top of page
Search

အဘပုရဲ့ ရွေးကောက်ပွဲအကွက်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 18, 2019
  • 1 min read

Updated: Nov 19, 2019


အဘပုရဲ့ ရွေးကောက်ပွဲအကွက်

အားလုံးသိတဲ့အတိုင်း အဘက ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ NLD ကလွဲလို့ အောင်ခန့်မှသည် မော်ဒယ်အထိ လူသိများအောင် နိုင်အောင်လို့ သူ့မီဒီယာများ အကောင့်တုများနဲ့ ပံ့ပိုးပေးခဲ့တယ်လို့ စာရေးသူပြောခဲ့ပါတယ်။ ယုံသူရှိပါမယ်။ မယုံသူရှိပါမယ်။ ဒီနေရာမှာ သူ့နည်းဗျူဟာက အောင်ခန့်ကတော့သူ့ကြံ့ဖွတ်မဟုတ်ပါ။ ဒါပေမယ့် မြန်မာလူမျိုးထုံးစံအရ ပါတီကမရွေးရင် မိမိဖာသာ ဝင်အရွေးခံတာမျိုးပေါ့။ ဒါကို မီဒီယာတွေ၊ သူ့အကောင့်တုတွေကနေတင်ပေးတဲ့ဗျူဟာပါ။ သူ့ဗျူဟာက NLD ကလွဲရင် ကျန်သူအကုန်တင်မယ်ဆိုပြီးလုပ်တာပါ။ ဒါပေမယ့် မဲပေးသူနည်းတာတောင် NLD က နိုင်ခဲ့ပါတယ်။

မနေ့က တပ်ချုပ်ရဲ့ ဂျပန်သတင်းစာနဲ့ အင်တာဗျူးက သူ့ရဲ့ ၂၀၂၀ အတွက်နည်းဗျူဟာနဲ့ သူ့ရဲ့ ရန်ကုန်စည်ပင်ကို စိတ်ဝင်စားခဲ့ပုံကိုထုတ်ဖော်ပြောသွားပါတယ်။ သူက ၂၀၁၀ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူရဲ့ ၇၇% ကမဲပေးကြောင်း (ယုံ မယုံကတော့ စာဖတ်သူများဆုံးဖြတ်ပါ)၊ ၂၀၁၅ မှာ ၆၉% ဖြစ်လို့ကျလာကြောင်း ၂၀၁၈ ကြားဖြတ်မှာ မဲပေးသူဟာ ၅၀% အောက် ကျလာကြောင်း ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ ၁၅% သာရှိကြောင်း ဒါကြောင့် ရွေးကောက်ပွဲကို လူတွေက ယုံကြည်မှုကျဆင်းလာတယ်ဆိုပြီး သူကပြောသွားပါတယ်။ ဒါ့အပြင် စည်ပင်လို ၁၅% ကရွေးထားလို့ ထိုကိုယ်စားလှယ်တွေက ပြည်သူကို ကိုယ်စားပြုလားဆိုပြီးလဲ တပ်ချုပ်က မေးခွန်းထုတ်သွားခဲ့ပါတယ်။ နောက်သူက ပါတီနှစ်ခုထဲမဟုတ်ဘဲ ပါတီပ်ေါင်းတစ်ရာကျော်ရှိပြီး အချို့က အားကောင်းတဲ့ပါတီတွေလို့ သူက ကြော်ငြာဝင်သွားခဲ့ပါတယ်။

ပြည်သူတွေအနေနဲ့ ဘာကိုသတိထားသင့်လဲ။ ပုံမှန်မှာဆို တပ်ချုပ်ဟာ ညွှန်ချုပ်အဆင့် နိုင်ငံ့ဝန်ထမ်းပါ။ ဒီကိစ္စက သူဝင်ပါစရာမလိုပါ။ သူရဲ့ သမ္မတအိမ်မက်ကြောင့် မပြောသင့် မပြောထိုက်တာတွေကိုပြောတာပါ။ ၂၀၂၀ မှာ ပြည်သူတွေအနေနဲ့ အင်နဲ့အားနဲ့ မဲထွက်ပေးဖို့လိုပါတယ်။ သူက မဲလာပေးသူနည်းရင် ရွေးကောက်ခံရသူကဘဲ ပြည်သူကို ကိုယ်စားမပြုသရောင် ပြောသွားလို့ ဒါကအရေးကြီးပါတယ်။ သူလဲ သူတို့မဲရှုံးနိုင်တယ်ဆိုတာသိပုံပါ။ ဒါကြောင့်သူက မဲလာပေးသူနည်းရင် ရွေးကောက်ခံကိုယ်စားလှယ်ရဲ့ တရားဝင်မှု (legitimacy) ကို တိုက်ဖို့ပြင်ထားတာပါ။ နောက်သူက အခြားပါတီတွေကိုပြည်သူကမဲပေးပြီး သူ့တပ်မဲနဲ့ ညွှန့်ပေါင်းရမှာကို အိပ်မက် မက်နေပုံပါ။ ဒါကြောင့်ပြည်သူက သူ့အိပ်မက်ပျက်အောင် NLD ကို တစ်ခဲနက်မဲပေးဖို့ လိုပါတယ်။ သူတို့ရဲ့ ၂၀၂၀ အိပ်မက်တွေပျက်မှ ပြည်သူတွေ ငြိမ်းချမ်းမှာပါ။

မဟုတ်ရင်တော့

ပညာရေးမှာအောက်ဆုံး

ကျန်းမာရေးမှာနောက်ဆုံးနဲ့

စစ်ဖိနပ်အောက်မှာ ဘဝတွေ ပျောက်ဆုံးသွားရမှာပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Mr.Myo Min Hlaing
Mr.Myo Min Hlaing
Nov 19, 2019

အမှန်ပါဘဲခင်ဗျာ၊ ပြည်သူတွေအရွေးမမှား၊ထင်ရောင်ထင်မှားမဖြစ်ရအောင်အားလုံးတတ်နိုင်တဲ့ရှု့ဒေါင့်ပေါင်းစုံကပါဝင်ဆောင်ရွက်ဖို့လိုပါတယ်။ကိုယ့်ကြမ္မာကိုယ်တိုင်ဖန်တီးကြပါစို့။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page