top of page
Search

အဘမရှိရင် ဖြစ်တယ်ဆိုတဲ့ဆေး (သို့) NLD နှင့်ဖယ်ဒရယ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 6, 2020
  • 2 min read

မြန်မာပြည်ရဲ့ခြေဥက ၁၀၀% ဒီမိုမဟုတ်တာ အားလုံးသိပြီးသားပါ။ ဒါပေမယ့် ပြည်မက ဗမာပါတီအချို့နဲ့ အဘတ တိုင်းရင်းသားအမည်ခံ ပါတီအချို့က အဆိုပါခြေဥအောက်မှာ သူတို့ကို အခွင့်အရေးတွေ ပေးနိုင်သရောင် ရေးသားပြောဆိုလေ့ရှိပါတယ်။ သူတို့က NLD အောက်မှာ တိုင်းရင်းသားအခွင့်အရေးမရဘူး ဒါပေမယ့် လက်ရှိ ၂၀၀၈ ခြေဥအောက်မှာ သူတို့ပါတီတွေကိုရွေးရင် တိုင်းရင်းသားအခွင့်အရေး အပြည့်ရတော့မရောင် ပြောကြ ရေးကြတာပါ။

ပထမဆုံး NLD အစိုးရအောက်မှာ တိုင်းပြည်တိုးတက်လာလား? ကချင်ကနေ တနင်္သာရီ၊ စစ်တွေမှရှမ်းပြည်အထိ လမ်းတွေ၊ တံတားတွေ၊ လျှပ်စစ်မီး ရရှိမှုတွေကို ကြည့်လိုက်ရင် တိုးတက်လာတာ တွေ့ရပါမယ်။ ၁၉၆၂ ကနေ ၂၀၁၆ အထိ စစ်အာဏာရှင် မလုပ်နိုင်ခဲ့တာကို NLD ရဲ့ ငါးနှစ်သက်တမ်းမှာလုပ်နိုင်ခဲ့ပါတယ်။ ချင်း၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တွေဟာ တိုးတက်မှုမြန်ခဲ့ပါတယ်။ ကချင်နဲ့ရှမ်းဟာလဲ အဘတွေလက်ထက်နဲ့စာရင် အများကြီး ကွာသွားပါပြီ။ တိုင်းရင်းသားအခွင့်အရေးမှာလဲလက်ရှိခြေဥထဲကနေ ပေးနိုင်သလောက် ပေးထားပါတယ်။ ဒီထက်ပိုတဲ့ ဖယ်ဒရယ်စစ်စစ်ကို NLD ကပေးလို့ရအောင် ခြေဥပြင်ဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ၂၅% အပါအဝင် ဖွတ်နဲ့ ဖွတ်တအမတ်အချို့ကကန့်ကွက်လို့ မအောင်မြင်ခဲ့ပါ။ ဒါဆို တိုးတက်ပြီလား? အဘလက်ထက်နဲ့ နှိုင်းစာရင်တော့ ပြည်နယ်တွေမှာ အများကြီးတိုးတက်လာပါတယ်။ ဒါပေမယ့် တိုးတက်သင့်သလောက် မတိုးတက်သေးပါ။ ဘာကြောင့်လဲဆိုတော့ လက်ရှိခြေဥကြီးက တိုင်းပြည်တစ်ခုလုံးကို နောက်ပြန်စွဲထားလို့ပါ။

မြန်မာပြည်မှာ ရင်းနှီးမြုပ်နှံမှုတွေမလာနိုင်အောင် ခြေဥအရ ၂၅% ရှိတဲ့ညွှန်ချုပ်က လုပ်ထားပါတယ်။အစိုးရဟာ ဥပဒေအရ စည်းကမ်းမဲ့ပြီး အရည်အချင်းမရှိဖြစ်နေတဲ့ ညွှန်ချုပ်ကို အရေးယူလို့မရလို့ကမ္ဘာက အချိန်မရွေးစီးပွါးရေးပိတ်တာ ခံရနိုင်ပါတယ်။ ဒါဟာ ရင်းနှီးမြုပ်နှံသူတွေရဲ့ ယုံကြည်မှုinvestor confidence ကျအောင် ခြေဥထဲကနေ လုပ်ထားတာပါ။ ပုံမှန်မှာဆို ကမ္ဘာကဒီလောက်ပြောရင်ညွှန်ချုပ်တစ်ယောက်ကို ရာထူးချပြီး ရုံးတင်စစ်လိုက်ရုံပါ။


နောက်လူမျိုးရေးပါ။ ကမ္ဘာပေါ်မှာ လူဖြူ လူမဲ ပြဿနာရှိခဲ့ပါတယ်။ လူဖြူတွေက သူတို့ဟာ လူမဲတွေထက်သာတယ်ဆိုတဲ့ အယူဝါဒကနေ စခဲ့ပြီး နောက်ပိုင်းမှာ လူမဲတွေကို ခွဲခြားဆက်ဆံတာ မဲပေးခွင့်မပေးတာတွေ လုပ်ခဲ့ပါတယ်။ ၁၇၇၆ ဇူလိုင် ၄ မှာ အမေရိကန်က လွတ်လပ်ရေးရခဲ့ပါတယ်။ အမေရိကန်မှာ လူမဲတွေ မဲပေးခွင့်ရခဲ့တာက ၁၈၇၀ မှပါ။ ၁၈၈၇ မှာ အမေရိကန်က ဌာနေတိုင်းရင်းသားတွေကမဲပေးခွင့်ရခဲ့ပါတယ်။ သူတို့နေတဲ့ နိုင်ငံနော်။ ၁၉၂၀ မှာ အမျိုးသမီးတွေက အမေရိကန်မှာ မဲပေးခွင့်ရခဲ့တာပါ။ အမေရိကန်ရောက် တရုတ်လူမျိုးတွေကို နိုင်ငံသားပေးပြီး မဲပေးခွင့်ပေးခဲ့တာက ၁၉၄၃ မှာပါ။ သူတို့တိုင်းပြည်ရဲ့ ရာဇဝင်မှာက အဖြူတွေက သူတို့ဟာ လူမဲတွေအခြား တိုင်းရင်းသားတွေထက်သာတယ် မြတ်တယ်လို့ထင်ခဲ့ရုံမက သူတို့မဲပေးခွင့်ကိုပါ ကန့်သတ်ခဲ့တာပါ။ အမေရိကန် ကံကောင်းသွားတာက အဲ့ဒီအချိန်မှာ BBC, VOA, RFA, Facebook, YouTube,CNN, RT မပေါ်ခဲ့သလို သူ့ရဲ့ခြေဥမှာ ၂၅% တပ်အမတ်မထည့်ခဲ့တာနဲ့ စစ်သေနာပတိချုပ်က သမ္မတသာဖြစ်ခဲ့တာပါ။


ဒီနေရာမှာ စာရေးသူတို့ တိုင်းပြည်ကတော့ လွတ်လပ်ရေးရအပြီး အမေရိကန်လိုမျိုး နှိပ်ကွပ်ခဲ့တာမရှိပါ။ ဒါပေမယ့် ၁၉၆၂ အာဏာသိမ်းအပြီးမှာ တရုတ်လူမျိုးမုန်းတီးရေး စခဲ့သလို နောက်ပိုင်းမှာ အိန္ဒိယလူမျိုးမုန်းတီးရေး စလုပ်ခဲ့ပါတယ်။ တပ်ထဲကို တိုင်းရင်းသားတွေဝင်တာ လက်ခံပေမယ့် ရာထူးတက်ရာမှာ ပါမလာတာလဲ တွေ့ခဲ့ရပါတယ်။ ၁၉၆၂ မှစတဲ့ စီမံခန့်ခွဲမှု အမှားတွေကြောင့် တိုင်းပြည်ဆင်းရဲခဲ့ပြီး ပြည်နယ်ရော ပြည်မရော မတိုးတက်ခဲ့ပါ။ အဲ့ဒါရဲ့ ရလာဒ်က လူမျိုးရေး မုန်းတီးမှုကို ဦးတည်ခဲ့ပါတယ်။ စစချင်းမှာတော့ နိုင်ငံခြားသား မုန်းတီးရေးနဲ့ နေဝင်းက မှိုင်းတိုက်ခဲ့ပေမယ့် ချစ်တီးတွေပြန်သွားချိန်မှာ တိုင်းရင်းသားက ဗမာမုန်းတီးရေး စလုပ်ပါတယ်။ ဒါကလဲ ဗမာက သူတို့နေရာကိုယူထားတယ် ပင်လုံစာချုပ်ကို မလေးစားဘူး ဘာညာဆိုပြီးစတာပါ။ တကယ်က နေဝင်းဟာ ဗမာကိုလဲမလေးစားဘဲ ပြည်သူတင်တဲ့ ဦးနုကို ဖမ်းခဲ့တာပါ။ ဒါကြောင့် နေဝင်းဟာ အားလုံးကို ဂရုမစိုက်ဘဲခွဲခြားဆက်ဆံခဲ့တာပါ။ ဒါတင်လားဆိုတော့ မဟုတ်ပါ။ ပညာရေးမှာလဲ အမျိုးသားရေးလိုနဲ့လူမျိုးရေးမုန်းတီးမှုတွေကို သင်ခဲ့ပါတယ်။

ဆင်းရဲမွဲတေမှုနဲ့ ပညာရေး နိမ့်ကျမှု၊ နေဝင်းရဲ့ သွေးထိုးမှုတွေကြောင့် လူမျိုးရေးခွဲခြားမှုတွေRacism ဟာ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ဒါကြောင့်သူတို့ဟာ လူမျိုးရေးခွဲခြားမှုကို ပြောပြီး မဲဆွယ်ရပါတယ်။ အဘတို့ဟာလဲ လူမျိုးရေးရှိမှ အဆင်ပြေသလို သူပုန်ဟာလဲ ယခုလိုအမုန်းတရားရှိမှ အဆင်ပြေပါမယ်။


NLD သာနိုင်ပြီး ဖယ်ဒရယ်သာရခဲ့ရင် အဘဟာလဲ အဆင်မပြေသလို သူပုန်များဟာလဲ အဆင်မပြေနိုင်ပါ။ ဒါပေမယ့် ပြည်မက ဒီမိုလိုချင်သူများ၊ ဖယ်ဒရယ်လိုချင်တဲ့ တိုင်းရင်းသားများကတော့အဆင်ပြေသွားပါမယ်။ ယခုလက်ရှိခြေဥမှာက အဘကအဆင်ပြေသလို တိုင်းရင်းသားဒေသကလူမျိုးစွဲမှိုင်းတိုက်သူများက ပိုအဆင်ပြေပါတယ်။


ဒါကြောင့်မိုလို့ ပြည်သူများကိုပြောချင်တာက အဘမရှိရင် ဖြစ်တယ်ဆိုတဲ့ဆေးဟာ NLD သာဖြစ်ပြီးအဆိုပါ ပါတီကို မဲပေးခြင်းဖြင့် ဖယ်ဒရယ်ရကာ တိုင်းရင်းသားအပေါင်း မတူကွဲပြားပေမယ့်အတူတကွနေထိုင်ပြီး unity in diversity နဲ့ ရေရှည်ငြိမ်းချမ်းတဲ့ နိုင်ငံကို ထူထောင်နိုင်မှာပါ။ တိုင်းပြည်တစ်ခုကို လူမျိုးရေး အမုန်းတရားတွေ racism နဲ့ ထူထောင်ရင် စစ်မီးသာ တောက်လောက်သွားပါမယ်။ပြည်ထောင်စုမှာ လူမျိုးရေးမုန်းတီးသူ Racist တွေအတွက် နေရာမရှိပါ။ အဘမရှိရင် ဖြစ်တယ်ဆိုတဲ့ဆေးဟာ ဖယ်ဒရယ်ကိုလုပ်ဆောင်မယ့် NLD ပါလိူ့ ပြောပါရစေ။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Sep 06, 2020

U Myat. !


Most of Myanmar


Nations

Like& love

Democracy: gives freedom of

our vision.


So called. NLD

So POPULARITY

So FAVOURITE

So. FAMOUS. !!!!!

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page