top of page
Search

အမေရိကန် အကူအညီဘယ်ရောက်နေလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 18, 2024
  • 2 min read

အမေရိကန် အကူအညီဘယ်ရောက်နေလဲ?

အမေရိကန်အကူအညီဆိုရင် ဘောမနဲ့ တတိယအုပ်စု ခွေးတွေက စပြီး NUG ပိုက်ဆံဘယ်ရောက်လဲဆိုပြီး ခွေးလိုဟောင်ပြီး မေးဖို့စောင့်နေမယ်ဆိုတာ သိပါတယ်။ တတိယအုပ်စုက အင်္ဂလိပ်လို “Woke” အတွေးအခေါ် ရှိသူများမိုလို့ မြန်မာလိုပြန်လိုက်ရင် ဝုတ်ဝုတ်ဆိုပြီး ခွေးသံထွက်ပါတယ်။ အမေရိကန် အကူအညီမရရင်လဲ ဒါက NUG ကြောင့်ဆိုပြီး ဆဲဖို့ စောင့်နေပါတယ်။

ပထမဆုံး အမေရိကန်အကူအညီဥပဒေဖြစ်လာတာက DASSK ကို အမြဲထောက်ခံသူ ရီပတ်ပလေကန် အထက်လွတ်တော်အမတ် မက်ကော်နယ်က စပြီးအဆိုတင်လို့ပါ။ အခြားဖိအားပေးတယ့် အုပ်စုတွေကြောင့်မဟုတ်ပါ။ အခြားအမတ်တွေက နောက်ပိုင်းမှ ဥပဒေကို ဝင်ဖြည့်ကြတာပါ။ မိမိအုပ်စုတွေအတွက် ဥပဒေကို ဝင်ဖြည့်ကြတာပါ။

အားလုံးကိုရှင်းအောင်ပြောရရင် အမေရိကန်၊ ဥရောပနဲ့ အင်္ဂလိပ်က NUG အတွက် တစ်ပြားမှ တိုက်ရိုက်မထောက်ပံ့ပါ။ အမေရိကန်က သူ့အကူအညီကို USAIDS ကနေ အဓိက ထောက်ပံ့ပါတယ်။ USAIDS က သူနဲ့ ဆက်သွယ်ထားတဲ့ ကုလအဖွဲ့တွေ ဥပမာ WFP တို့ အခြားကုလအဖွဲ့တွေ၊ NGO အဖွဲ့တွေ၊ သတင်းဌာနတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေကို ထောက်ပံ့ပါတယ်။ ထိုအဖွဲ့တွေထဲက အများစုက AA ကို ရိုဟင်ဂျာကိစ္စ စာထုတ်တဲ့အထဲမှာပါသလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် ဘန်ကောက်လာချိန် တွေ့ခဲ့ရသူများစာရင်းမှာလဲ ပါပါတယ်။

အထောက်အထားကိုပြန်ကြည့်ရင် မြန်မာပြည်ထဲမှာ စစ်ရှောင်နေရသူတွေ သန်းချီရှိနေပါတယ်။ ဒါပေမယ့် အမေရိကန်၊ ဥရောပနှင့် အင်္ဂလိပ်ရဲ့ အကူအညီ အများစုဟာ ရခိုင်မြောက်ရယ် ဘင်္ဂလားဒေ့ရှ်ရယ်ကို သွားပါတယ်။ မြန်မာနိုင်ငံအထဲက အညာဒေသကို အမေရိကန်ရဲ့ အကူအညီက သုံညပါ။ အမေရိကန် အကူအညီက ကရင်နဲ့ ကရင်နီနယ်စပ်ကို သွားနိုင်တာ ရှိနိုင်ပါတယ်။ အချိုးအားဖြင့် ၁း၁၀၀ ပါ။ ရခိုင်မြောက်ကို ဒေါ်လာ ၁၀၀ ပေးရင် ကရင်နယ်စပ် ၁ ဒေါ်လာပေါ့။ အညာဒေသက သုညပါ။ ဒါပေမယ့် သတင်းဌာနအများစုက အမေရိကန်က တိုက်ရိုက် (သို့) သွယ်ဝှိက်အကူအညီရလို့ ဒီကိစ္စကို သတင်းထောက်လှမ်းရေးပညာ(investigative journalism) နဲ့ မရေးဘဲ နှာစေးနေတာပါ။ ဒါပေမယ့် NUG တပ်တွေ၊ TNLA, MNDAA၊ KIA တပ်တွေ၊ AA တပ်တွေက အမေရိကန်နဲ့ အနောက်အုပ်စုမကြိုက်တာလုပ်ရင်တော့ လူမျိုးခွဲခြားတာ၊ စိုးရိမ်တာဆိုတဲ့သတင်းတွေနဲ့ အနှိပ်အကွပ်ခံရပါတယ်။ ဥပမာက AA ကို ရိုကိစ္စမှာ သတင်းသမားတွေနဲ့ NGO တွေက ဝိုင်းစာထုတ်ပြီး သမကြတာကို အားလုံးသတိထားမိကြမှာပါ။

ရခိုင်မှာ နယ်စီးမခြားဆရာဝန်များအဖွဲ့ ပိတ်လိုက်လို့ ဆေးစျေးတက်တာ သတင်းလွှင့်ချိန်မှာ နယ်စီးမခြားကြောင့် အကျိုးများသူက ဗမာ၊ ရခိုင်၊ ချင်း၊ ကချင်၊ ရှမ်းတိုင်းရင်းသားတွေမဟုတ်တာ သွားတွေ့ရပြန်ပါတယ်။ ဒါကြောင့် MSF ပိတ်ပြီး ထွက်သွားလဲ အညာကပြည်သူတွေက လက်ခလယ်ထောင်ပြရုံကလွဲပြီး ဘာမှမဖြစ်သွားပါ။ ကချင်နဲ့ ချင်းမှာလဲ ဆေးတွေစျေးတက်တာ VOA, BBC တို့ မသိလို့ပါလား?

ဒီနေရာမှာ အမေစုပြောသလို အမေရိကန်၊ အင်္ဂလိပ်နဲ့  ပြဿနာဖြစ်တာက စာရေးသူတို့အတွက် အကျိုးမရှိပါ။ ဒါပေမယ့် ပြည်သူတွေအနေနဲ့ အမေရိကန်က သူ့မူဝါဒအရ NUG ကို တစ်ပြားမှ တိုက်ရိုက်မထောက်ပံ့တာကို ပွင့်ပွင့်လင်းလင်း သိထားသင့်ပြီး မီဒီယာတွေကလဲ မှန်ကန်တဲ့ အမှီအခိုကင်းတဲ့ မီဒီယာဆိုရင် အမေရိကန်က NUG ကို ဘယ်လောက်ထောက်ပံ့တယ်၊ ပြည်တွင်းက အညာဒေသကပြည်သူကို ဘယ်လောက်ထောက်ပံ့တယ်၊ ရိုဟင်ဂျာကို ဘယ်လောက်ထောက်ပံ့တယ်ဆိုတာ investigative journalism သုံးပြီး ထောက်ပြသင့်ပါတယ်။

အဲဒီလိုမဟုတ်ဘဲ NUG က မတောင်းတတ်လို့ မရသလိုမျိုး အင်တာဗျူးနေ၊ သတင်းတင်ပြနေရင်တော့ အဆင်မပြေပါ။ အမေရိကန်က ပေးချင်ရင် တပ်မရှိတဲ့ ဗင်နီဇွဲလားက စင်ပြိုင်အစိုးရကိုလဲ ထရမ့်လက်ထက် အသိအမှတ်ပြုခဲ့ပါတယ်။ ဆီးရီးယားက အာဆတ်ကိုပြန်တိုက်တဲ့တပ်တွေကို အကြမ်းဖက်သမားအချို့ပါနေလဲ ထောက်ပံ့ခဲ့ပါတယ်။ အမေရိကန်က NUG ကို ရုံးဖွင့်တာ၊ ဝန်ကြီးဖိတ်တာအတွက် လေယာဉ်လက်မှတ်လောက်ဘာညာပေးနိုင်ပေမယ့် ပြည်သူတွေမျှော်လင့်သလို ဘာလက်နက်မှ မပေးတဲ့အပြင် အညာစစ်ရှောင်၊ ချင်း၊ ကချင်၊ ရှမ်းစစ်ရှောင်ကို ဘာတစ်ပြားမှ မထောက်ပံ့တာက သေချာပါတယ်။

ယခင်က ပြည်တွင်းကို မထောက်ပံ့တာဟာ NUG နဲ့ ERO တွေက မထိန်းချုပ်နိုင်လို့ဆိုပြီး အမေရိကန်နဲ့ အနောက်အုပ်စုက အကြောင်းပြခဲ့ပါတယ်။ ယခု AA က သံတွဲလေဆိပ်ကို ထိန်းချုပ်လို့ အမေရိကန်နဲ့ကုလ ဘာလုပ်မလဲ စောင့်ကြည့်ရမှာပါ။

ယခုလို အမုန်းခံရေးရတာက အမှန်တရားကို ပြည်သူတွေသိအောင်ပါ။ သတင်းမီဒီယာတွေ ဘက်လိုက်လားဆိုရင် အမေရိကန်က CNN, MSNBC, ABC က လက်ဝဲဘက်လိုက်ပြီး Fox News က လက်ယာဘက်လိုက်ပါတယ်။ သူတို့က ပေါ်တင်ပြောပြီးဘက်လိုက်ကြတာပါ။ ဩဇီက Sky News က လက်ယာဘက်လိုက်ပါတယ်။ သူက သတင်းမှားကို မပြောရင်တောင် ထမင်းရှင်ကို အထင်မြင်လွဲစေတဲ့သတင်းကိုတော့ သတင်းထောက်ပညာနဲ့ မလိုက်တာတွေ့နေရပါတယ်။ ဒါက ဝမ်းနည်းစရာပါ။

ဒီနေရာမှာ ပြည်သူအနေနဲ့ မကူညီလို့ အားငယ်စရာမရှိပါ။ အမေရိကန်အားကိုးတဲ့ တတိယအုပ်စု အားကျခဲ့တဲ့ ယူကရိန်းဟာ ထရမ့်တက်လာရင် အကူအညီမရရင် စစ်ရှုံးနိုင်လို့ မြွေဖမ်းနေပါတယ်။ စာရေးသူတို့က ထရမ့်တက်လဲ အေးဆေးပါ။ ပိုဆိုးသွားစရာမရှိပါ။

ဒီနေရာမှာ အားလုံးက အခြားနိုင်ငံကိုဖြစ်ဖြစ် ပြည်တွင်းက တိုင်းရင်းသားအဖွဲ့ကိုဖြစ်ဖြစ် အလွန်အကျွံအားကိုးတာကို လျှော့ရပါမယ်။ တိုက်သလို မတိုက်သလိုလုပ်နေတဲ့ မမဆောင်းအဖွဲ့တွေကို ရှောင်ရပါမယ်။ လက်နက်ထောက်ပံ့သူနဲ့ အဆင်ပြေအောင်နေပြီး လက်တွေ့ကျကျ မိမိနယ်မြေကို ရနိုင်သလောက်ချဲ့ပြီး မအလကို ဆက်တိုက်သွားရုံမှလွဲ၍ အခြားလမ်းမရှိပါ။

ယခုအချိန်မှာ ယူကရိန်းနဲ့ စာရေးသူတို့တော်လှန်ရေး ဘယ်သူကနိုင်ဖို့များလဲဆိုရင် စာရေးသူတို့တော်လှန်ရေးကလို့ စာရေးသူထပ်ဖြေခဲ့ရင် သင်တို့ငြင်းဖို့ခက်လာမှာ သေချာပါတယ်။ ဒါကြောင့် စစ်ပွဲအနိုင်အရှုံးဟာ အမေရိကန် အကူအညီမဟုတ်ဘဲ ပြည်သူသာ အဓိကပါလို့ ထပ်ပြောပါရစေ။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page