top of page
Search

အသုံးမကျတာ ယုံပြီလား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 9, 2021
  • 1 min read

ခင်ခင်ကြီးတို့ မအလတို့ အသုံးမကျဘူး ခေါင်းမရှိဘူးလို့ပြောရင် အချို့အဘတများကသက်သေပြပါလို့ ပြောကြပါတယ်။ သူတို့ဦးနှောက်ကလဲ စဉ်းစားမှုနည်းပြီး အမိန့်နာခံတာများလို့မစဉ်းစားနိုင်ဘဲ မေးတာလဲ ဖြစ်နိုင်ပါတယ်။ စစ်သားတိုင်းတော့ မဟုတ်ပါဘူး။ ဒီနေရာမှာစစ်သားမယားဖြစ်ရင် သုတ်ပိုးကြောင့် ဦးနှောက်ပျက်သွားသူ မိန်းမတွေရှိတယ်လို့ ဆိုကြပါတယ်။ ခင်ခင်ကြီးက အဆိုပါမိန်းမတွေထဲက တစ်ယောက်ပါ။ မိန်းမတိုင်းတော့မဟုတ်ပါ။ အချို့ဆရာဝန်မ မိန်းမတွေကတော့ ခင်ခင်ကြီးလို ယောင်္ကျားအရှိန်မသုံးဘဲ နိုင်ငံခြားမှာ စာမေးပွဲဖြေဘွဲ့လွန်ရပြီး မိမိယောင်္ကျားစစ်သားကို ဒီမိုကရေစီဘက်ပါလာအောင် စွဲဆောင်နိုင်သူအချို့လဲရှိပါတယ်။ ဒါပေမယ့် အနည်းစုပါ။ အဆိုပါ ယုံကြည်ချက် ခိုင်မာသူများက မိမိယောင်္ကျား ထိခိုက်လဲCDM ကို တောခိုပြီးကို လုပ်ပါတယ်။ ခင်ခင်ကြီးရဲ့ အသိဉာဏ်နည်းမှုက စာရေးသူတို့ သူမရဲ့Facebook မှာ သွားတွေ့ပါတယ်။ DASSK လက်ထက်ကလဲ Facebook နဲ့ အင်တာဗျူးမှာ စောက်တလွဲတွေပြော ပြီးရင်တလွဲလုပ်နေလို့ ဆရာဇော်ဝေစိုးကိုပြောခိုင်း ကိုင်ခိုင်းလိုက်ရတာပါ။ မနေ့က သူမက တရုတ်ကာကွယ်ဆေးအကြောင်း စင်ကာပူက အင်သတင်းကို တင်ချိန်မှာတော့ သူမရဲ့အရည်အချင်းကို ပြသွားခဲ့ပါတယ်။

တရုတ်ကာကွယ်ဆေးကို ဥရောပ၊ အမေရိကနဲ့ စင်ကာပူမှာ အရည်အချင်းကို သံသယရှိလို့ မသုံးသလို အသိအမှတ်လဲ မပြုပါ။

စစ်တပ်က တိုင်းပြည်ဖျက်တာက စောက်ပေါမအလကို စောက်ရူးများက ဝိုင်းမြှောက်ပေးကြလို့ပါ။ တိုင်းပြည်ကို ကိုဗစ်ဖြစ်နေတဲ့ကြားက ကျောင်းအတင်းဖွင့်ပြီး လူတိုင်းကိုဗစ်ကူးအောင် လုပ်တာက မအလက တမင်လုပ်နေတာပါ။ ဒါကို ပညာရှင်ဆိုပြီး မကန့်ကွက်ဘဲ သက်ခိုင်ဝင်းတို့ ခင်ခင်ကြီးတို့က အရူးဘုံမြှောက် လုပ်နေတာပါ။

Non CDM ကလဲ ဆေးခန်းပြေးထိုင်ဖို့သာ စိတ်ကူးရှိတဲ့ တစ်ကိုယ်ကောင်းသမားတွေဖြစ်ပြီးDASSK လက်ထက် We are ready ဆိုပြီး နှမ်းဖြူးခဲ့သူ စစ်ဆေးဟာလဲ တပ်ထဲမှာတောင် တိုင်ပတ်နေပါပြီ။ ယခင် DASSK လက်ထက် အောက်ဆီဂျင်ပြတ်တယ်ဆိုပြီး မမှန်သတင်းဖြန့်ခဲ့တဲ့စစ်တပ်စရဖနဲ့ ဖွတ်များဟာ ယခုတကယ် အောက်ဆီဂျင်ကို ဓာတ်ဆီလို တန်းဆီနေရချိန်မှာ အသံတိတ်နေပါတယ်။ နောက် အရေးပေါ်လူနာက ဆရာဝန်ဖုန်းဆက် လွှဲစာစောင့်ရင် အသက်ရူရပ်ပြီးသေဖို့သာ များပါတယ်။ မသေသေအောင် ခင်ခင်ကြီးနဲ့ သက်ခိုင်ဝင်းတို့က မအလနဲ့ပေါင်းပြီးပြည်သူကို သတ်နေသလိုပါ။

ပြည်သူတွေက ခပ်ခွါခွါနေပြီး Mask တပ်၊ လက်ဆေး ကာကွယ်ရုံမှတပါး အခြားမရှိပါလို့သာပြောပါရစေ။ သမိုင်းကျွေးတော့ ပြန်ဆပ်ရမှာပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jul 09, 2021

ဦးမြတ်!!!အသုံးမကျတာ ဆိုလို့ လူအများသုံးနေတဲ့ တခါသုံး **ကြွပ်ကြွပ်အိတ်**များနှင့် ပုံပြုနှိုင်းယှဥ်ပါက ဖြစ်စဥ် ကိုက်ပါလိမ့်မည်။

ကြွပ်ကြွပ်တို့မည်သည် တစ်ခါတော့ အသုံးခံပါသည်။ ပြီးသည်နှင့် စွန့်ပစ်ပါသည်။ သိမ်းဆည်းရန် နေရာမပေးနိုင်။နေရာပေးနိုင်အောင် ဂုဏ်အရည်အချင်း မပြည့်တင်းပါ။ သူ့ကို နဲနဲလေး ထိမယ်မကြံနဲ။ ဂျွတ် ဂျွတ်နဲ့ အသံကို ကျယ်ကျယ်နဲ့ နားငြီးဖွယ်ရာ။ စွန့်ပစ်ပြန်တော့လည်း ပတ်ဝန်းကျင်နှင့် သဟဇာတ မဖြစ်။ အပြစ် အညစ်အကြေးသာ ပေးစွမ်းပါသည်။ မြေ ထဲရောက်တော့ မြေ မဆွေးနိုင် မြေကို ဒုက္ခပေး။ ပင်လယ်ထဲရောက်တော့ ရေသတ္တဝာအတွက် အန္တရာယ်။သို့ပါ၍ စာရေးဆရာတစ်ဦးက ကြွပ်ကြွပ်အိတ်ကို **မြေငိုရွက်**တဲ့။ ဖြစ်စဥ်နဲ့ တထပ်တည်းပါ။

ပင်ကိုယ်အနှစ် မရှိလေတော့ လေဆောင်ယူရာနောက် တလွင့်လွင့်။

ယောင်နောက် ဆံထုံးပါ ဆိုငြား ခုခါက

အခက်အလက်အပွင့် အရောင်နောက် ဆံထုံးပါကြသည်က များကြပါသည်။ အမှိုက်ရှိရာ ခွေးချီးလာ တဲ့။

အရောင်တွေ ယောင်ပုံကတော့~

*ယောကျာ်းများတန်မဲ့ ချိတ်ထမီများလည်း ဝတ်ခဲ့ကြပါသည်။(သိုသော် ထမီဝတ်ကပဲ ဦးဆောင် ပြည်သူ့ မေတ္တာ ခံယူခဲ့ပါသည်)

*ဂျွမ်း(ကျွမ်း) စိုက်အောင် ကျွန်းလည်း စိုက်ခဲ့ုကြပါသည်။(မည်သူ ဂျွမ်းစိုက် သွားပါသနည်း)

*အာဏာ တည်စေ ၊ ပလ္လင်မြဲစေ ဘုရားဘွဲ့တော်တွေ အမိန့်ဆန်ဆန် ထုတ်ပြန်ပေမယ့်(ခုလောလောဆယ်မှာတော့???

**လောလောဆယ် ကွန်ယက် စာမျက်နှာ ဓါတ်ပုံများအရ KNU KIA နယ်မြေထဲမှာ တိုက်ပွဲကျ တပ်တော်သားတွေထံမှာ တွေ့ရတာက**ကျည်ကွင်းဂါထာ**ဆိုပြီး ပလတ်စတစ်လောင်းပြီး ကိုယ်နှင့်မကွာ ဆောင်ထားငြားသော်လည်း ဆောင်သူမှာ ဇီဝိန် ကြွေနေပါပြီ။

~ယောင်နောက် ဆံထုံးပါသော်လည်း ပါသည့်ဆံထုံးတော်ရဲ့ ဉာဏ်အရည်အသွေးက **တမာသီး**မျှသာ။ တူရာ သို့ တန်ရာ ရောက်တတ်သည်မှာ နိယမပါ။

အနီးကပ်ဆုံး စွမ်းဆောင်ရည် မဲ့ မှုကတော့

ခု ရန်ကုန်ဆေးရုံကြီးမှာ အောက်ခြေ ဝန်ထမ်းကအစ **လဖက်ရည်ဖိုး**ဆိုတာပြန်စလာပါပြီ။ မစ…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page