
Search

သတင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 20, 2022
  • 1 min read

အားလုံးမင်္ဂလာပါ။ ပြီးခဲ့တဲ့အပတ်က ဗိုလ်မှူးအဆင့်နှစ်ကောင်မိုင်းထိပြီးဆေးရုံရောက်တာ အတည်ပြုနိုင်ပါတယ်။ မသေသေးပါဘူး။ ဗိုလ်ကြီးအဆင့် သုံးဦးသေတာလဲ အတည်ပြုနိုင်ပါတယ်။ အခြားဒဏ်ရာရသူများလဲ သွေးထွက်လွန်ပြီးသေသူများရှိပါတယ်။ ဒဏ်ရာရပြီးသေတာက အောက်ခြေအဆင့်ပါ။ အရာရှိအဆင့်သာ ရဟတ်ယာဉ်နဲ့သယ်လို့ ရှင်တာပါ။အရပ်သားသွေးလှူဘဏ်က ပြည်သူအတွက်လှူထားတဲ့သွေးတွေကို ခွေးတွေအတွက် အောင်လင်းဒွေးညီမ စုစုဒွေးအဆက်အသွယ် အစီအမံနဲ့ မန္တလေး၊ မုံရွာနဲ့ နေပြည်တော်မှာအရပ်သားဆေးရုံတွေက ယူသုံးနေပါတယ်။ ဒဏ်ရာနဲ့ ရှင်သူ စခများ စိတ်ကြောင်နေတာလဲ တွေ့ရှိရပါတယ်။ တပ်ထဲကဆရာဝန်တွေက တိုက်ပွဲစိတ်ရောဂါ Post Traumatic Stress Disorder လို့ အင်္ဂလိပ်လို နာမည်ပေးထားတာ တွေ့ရပါတယ်။ဟိုဗီဒီယိုကိစ္စက လက်ရှိ နမခတိုင်းမှူးနဲ့ စစ်ဆင်ရေးအထူးအဖွဲ့မှူးတွေကို ဟန်ပြစစ်အပြီးမှာ ရခိုင်မှာလို အရန်အင်အားကို ရွှေ့ပါမယ်။ ဒီနေ့မှ ဟန်ပြ စစ်ခိုင်းလိုက်တာပါ။ အချို့ကိစ္စတွေကအင်တာနက်ဖြတ်ထားလို့ ချက်ခြင်းမသိနိုင်ပေမယ့် PDF တွေနဲ့ တိုက်ပွဲတွေဖြစ်နေပြီး မအလတပ်အသေများနေပါတယ်။ မအလတပ်ကလဲ သူနိုင်တဲ့ရွာမီးရှို့လူသတ်လုပ်နေပါတယ်။

 
 
 

Recent Posts

See All
အမှန်အတိုင်း

အမှန်အတိုင်းပြောရရင် ဆီးရီးယားမှာ ငလျင်ဖြစ်အပြီး တစ်နှစ်ခွဲမှာ အာဆတ်ပြုတ်ခဲ့သလို စစ်ကိုင်းငလျင်ကလဲ မအလစစ်တပ်ပြုတ်ဖို့ သေချာသွားခဲ့ပါပြီ။...

 
 
 

コメント


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page