top of page
Search

အဘမိုးမြင့်ထွန်းကို ဖြုတ်ရဲလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 16, 2023
  • 1 min read

မအလဟာ အာဏာသိမ်းတာကို စီစဉ်ရာမှာ အတွင်းလူတွေနဲ့စခဲ့ပြီး ဇတ်လမ်းဆင်ခဲ့တာပါ။ ဇတ်ရှိန်မြင့်လာမှသာတပ်ထဲက အကြီးပိုင်းတွေက ပါလာပြီး မအလဇတ်ထဲ ဝင်ကကြတာပါ။

ဥပမာ ဦးကိုနီကိုသတ်တာက မအလမိန်းမကတဆင့် သူ့ PSO အပြုတ်က လုပ်သွားတာပါ။ ဒါကလျှို့ဝှက်ကိစ္စမျိုးဖြစ်ပြီး အမှုမှန်မပေါ်အောင် အောင်စိုးနဲ့ မျိုးဇော်သိန်းက ဖုံးပေးသွားရတာပါ။ အာဏာမသိမ်းခင်က မအလငယ်မွေးခြံပေါက်တွေကိုကြည့်ရင် မိုးမြင့်ထွန်း၊ ကျော်စွာလင်း၊ ထွန်းအောင်၊ မောင်မောင်အေး၊ စိုးထွဋ်၊ ရဲဝင်းဦး၊ညိုစော၊ မိုးအောင်၊ သတ်ပုံ၊ ကိုကိုဦးတို့က အတွင်းလူတွေပါ။ ကျန်လူတွေက ပေါ်လစီအရ၊ အမိန့်အရ လိုက်သူများပါ။

မိုးမြင့်ထွန်းက အစကထဲက ဘာမှမတတ်သူပါ။ တော်တာက ခိုင်းတာလုပ်ပေးတတ်တာပါ။ သူ့မှာဘယ်စစ်ပွဲကိုဘယ်လိုတိုက်ခဲ့တယ်ဆိုတဲ့ သမိုင်းမရှိပါ။ မောင်အေးရဲ့ ကိုယ်ရေးအရာရှိလုပ်ခဲ့တာဟာ အခိုင်းအစေအဆင့်သာပါ။သူက မောင်အေးခိုးတာကို သင်ယူခဲ့တာသာ ထူးခြားမှာပါ။ မိုးမြင့်ထွန်းက အာဏာဦးဆောင်သိမ်းရာမှာ ပါသူဆိုတော့ အဘရဲ့ကျေးဇူးရှင်ပါ။ ဒါကြောင့် မအလကလဲ မိုးမြင့်ထွန်းကို စီးပွါးရေးဆိုင်ရာ ဂွင်ကြီးကိုပေးထားတာပါ။NLD လက်ထက်က ဘယ်မီဒီယာက ဘာရေးရေး တပ်ထဲမှာကတော့ စီးပွါးရေးအတော့်ကို အဆင်ပြေခဲ့ပါတယ်။ ဒါကြောင့် အာဏာသိမ်းပြီးရင်လဲ အသေခိုးဖို့ပြင်ထားခဲ့ကြတာပါ။ အချို့ စီးပွါးရေးပိတ်တာကို တွက်ထားခဲ့ပေမယ့်NUG က ယခင်အတိုက်အခံတွေထက် စီးပွါးရေးပိတ်ဆို့အောင် အတော်မြန်မြန်လုပ်နိုင်ခဲ့လို့ မအလအထိနာခဲ့ပါတယ်။ ဒါပေမယ့် အထိပိုနာတာက အမေရိကန်ပိတ်ဆို့မှုကြောင့်မဟုတ်ဘဲ မအလရဲ့ မူဝါဒအမှားတွေကြောင့်ပါ။တပ်သဘောအရ မူဝါဒကို ဆွေးနွေးမှုမရှိဘဲ ပါးစပ်ကပြောတာကို လမ်းညွှန်မှုအဖြစ်ခံယူပြီး ဒေါ်လာထိန်းတာ၊သွင်းကုန်ပိတ်တာတွေ လျှပ်စစ်ကားတင်တာတွေ ပေါက်ကရလုပ်ချိန်မှာ စီးပွါးရေးက အဝီစိကို ဆင်းသွားခဲ့တာပါ။နောက်သူကငွေဖောင်းပွအောင်လုပ်ချိန်မှာ NUG က ဒေါ်လာနဲ့ ဘဏ်ထထောင်လို့ ပိုက်ဆံရှိသူ လူလတ်တန်းစားကNUG ကို ပိုထောက်ပံ့သလိုဖြစ်သွားခဲ့သလို ပြည်တွင်းကို ဒေါ်လာပြန်ဝင်ဖို့ကလဲ မဖြစ်နိုင်သလောက်ဖြစ်သွားခဲ့ပါတယ်။ NUG ရဲ့ ဘဏ်ထောင်တဲ့ကိစ္စက တပ်ထဲကခိုးထားသူတွေကိုယ်တိုင် NUG ဘဏ်မှာထားဖို့ စဉ်းစားလာတဲ့အထိ ပေါက်ခဲ့ပါတယ်။ မိုးမြင့်ထွန်း ဘာမူဝါဒမှမချဘဲ NLD အတိုင်းမျှောလုပ်ရင်တောင် အတော်တိုးတက်မှာဖြစ်ပေမယ့် ပေါက်ကရလုပ်ရာမှာ ပိုဆိုးသွားခဲ့ပါတယ်။

မိုးမြင့်ထွန်းဟာ အာဏာမသိမ်းခင်ကထဲက မိန်းမရှုတ်တာ မအလသိပါတယ်။ ဒါပေမယ့် ဘာမှမဖမ်းခဲ့ပါ။နောက်ပိုင်းအာဏာသိမ်းအပြီးမှာ အဖမ်းခံရတဲ့ မင်းသမီးတွေကို ခေါ်အိပ်တဲ့အထိ သောင်းကျန်းခဲ့ပါတယ်။ မအလဘာမှမလုပ်ခဲ့ပါ။ တပ်ထဲမှာ လာဘ်စားတာက ပုံမှန်ဖြစ်ပြီး မိန်းမကိစ္စနဲ့သာ လေချုပ်လို အပြုတ်များတာပါ။ ဒါပေမယ့် မိုးမြင့်ထွန်းက လွတ်နေခဲ့ပါတယ်။ မိုးမြင့်ထွန်းက အဘစားတဲ့ စစ်ဆေးကစော်လေးတွေလဲကျွေးတတ် နာရီကောင်းကောင်း LV ကောင်းကောင်းလေးတွေလဲ ပေးတတ်လို့ အဘက ချစ်ပါတယ်။

စီမံချက်အစက စရဖနဲ့ စစစ ပေါင်းစစ်ချိန်မှာ မိုးမြင့်ထွန်းနဲ့ အဘထံမှာ အဆုံးသတ်မယ်လို့ မထင်ခဲ့ပါ။ ကုန်သည်ကတဆင့် မီးခိုးကြွက်လျှောက်လိုက်တာက မိုးမြင့်ထွန်းကနေ အဘထံမှာ သွားဆုံးနေပါတယ်။ နောက်ဆုံးတော့စျေးတက်အောင်လုပ်သူက အဘနဲ့ မိုးမြင့်ထွန်းဖြစ်နေတာပါ။ ရာပြည့်အောက်က စစစ ဖြစ်နေလို့ နှစ်ဖွဲ့ကလိမ်မရအောင် စစ်တာပါ။ နောက်အချက်က မိုးမြင့်ထွန်းက အနာဂတ်တပ်ချုပ်ဆိုပြီး အာချောင်ချိန် စစ်ပွဲတွေမှာ အသေများလို့ မအလလူတွေကလဲ မအလကို ဖြုတ်ချင်နေ မိုးမြင့်ထွန်းကို တွန်းတင်နေတာလဲ ပါမှာပါ။ ယခုကတော့ မအလဟာ သူ့ရဲ့ ဘက်ပေါင်းစုံက မအောင်မြင်မှုအတွက် ထိုးကျွေးဖို့ လူရှာပြီး မိုးမြင့်ထွန်းကို ပညာပေးဖို့ ကြိုးစားပုံရပါတယ်။ စစ်ဆေးတာက ပြီးသွားတာအမှန်ဖြစ်ပြီး အဘက မိုးမြင့်ထွန်းကို ဖမ်းမှာလား အရန်အင်အားလား ဒါမှမဟုတ် တံတွေးကိုမျိုချ ကောလဟာလဆိုပြီး မိုးမြင့်ထွန်းပြန်ပေါ်လာမှလားကတော့ အဘကသာ ဆုံးဖြတ်မှာပါ။သေချာတာက မိုးမြင့်ထွန်းပြုတ်လဲ မအလမပြုတ်ရင် စီးပွါးရေးက ကောင်းလာစရာ မရှိပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

2 Comments


Maung Chit Khaing
Maung Chit Khaing
Sep 19, 2023

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အဂတိလိုက်စားမှုများနှင့် စွမ်းဆောင်ရည် ကင်းမဲ့မှုများအတွက် ယခင်ခေါင်းဆောင်များကိုသာ အပြစ်တင်ရမည် ဖြစ်သည်။

Like

Angelina Thane
Angelina Thane
Sep 16, 2023

မှောင်ခိုတခေတ်တော့ပြန်ဆန်းသစ်လါပါတယ်ဆရာ ။

အဘ ကတော့ သူ့စကားအတိုင်းလုပ်တတ်သလို

တံတွေးလဲပြန်မျိုချတတ်ပါတယ် ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page